အရာတော် – ၂၀၂၃ ဩဂုတ် ၁၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ဆုတောင်းညသပိတ်ကို ဒီကနေ့ညမှာ ပြုလုပ်ခဲ့တယ်လို့ အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီဆီကသိရပါတယ်။
အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီနဲ့အတူ အရာတော် ပ.က.ဖ၊ ဒေသခံပြည်သူလူထု ၃၀၀ ကျော် ဆုတောင်းသပိတ်မှာပါဝင်ခဲ့တယ်လို့ သပိတ်ခေါင်းဆောင်ကပြောပါတယ်။
ကျဆုံးသူဟာ ရဲဘော်နားတက်လို့ခေါ်တဲ့ အသက် ၁၈ နှစ်အရွယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မနှစ်က ရန်သူစစ်ကြောင်းလာချိန်မှာ မိုင်းခွဲဖို့ ပြင်ဆင်ရင်း မတော်တဆမှုဖြစ်ကာ ကျဆုံးခဲ့ရတာလို့ သပိတ်ခေါင်းဆောင်ကပြောပါတယ်။
ဒီကနေ့ညသပိတ်မှာတော့ ရဲဘော်နားတက်အတွက် ဂုဏ်ပြုအလေးပြုခြင်း၊ ဆုတောင်းမေတ္တာပို့သခြင်းတွေကို ပြုလုပ်ခဲ့ကြတယ်လို့ ပြောပါတယ်။
ဓါတ်ပုံ – အရာတော်သပိတ်
#Dailynews

