မူဆယ် – ၂၀၂၂ ဩဂုတ် ၁ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့က နာရီစင်အနီး ဗိုလ်တဲလမ်းက ယာဥ်ထိန်းရဲကင်းအနီးမှာ ဒီကနေ့နေ့ခင်း ၁၁:၁၁ ဝန်းကျင် က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ ယာဥ်ထိန်းရဲ တစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာပြင်းထန်တယ်လို့ မူဆယ်မြို့နေထိုင်သူဒေသခံတစ်ဦးကပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ယာဥ်ထိန်းရဲရုံးအနီးက ယာဥ်ထိန်းရဲတစ်ဦး ၊ ပြည်သူ့စစ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိမှန်ခဲ့တာလို့ ဒေသခံက ပြောပါတယ်။
” နာရီစင်နားက လူစည်တယ်လေ၊ အဲ့မှာဗုံးပေါက်တော့ထိတဲ့လူများတယ်၊ ဒဏ်ရာပြင်းထန်တာတော့သုံးယောက်၊ လူနာတင်ကားနဲ့ လာခေါ်သွားတယ်၊ မော်တော်ပီကယ်က မျက်နှာကိုထိတာတဲ့၊လှုပ်တောင်မလှုပ်နိုင်ဘူး “လို့ ဒေသခံကပြောပါတယ်။
မူဆယ်မြို့နာရီစင်အနီးမှာ စျေးရှိပြီး လူသွားလူလာများတဲ့ အဓိကလမ်းမဖြစ်တဲ့အပြင် အနီးအနားမှာလည်းစျေးဆိုင်များစွာရှိတာကြောင့် အခြားထိမှန်သူတွေပါ ထိမှန်တာလို့ပြောပါတယ်။
အဆိုပါဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
ပုံစာ – ပေါက်ကွဲမှုထိမှန်ထားတဲ့ယာဉ်ထိန်းရဲ
ဓါတ်ပုံ – Supplied
#Dailynews

