ရန်ကုန် – ၂၀၂၁ နိုဝင်ဘာ ၃၀ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကြောင်း ယနေ့မနက်ပိုင်းတွင် ရန်ကုန်မြို့လယ်၌ လူငယ်များက ချီတက်ဆန္ဒပြသည်။
“Antifascist – Action” ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး “ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်” ဟု ကြွေးကြော်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။
ယခုဆန္ဒပြပွဲကို အထွေထွေသပိတ်ကော်မတီ (GSC) နှင့် ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ ၊ မင်္ဂလာတောင်ညွန့်မြို့နယ်သပိတ်ကော်မတီ ၊ ဗိုလ်တထောင်ပုဇွန်တောင်လူငယ်သပိတ်ကော်မတီ ၊ တာမွေမြို့နယ်သပိတ်ကော်မတီ ၊ သာကေတမြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်းပြုလုပ်ခဲ့ကြသည်ဟု GSC က လူမှုကွန်ရက်စာမျက်နှာမှာတွင် ဖော်ပြထားသည်။
အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့နေရာစုံတွင် ပြောက်ကျားသပိတ်များ ခပ်စိတ်စိတ် ပြန်လည်ပေါ်ပေါက်နေပြီး စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသည်ကို တွေ့ရသည်။
#Dailynews

