မော်ကွန်း ဇွန်လထုတ် ထွက်လာပါပြီ (Mawkun June Edition Out Now!)

မော်ကွန်း ဇွန်လထုတ် ထွက်လာပါပြီ (Mawkun June Edition Out Now!)

အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည်များကို အတွင်းကျကျဖော်ထုတ်ထားပြီး တင်ပြပုံဆန်းသစ်တဲ့ မော်ကွန်းမဂ္ဂဇင်း ဇွန်လထုတ် ထွက်လာပါပြီ…။ 

Editorial – “…အစိုးရသည် ရခိုင်အရေးအား ပြီးပြတ်သွားအောင် ရှင်းလင်းလိုသည့် ဆန္ဒမရှိဘဲ နိုင်ငံရေးအမြတ်ထုတ်စရာ နေရာဒေသတစ်ခုအဖြစ် ဆက်လက်သဘောထားဆဲဖြစ်ကြောင်း ထောက်ပြဝေဖန်ကြသည်။ ရွေးကောက်ပွဲကာလများတွင် ဘင်္ဂါလီများအား မက်လုံးပေးကာ ၎င်းတို့ထံမှ ဆန္ဒမဲရယူခဲ့ဖူးသည့် အတိတ်က ဖြစ်ရပ်များကလည်း အထက်ပါသံသယကို အားကောင်းစေပါသည်…”

Cover Story – “ရခိုင်ပဋိပက္ခဖြစ်ပြီး သုံးနှစ်အကြာ…”

–      “အစိုးရရဲ့ ဆောင်ရွက်နေမှုတွေက အားရစရာမရှိဘူး” ဒေါက်တာအေးမောင် (ANP)

–      “အခုအချိန်မှာ အတူတကွဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သေးဘူး။ အစိုးရက သဘောတူရင်တောင်မှ လူထုက လက်မခံဘူး” ဦးမောင်မောင်အုန်း (ရခိုင်ပြည်နယ် ဝန်ကြီးချုပ်)

–      “မသင့်မြတ်တဲ့အတွက် နေရာမချထားဘူးဆိုရင် ကျွန်တော်တို့ ရထားသံလမ်းလိုပဲ။ ဘယ်တော့မှ ဆုံမှာမဟုတ်ဘူး” ဦးရွှေမောင် (ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

–      “ဒီရောက်မှပဲ ရိုဟင်ဂျာလူမျိုးဖြစ်သွားတယ်။ ရှုပ်ယှက်ခတ်နေတာပဲ” ဒေါ်ခင်မာစော (ဒါးပိုင်ဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦး)

–      “သူတို့တရားဝင်တာ၊ မဝင်တာ တစ်ပိုင်းထား။ …စီးပွားရေးလုပ်ငန်းတွေမှာ အတူတူလုပ်နိုင်တဲ့ နယ်ပယ်လေးတွေ သတ်မှတ်ပေးရမယ်” ဦးခင်မောင်ကြီး (ရခိုင်စီးပွားရေးဦးဆောင် အများပိုင်ကုမ္ပဏီလီမိတက်မှ ဒုတိယဥက္ကဌ)

Feature 1) – “အင်းဒင်ရွာကပေးတဲ့ ငြိမ်းချမ်းရေးသင်ခန်းစာ”

–      ရခိုင်အသိုင်းအဝိုင်းနဲ့ ဘင်္ဂါလီအသိုင်းအဝိုင်းကြားမှာ အမုန်းတရားတွေချည်းပဲ ပြည့်နှက်နေတယ်လို့ ကျွန်တော်တို့အားလုံး ထင်မြင်ပြောဆိုနေချိန်မှာ ရခိုင်ပြည်နယ်ရဲ့ နေရာလေးတစ်နေရာမှာတော့ ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီတွေဟာ သင့်သင့်မြတ်မြတ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲ နေထိုင်နေကြလေရဲ့။

