ဓါတ်ပုံ- မော်ကွန်း
ရန်ကုန်- ၂၀၂၁ ဇူလိုင် ၁၄ (မော်ကွန်း)
‘ကိုဗစ်ကိုတောင်မကြောက်တာ၊ အာဏာရူးကို ကြောက်ရမှာလား’ ဟု ရန်ကုန်မြို့လယ်တွင် ကြွေးကြော်ကာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း အမျိုးသမီးများ ဦးဆောင်ချီတက်ကာ ယနေ့မနက်တွင် ဆန္ဒပြသည်။
အနော်ရထာလမ်းပေါ်တွင် ချီတက်ခဲ့သည့် ထိုသပိတ်စစ်ကြောင်း လူစုခွဲပြီး ငါးမိနစ်ခန့်အကြာတွင် စစ်ကားတစ်စီရောက်လာသည်ကို တွေ့ရသော်လည်း ဖမ်းဆီးခံရမှုအခြေအနေကို မသိရသေးပါ။
#Dailynews

