ရန်ကုန်တိုင်းတွင် အောက်တိုဘာ ၁၆ ရက်နောက်ပိုင်း Quarantine ၀င်ရသူများကြိုတင်မဲပေး နိုင်ရေးစီစဉ်မည်

ရန်ကုန်တိုင်းတွင် အောက်တိုဘာ ၁၆ ရက်နောက်ပိုင်း Quarantine ၀င်ရသူများကြိုတင်မဲပေး နိုင်ရေးစီစဉ်မည်

သဇင်လတ်
ရန်ကုန် ၂၀၂၀၊ အောက်တိုဘာ ၁၄ (မော်ကွန်း)

ရန်ကုန်တိုင်းတွင် အောက်တိုဘာ ၁၆ ရက်နောက်ပိုင်းမှ Quarantine စင်တာသို့ ရောက်လာမည့်သူများကိုသာ ကြိုတင်မဲလျှောက်ထားနိုင်ရေး စာရင်းကောက် ယူမည်ဟုရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ အတွင်းရေးမှူး ဦးတင်မောင်အေးကမော်ကွန်းသို့ ပြောသည်။

“အခုချိန်မှာစာရင်းကောက်လိုက်ရင် ကျွန်တော်တို့ကမဲလက်မှတ်ရောက်လာတဲ့ အချိန်ကျလို့ရှိရင် အဲ့ဒီပုဂ္ဂိုလ် တွေက Quarantine မှာရှိချင်မှရှိတော့မယ်”ဟု ဦးတင်မောင်အေးကဆိုသည်။

အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အတွင်း Quarantine စင်တာတွင် ရှိသူများကို ကြိုတင်မဲလျှောက်ထားနိုင်ရေးစီစဉ်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားသော်လည်း ၁၆ ရက်နေ့ နောက်ပိုင်းတွင် ယခုစာရင်းကောက်ယူထားသူများ Quarantine စင်တာတွင် မရှိတော့လျှင် မဲလက်မှတ်များ ဆုံးရှုံးမည်ဖြစ်သောကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ပြန်လည်တင်ပြထားကာ ယခုကဲ့သို့ စီစဉ်နေရခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနသည် စက်တင်ဘာ ၁၁ ရက်နေ့မှစတင်ကာ Quarantine ၀င်ရသည့်ရက်ကို ၂၁ ရက်မှ ၁၄ ရက်သို့ပြောင်းလဲသတ်မှတ်ထားသည်။

Quarantine စင်တာများ၏ တာ၀န်ရှိသူများထံမှတစ်ဆင့် ကြိုတင်မဲစာရင်း လျှောက်ထားသည့် ပုံစံ ၁၅ စာရွက်များ ပေးပို့ကာလျှောက်ထားနိုင်ရေး လုပ်ဆောင်မည်ဖြစ်ကာ ကြိုတင်ဆန္ဒမဲပေးရာတွင်လည်း Quarantine စင်တာရှိ ကျန်းမာရေး ၀န်ထမ်းများနှင့်ပူးပေါင်းကာ စီစဉ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ထုတ်ပြန်ချက်များအရ ရန်ကုန်တိုင်းတွင် Quarantine ၀င်နေသူ တစ်သောင်းရှစ်ထောင်ကျော်ရှိနေသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နောက်ဆုံးအကြိမ်ထုတ်ပြန်ထားသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းများအရ ရန်ကုန်တိုင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၅၈ သိန်းကျော်ရှိနေသည်။

ပုံစာ – Stay at Home အဖြစ်သတ်မှတ်ထားသည့် ရန်ကုန်တိုင်းဒေသကြီး၏ ဆူးလေမြို့လယ်ရှိ ညနေရုံးဆင်းချိန် မြင်ကွင်းတစ်ခုကို စက်တင်ဘာ ၂၄ ရက်နေ့က တွေ့ရစဉ်

ဓာတ်ပုံ – ဂေထော


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."