ရေဦး – ၂၀၂၁ ဒီဇင်ဘာ ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမြက်ရွာမှာ ရဟတ်ယာဥ်နဲ့ပါပစ်ခတ်ခံခဲ့ရပြီး အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးမီးရှိူ့ခဲ့လို့ အိမ်ပေါင်း ၆၀ ဝန်းကျင်နဲ့ ကား၊ ဆိုင်ကယ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ရေမြက်ရွာကို စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ရဟတ်ယာဥ်နဲ့ပါ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ရေဦးမြို့နယ်အတွင်းရှိ လေးရွာအုပ်စု၊ ပလူဇဝအုပ်စု၊ ကွမ်းအုံအုပ်စု၊ ရေမျက်အုပ်စု၊ ဝသဲအုပ်စု၊ ယခေါင်နွဲ့အုပ်စု၊ ပေကြီးအုပ်စု၊တမတောအုပ်စု၊ မကျီးနီအုပ်စု စတဲ့ကျေးရွာအုပ်စုတွေက ပြည်သူအများအပြားလည်း စစ်ဘေးရှောင်နေရကြောင်း ဒေသခံက ပြောပါတယ်။
ရေမြက်ရွာအပါအဝင် ဖျက်ဆီးခံရတဲ့ကျေးရွာတွေထဲမှာ လျှပ်စစ်မီးကြိုးများ ပြတ်ကျနေခြင်းနဲ့ မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်းသို့ လက်တလောမဝင်ကြဖို့နဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ရေဦး PDF တို့က အန္တရာယ်ရှိပစ္စည်းများ ရှင်းလင်းပြီးမှသာ ဝင်ရောက်ကြပါရန် မေတ္တာရပ်ခံထားပါတယ်။
မီးလောင်ပျက်စီးနေသော ရေမြက်ရွာအတွင်းမြင်တွေ့ရစဥ်။
ဓါတ်ပုံ-Supplied
#Dailynews

