ဒူးပလာယာ – ၂၀၂၄ အောက်တိုဘာ ၁၈ (မော်ကွန်း)
ကေအဲန်ယူ-တပ်မဟာ ၆၊ ဒူးပလာယာခရိုင်၊ လေးကေ့ကော်မြို့သစ်နားက စစ်ကောင်စီရဲ့ စွယ်တော်ကုန်းဗျူဟာစခန်းကို မနေ့ကမနက်အစောပိုင်းမှာ ကေအဲန်ယူ-ကော်ဘရာစစ်ကြောင်းက ဦးဆောင်ကာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
စွယ်တော်ကုန်းစခန်းဟာ ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော်(DKBA)နဲ့ နယ်ခြားစောင့်တပ်(BGF)တွေ ထိန်းချုပ်ထားတဲ့ ဧရိယာထဲက ဗျူဟာစခန်းဖြစ်ပြီး တောင်ကုန်းပေါ်မှာ တာဝေးပစ်အမြောက်တွေပါ တပ်ဆင်ထားပါတယ်။
စခန်းကုန်းရရှိဖို့ တိုက်ခိုက်နေတဲ့ ရက်ပိုင်းမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေနဲ့ လာရောက်တိုက်ခိုက်ခဲ့ကာ မနေ့ညကတော့ တိုက်ပွဲပြင်းထန်ပြီး ဂျက်ဖိုက်တာတွေ မိုးလင်းပေါက် ပစ်ကူပေးခဲ့ပေမယ့် နောက်ဆုံးမှာ တော်လှန်ရေးတပ်တွေ လက်အောက်ကို ကျရောက်သွားခဲ့ပါတယ်။
“မနေ့ညရော၊ ဒီနေ့ရော လေယာဉ်တွေလာနေသေးတယ်၊ ဂျက်ဖိုက်တာရော၊ Y-12 ရောပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လေးကေ့ကော်ဘက်မှာ တိုက်ပွဲတွေဖြစ်နေသလိုပဲ ကော့ကရိတ်မြို့ဘက်ခြမ်းမှာလည်း စစ်ကောင်စီဘက်က စစ်ကြောင်းတွေ ရှေ့ကိုထပ်မံတိုးချဲ့လာနေပြီး ကေအဲန်ယူပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပါတယ်။
စွယ်တော်ကုန်းစစ်ကောင်စီစခန်းသိမ်းပွဲနဲ့ပတ်သက်လို့ ကေအဲန်ယူ(ဗဟို)ဘက်ကတော့ လက်ရှိအချိန်ထိ ထုတ်ပြန်ချက်တစုံတရာမတွေ့ရသေးပါဘူး။
ပုံစာ – ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တွေ စွယ်တော်ကုန်းစခန်းကို သိမ်းပိုက်ထားပုံ
ဓါတ်ပုံ – ကော်ဘရာ
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

