ရန်ကုန် -၂၀၂၅ မေ ၁၁ (မော်ကွန်း)
ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်မှာ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ကဆုန်လပြည့်နေဖြစ်တဲ့ ဒီနေ့မှာ ကျင်းပခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်နေ့ထူးဖြစ်တဲ့ ဒီကဆုန်လပြည့်နေ့ဟာ ဂေါတမမြတ်စွာဘုရား မွေးဖွားတဲ့နေ့၊ ဘုရားအဖြစ်ရောက်ရှိတဲ့နေ့၊ ပရိနိဗ္ဗာန်စံတော်မူတဲ့နေ့အဖြစ် သက်ဝင်ယုံကြည်ကြပါတယ်။
ရွှေတိဂုံစေတီတော်က ကဆုန်ညောင်ရေသွန်းကြတဲ့ ပုံရိပ်တချို့ကို ဖော်ပြလိုက်ပါတယ်။

ဓါတ်ပုံ_ မော်ကွန်း

