ဒီဇင်ဘာ ၂၃
ဗစ်တိုးရီးယားအတွက် အမှန်တရားနဲ့ တရားမျှတမှုအလိုရှိကြသူတွေဟာ ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ သုံးနာရီခွဲလောက်မှာ မဟာဗန္ဓုလပန်းခြံကနေ အနော်ရထာ လမ်းတစ်လျှောက် စီတန်း ဆန္ဒပြခဲ့ကြပါတယ်။
“ကျင့်ဝတ်နဲ့ ဥပဒေချိုးဖောက်သော ရဲအရာရှိများ အရေးယူပေး” စတဲ့ ကြွေးကြော်သံတွေနဲ့ အတူ တရားမျှတမှုအတွက်၊ ကျင့်ဝတ်ဖောက်ဖျက်တဲ့ရဲတွေကို အရေးယူဖို့ စာတန်းတွေကို ကိုင်ဆောင်ခဲ့ကြပါတယ်။
ပြီးတဲ့ရက်ပိုင်းက အစွပ်စွဲခံရသူ အောင်ကြီးကို တရားသူကြီးက တရားရှင်လွှတ်ပေးခဲ့တာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီယားရဲ့အမည်ရင်းနဲ့ ဖခင်အမည်တွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။







သတင်း၊ ဓါတ်ပုံ – ဂေထော
#mawkun #magazine #chronicle #dailynews

