ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၄ (မော်ကွန်း)
ရန်ကုန်-မန္တလေးလမ်းဟောင်း ပဲခူးတိုင်း၊ တောကျွဲအင်းအထွက်၊ ကညွှတ်ကွင်းမြို့အဝင်က သံတံတား မိုင်းဆွဲခံရပြီးကျိုးကျသွားလို့ အမြန်လမ်းဘက်က ပတ်မောင်းနေရတယ်လို့ ကုန်တင်ယာဉ်မောင်းတွေကပြောပါတယ်။
မန္တလေးကနေ ရန်ကုန်ကိုလာတဲ့ကားတွေဟာ အမြန်လမ်းဘက်ရှောင်ကွင်းမောင်းနေရတာကြောင့် အုတ်တွင်းကနေ အမြန်လမ်း ၁၃၈ မိုင်ကိုဖြတ်ထွက်တဲ့လမ်းမှာ ကားတွေကျပ်ပိတ်နေတယ်လို့ ကုန်တင်ယာဉ်မောင်းတစ်ဦးကပြောပါတယ်။
“တံတားကျိုးတာသွားပြင်ဖို့ ယန္တရားအဖွဲ့တွေတောင်သွားလို့မရသေးဘူး၊ အမြန်လမ်းပေါ်တက်တဲ့လမ်းတွေ အကုန်ကားတွေပိတ်ကုန်ပြီ။ ပိန်းဇလုပ်အကျော်ကနေ အမြန်လမ်းဘက်တက်တဲ့လမ်းလည်းပိတ်နေပြီ” လို့၎င်းယာဉ်မောင်းကပြောပါတယ်။
ဒီနေ့မနက် အစောပိုင်းက တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ကညွှတ်ကွင်းမြို့၊ ဂုန်းတဲကျေးရွာအနီးက စစ်ကောင်စီစခန်းငါးခု ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တော်ဝင်ဒေါင်းစစ်ကြောင်းကထုတ်ပြန်ပါတယ်။
ပုံစာ – ကညွှတ်ကွင်းတံတားကျိုးသွားတာကြောင့် ပိတ်မိနေသော ယာဉ်တန်း
ဓာတ်ပုံ – Sanay Mgmg