–      “ကိုယ်က အိပ်လည်းမအိပ်နိုင်ဘူး။ ထမင်းလည်း မစားနိုင်ဘူး။ ကိုယ်က (ဘင်္ဂါလီဘက်မှာ) ဦးစီးဦးဆောင်ပြီး တာဝန်ယူထားရတဲ့အခါကျတော့ တစ်ခုခုပြဿနာဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့အပေါ်မှာလည်း ရောက်လာမယ်။ နောက်တစ်ခု ဒီမှာ လူတွေသေတာပျောက်တာတွေ ဖြစ်လာမယ်။ အသက်အိုးအိမ်ဆုံးရှုံးမှုများလာမယ်” ဦးဆွေယောတူဆောင် (ဘင်္ဂါလီဘက်မှ ရပ်ကျေးကြီးကြပ်ရေးအဖွဲ့ဝင်)

Feature 2) – “ဆိုရှယ်မီဒီယာကြောင့် မီးမလောင်ပါစေနှင့်”

–      “မန္တလေးကိစ္စကတော့ ပဋိပက္ခဖြစ်အောင် လှုံ့ဆော်သူတွေက  (Facebook) ကို အသုံးချလိုက်တာပဲ” ဦးမြင့်ကျော် (Myanmar Journalism Institute ရဲ့ ယာယီအမှုဆောင်ဒါရိုက်တာ)

–      “သုံးတဲ့လူတွေကလည်း အားအားရှိ ကလစ်တွေ စွတ်စွတ်နှိပ်မနေဘဲနဲ့ ဦးနှောက်လေးသုံးမယ်ဆိုရင်တော့ ကောလာဟလဖြန့်တဲ့လူတွေ၊ သွေးထိုးတဲ့လူတွေက အောင်မြင်မှာ မဟုတ်ပါဘူး” နေဘုန်းလတ် (ဘလော်ဂါ)

Essay – “ဖားပြုပ်ကြီးနဲ့ ငှက်ကလေးတို့ရဲ့ကျေးဇူး”

–      ဖားပြုပ်ကြီးနဲ့ ငှက်ကလေးက အက်ဆေးဆရာ ဝေလင်းကို ဘယ်လို ဆုံးမသွားသလဲ။

 Interview – “ရခိုင်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် အင်တာဗျူး”

–      “အမုန်းတရားကိုအခြေခံပြီးတော့မှပဲ ဖြစ်လာမယ်ဆိုရင်လည်း သူဖြုတ်ကိုယ်ဖြုတ်၊ သူချ ကိုယ်ချ၊ သူသေ ကိုယ်သေ၊ သူပျက် ကိုယ်ပျက် ဒီလိုပဲဖြစ်မယ်”

Travelogue – “တိုးတက်မှုနဲ့ ဖွံ့ဖြိုးမှု ဝိရောဓိထဲက ဘားအံ”

–      “သည်ယနေ့ခေတ် ပွဲလမ်းအတော်များများတွင် အရက်က မပါမပြီးသလို ဘားအံဒေသမှာလည်း မင်္ဂလာဆောင်နှင့် တခြားပျော်ပွဲရွှင်ပွဲများ၌ စိတ်ကြွရူးသွပ်ဆေးက ပွဲတိုင်းကျော်ဖြစ်နေကြောင်း ဒေသခံတချို့က ပြောပြပါသည်”

 Profile – “ဒို့အသံ အစိုးရကြားစေ”

–      “ထိခိုက်ရင် ထိခိုက်ပါစေဆိုရင်တော့ နောက်ဆုံး ကိုယ်တို့တတ်နိုင်တဲ့နည်းနဲ့ ဆန္ဒပြမယ်။ အဲဒါမှ မရရင် သူတို့ကို ကျိန်စာတိုက်ဖို့ပဲရှိတယ်”

Satire – “သတင်းထောက် တောခိုခြင်း”

–      ယခု ခရီးစဉ်သည် သတင်းအချက်အလက်အတွက် ထွက်ရသော ယခင်ခရီးစဉ်တို့နှင့် လုံးဝမတူချေ။ အဘယ်ကြောင့်ဆိုသော် ဤခရီးစဉ်သည် သတင်းထောက် ရန်လိုကျွဲ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရေး ရည်ရွယ်ချက်ဖြင့် ရန်ကုန်ကို စွန့်ခွာခဲ့သော ခရီးစဉ်ဖြစ်သောကြောင့်ပင်တည်း။

စာအုပ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်သလို လပေးမှာယူဖတ်ရှုလိုပါကလည်း မော်ကွန်းရုံးဖုန်း – 09 313 40239 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ရောင်းဈေး တစ်အုပ် ၁,၈၀၀ ကျပ်။

 

အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."