သတင်းဓါတ်ပုံ-စည်သူ
ရန်ကုန်- ၂၀၂၀ နိုဝင်ဘာ ၈ (မော်ကွန်း)





ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်ရှိ တပ်မဲရုံ သုံးရုံတွင် တပ်မတော်သားများနှင့် မိသားစုဝင်များ ဆန္ဒမဲ ပေးခဲ့ကြသည်။ ယင်းမဲရုံ သုံးခုတွင် ဆန္ဒမဲ ပေးခွင့်ရှိသည့် တပ်မတော်သားနှင့် မိသားစုဝင်ဦးရေ ၄,၁၀၀ ဝန်းကျင် မဲပေးမည်ဖြစ်သည်။
မဲရုံအမှတ်(၅)နှင့်(၆) တွင် တပ်မတော်(ရေ)မှ မဲပေးခွင့်ရှိသူ ၃,၇၀၀ ကျော်က မဲပေးမည်ဖြစ်ပြီး မဲရုံ အမှတ်(၇) တွင် လျှပ်စစ်ဆက်သွယ်ရေးတပ်မှ မဲပေးခွင့်ရှိသူ ၃၀၀ ကျော်က မဲပေးမည်ဟု ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးတင်ဦးက ပြောသည်။
ယခုရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် ယခင်က တပ်တွင်းမှာပင် ဖွင့်လှစ်သည့် တပ်မဲရုံးများကို တပ်ပြင်ပတွင် ဖွင့်လှစ်ကာ တပ်မတော် သားများနှင့် မိသားစု ဝင်များ ဆန္ဒမဲပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ခဲ့သည်။
ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်တွင် တပ်မတော် သားများသည် မိမိတို့၏ တပ်တွင်းမှာပင် ဆန္ဒမဲပေးကြရသည်။
#Dailynews

