မုံရွာမှာ လက်နက်သွားပို့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲခံရလို့ နှစ်ဦးသေ

မုံရွာမှာ လက်နက်သွားပို့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲခံရလို့ နှစ်ဦးသေ

စစ်ကိုင်း – ၂၀၂၃ ဇူလိုင် ၇ (မော်ကွန်း)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုရွာကို လက်နက်ခဲယမ်းတွေသွားပို့တဲ့ စစ်ကောင်စီတပ်သား ၂၀ ကျော် မနေ့ကညနေပိုင်းမှာမိုင်းဆွဲခံရပြီး နှစ်ဦးပွဲချင်းပြီးသေတယ်လို့ တိုက်ခိုက်ရာမှာပါဝင်ခဲ့တဲ့ Brave Heart Army (BHA) က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။

မိုင်းဆွဲခံရတဲ့စစ်ကောင်စီတပ်သား ၂၁ ဦးဟာ မုံရွာမြို့အထွက် မုံရွာ-မန္တလေးကားလမ်းမပေါ်က စွမ်းရည်ထက်ဆီဆိုင်အနီး စစ်ဆေးရေးဂိတ်ကနေ တောပုပျူစောထီးရွာကို သွားခဲ့တာဖြစ်ပါတယ်။

“စစ်ခွေးတွေ အလာတုန်းကတော့ မိုင်းကွင်းပေါ်ကမသွားလို့ ကျွန်တော်တို့မခွဲလိုက်ရဘူး။ လာတော့ မိန်းလမ်းအတိုင်းလာတာဗျ။ အပြန်မှာသတင်းအတိအကျရပြီး ကျွန်တော်တို့မိုင်းကွင်းပေါ်ရောက်တော့ မိုင်းဆွဲနိုင်လိုက်တယ်။ မိုင်းဆွဲတဲ့နေရာမှာ ပဒေသာငါးလုံးတွဲ တစ်ပွိုင့်ဆွဲလိုက်တယ်။ စစ်ခွေးနှစ်ကောင်က အဲဒီမိုင်းကွင်းပေါ်မှာပဲ ပွဲချင်းပြီးတယ်။ ဒဏ်ရာအပြင်းအထန်ရတဲ့ကောင်တွေလည်းရှိသေးတယ်ဗျ” လို့ BHA က တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မိုင်းဆွဲခံရပြီး အနီးနားကရွာတွေကို စီးနင်းတာ၊ သေနတ်နဲ့ပြန်ပစ်တာမျိုးတော့မရှိခဲ့ဘူးလို့ သူကပြောပါတယ်။ မိုင်းဆွဲခဲ့တဲ့ ပူးပေါင်းအဖွဲ့တွေလည်း အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်ရာမှုကို Brave Heart Army, Special Force-11 (PDF), Monywa Dynamite, Myaung Revolution Army, Peace Takers Task Force-PTTF, God of Monywa စတဲ့အဖွဲ့ ခြောက်ဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပုံစာ-စစ်ကောင်စီတပ်သားများ မိုင်းကွင်းထဲတွင် မိုင်းဆွဲခံရစဉ်
Video-Brave Heart Army


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."