မြင်းမူ – ၂၀၂၃ ဩဂုတ် ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မူးမန္တလေးရွာက အသက် ၂၁နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒီနေ့မနက်ပိုင်းက လက်နက်ကြီးထိမှန်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ရွာမှာ တပ်စွဲနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ အနောက်ဘက်ကိုလက်နက်ကြီး သုံးချက်ပစ်ခတ်ရာ မူးမန္တလေးရွာကို လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့တာလို့ သေဆုံးသူအမျိုးသမီးနဲ့နီးစပ်သူကပြောပါတယ်။
” သူက အိမ်ထဲမှာမဟုတ်ဘူး၊ အပြင်မှာ ရေချိုးနေတာကို လက်နက်ကြီးက သူ့အရှေ့ပေါက်ကွဲတာ၊ အောက်ပိုင်းတစ်ခုလုံးရစရာမရှိစုတ်ပြတ်သွားတာ၊ သွေးထွက်လွန်ပြီးဆုံးသွားတယ် “လို့ သေဆုံးသူအမျိုးသမီးနဲ့နီးစပ်သူကပြောပါတယ်။
သေဆုံးသူဟာ အသက်၂၁ နှစ်အရွယ်ရှိပြီး ခြေထောက်နှစ်ဘက် ပြတ်သွားကာ ခါးပေါက်ဒဏ်ရာနဲ့သေဆုံးသွားခဲ့တာလို့ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံတစ်ဝန်းကအရပ်သား ၃,၈၈၈ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းအရသိရပါတယ်။
#Dailynews

