မန္တလေး – ၂၀၂၂ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း)
မန္တလေးမြို့မှာ “နိုင်ငံသစ်ကို ရဲရဲတည်ဆောက်ကြ”ဆိုတဲ့ ကြွေးကြော်မှုတွေနဲ့ အမျိုးသမီးငယ်တွေ ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းက မန္တလေးက အမျိုးငယ်တွေဦးဆောင်ပြီး မန္တလေးမြို့လယ်မှာ ဆန္ဒပြခဲ့ကြတာပါ။
စစ်တပ်ထောက်တိုင်တွေဖြိုဖျက်ဖို့၊ CDM ဝန်ထမ်းတွေနဲ့အတူ ရှေ့ဆက်ဖို့ အပါအဝင် လတ်တလောယူကရိန်းပြည်သူဘက်ကပါ ရပ်တည်ဖို့တွေ လှုံ့ဆော်ဆန္ဒပြခဲ့ကြပြီး နိုင်ငံတော်အလံဟောင်းကိုပါ မီးရှို့ဖျက်ဆီးပြခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ကလည်း မန္တလေးမြို့ထဲမှာ လှည့်လည်စစ်ဆေးမှုတွေရှိခဲ့ပေမယ့် ဆန္ဒပြပွဲကိုတော့ အန္တရာယ်မရှိဘဲ အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ပါတယ်။
ဓာတ်ပုံ-Poison
#Dailynews

