ငါန်းဇွန် – ၂၀၂၃ ဖေဖော်ဝါရီ ၁၈ (မော်ကွန်း)
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ရှောင်ပြည်သူတွေနေထိုင်ဖို့ တစ်လုံးကို ကျပ်နှစ်သိန်းတန်ဖိုးရှိ တဲတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ရွာက မြစ်ဘေးမှာပါ။ ညဆိုရင် စစ်သားတွေလာမှာကြောက်လို့ သဲသောင်ပြင်မှာဖြစ်သလိုအိပ်ကြရတယ်”လို့ စစ်ရှောင်ကူညီသူက ပြောပါတယ်။
ဒီစစ်ရှောင်တွေဟာ သူတို့ရဲ့နေအိမ်တွေကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က မီးရှို့သွားခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။
လတ်တလောမှာ စစ်ရှောင် ၁၅၀ ကျော်ရှိပြီး တစ်လုံးကို ကျပ် နှစ်သိန်းလောက်တန်ဖိုးရှိတဲ့ တဲအိမ်တွေလိုအပ်နေတာပါ။
“နောက်တစ်ခါ မီးလာရှို့ရင် မိုးကာဆိုတော့ မြန်မြန်ဖြုတ်သိမ်းပြီးပြေးလို့ရတာကြောင့် မိုးကာအဓိကလိုတယ်”လို့ စစ်ရှောင်ကူညီသူကပြောပါတယ်။
မိုးကာစနဲ့ မိုး၊ ကာပြီးဆောက်တဲ့တဲတစ်လုံးမှာ လူဦးရေ ၁၂ ဦးထိနေထိုင်နိုင်တယ်လို့သူကဆိုပါတယ်။
စစ်ရှောင်တွေထဲမှာသက်ကြီးရွယ်အို ၂၇ ဦးလည်းပါဝင်တာကြောင့် ကျန််းမာရေးအတွက်ဆေးဝါးတွေလည်းလိုအပ်ပါတယ်။
လတ်တလော နေဖို့အတွက် မိုးကာတဲတွေတင်မကဘဲ စားသောက်ဖို့အတွက် ရိက္ခာအခက်အခဲတွေရှိတာကြောင့် ကူညီပေးဖို့ တောင်းဆိုထားပါတယ်။
ကူညီလိုသူတွေအနေနဲ့ ကမ်းလက်များအဖွဲ့ရဲ့ တယ်လီဂရမ်ချန်နယ် (https://t.me/revolution_2_2/325?single) ကိုဆက်သွယ်နိုင်ပါတယ်။
ပုံစာ – လိုအပ်နေသည့်မိုးကာတဲများနှင့် စစ်ရှောင်များ။
ဓါတ်ပုံ – ကမ်းလက်များ
#Dailynews

