ရန်ကုန်- ၂၀၂၂၊ ဩဂုတ် ၃ရက် (မော်ကွန်း)
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က လာမယ့် စက်တင်ဘာကျရင် ရုရှားနိုင်ငံမှာ နှစ်စဉ်ကျင်းပနေတဲ့ Eastern Economic Forum မှာ မြန်မာနိုင်ငံကိုယ်စားပြုစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကိုမြင်တွေ့ရဖို့မျှော်လင့်တယ်လို့ပြောပါတယ်။
ဒီနေ့နေပြည်တော်မှာ စစ်ကောင်စီနိုင်ငံခြားဝန်ကြီးဝဏ္ဏမောင်လွင်နဲ့တွေ့ဆုံပွဲ၊ သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်ပြီး ရရှားနိုင်ငံပိုင်သတင်းဌာနကဖော်ပြထားတာပါ။
အဲဒီသတင်းစာရှင်းလင်းပွဲမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီအနေနဲ့ နိုင်ငံအတွင်း တည်ငြိမ်းအေးချမ်းရေးအတွက်ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးအားပေးကြောင်းပြောဆိုခဲ့ပါတယ်။
ရုရှား-ယူကရိန်းအရေးမှာ မြန်မာနိုင်ငံရဲ့ ကြားဝင်စွက်ဖက်မှုမရှိတဲ့မူဝါဒကိုလည်း ချီးကျူးကြောင်းခဲ့ကြောင်းဖော်ပြထားပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ဟာ မြန်မာနိုင်ငံခရီးစဉ်ပြီးရင် ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပမယ့် ရရှား-အရှေ့တောင်အာရှ နိုင်ငံခြားရေးဝန်ကြီးတွေတွေ့ဆုံပွဲကို သွားရောက်မှာဖြစ်ပါတယ်။
ဒီခရီးစဉ်မတိုင်မီ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံမော်စကိုမြို့ကိုသွားရောက်ခဲ့ပါသေးတယ်။
Photo-TASS Russian News Agency
#Dailynews

