စည်သူ
ရန်ကုန်- ၂၀၂၀ အောက်တိုဘာ ၁ (မော်ကွန်း)
အင်းစိန်မြို့မရဲစခန်းက ရဲဝန်ထမ်း ၁၂ဦးမှာ COVID-19 ရောဂါပိုး တွေ့တယ်လို့ အင်းစိန်မြို့မရဲစခန်းမှူး ဒုရဲမှူးတင်လတ်က မော်ကွန်းကိုပြောပါတယ်။ မနေ့ညက ရောဂါပိုး တွေ့ရှိသူစာရင်း ကိုးရာကျော်ထဲမှာ ပါခဲ့တာပါ။
“ ပိုးတွေ့လူနာနဲ့ထိတွေ့တာခဲ့တဲ့ကြောင့် ရဲစခန်းထဲက လူပျိုဆောင်မှာနေတဲ့ တပ်ဖွဲ့ဝင် ၁၀ဦးနဲ့ အလုပ်တွဲလုပ်တဲ့ နှစ်ဦး စုစုပေါင်း ၁၂ယောက်ကို ကွာရန်တင်းစင်တာပို့ပြီး စစ်တဲ့အချိန်မှာ ပိုးတွေ့ခဲ့တာဖြစ်တယ် ”လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ရဲစခန်းကိုပုံမှန်အတိုင်း ဖွင့်လှစ်ထားပြီး COVID-19 စည်းကမ်းချက်အတိုင်း လူအဝင်အထွက် ကန့်သတ်ထားတယ်လို့ ဒုရဲမှူးတင်လတ်က ပြောပါတယ်။
ရန်ကုန်တိုင်းမှာ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၉,၀၀၀ကျော်နဲ့ သေဆုံးသူ ၂၆၀ကျော်ရှိပြီး အင်းစိန်မြို့နယ်မှာ အယောက် ၇၈၀ကျော်တွေ့ရှိထားပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံမှာ COVID – 19 ရောဂါအတည်ပြုလူနာ ၁၃,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူ ၂၈၄ ဦး နဲ့ ပြန်လည်သက်သာလာသူ ၃,၃၀၀ကျော်ရှိနေပြီး ဖြစ်ပါတယ်။
#Dailynews

