ဓါတ်ပုံ-PANDA၊ NSTZ
မန္တလေး – ၂၀၂၁ ဇူလိုင် ၅ (မော်ကွန်း)
မန္တလေးမြို့မှာ ဒီကနေ့ နံနက်ပိုင်းက မန္တလေးလူငယ်များသပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်တွေက ဖြိုခွင်းဖို့ရောက်လာခဲ့ပေမယ့် အောင်မြင်စွာလူစုခွဲနိုင်ခဲ့တယ်လို့ ပါဝင်သူလူငယ်တွေက ပြောပါတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ မန္တလေးလူငယ်များ သပိတ်စစ်ကြောင်းဟာ မနော်ဟရီလမ်းမကြီးပေါ် တက်ရောက်ဆန္ဒပြနေချိန်မှာပဲ စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့
ရောက်ရှိလာလို့ အပြေးအလွှားလူစုခွဲလိုက်ရကြောင်း ပါဝင်သူလူငယ်တစ်ဦးက ပြောပါတယ်။
မန္တလေးလူငယ်များ သပိတ်စစ်ကြောင်းအပြင်
မန္တလာတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနဲ့ ပြည်သူများကလည်း စုပေါင်းသပိတ်စစ်ကြောင်းအဖြစ် မြို့တွင်းမှာ လှည့်လည် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းကလည်း သိပ္ပံလမ်းမကြီးပေါ်ထိတက်ကာ စစ်အာ ရူးကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး အစရှိတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
မန္တလေးမှာ မနေ့က ဗကသကျောင်းသားခေါင်းဆောင်တစ်ဦးနဲ့ ဒေါင်းစစ်သည်သပိတ်စစ်ကြောင်းက လူငယ်တစ်ဦးကို စစ်ကောင်စီတပ်တွေက ပုန်းရှောင်နေတဲ့နေအိမ်တွေအထိ လာရောက်ဖမ်းဆီးသွားခဲ့ကြပါတယ်။ ခေါင်းဆောင်ပိုင်းတွေ ဖမ်းဆီးခံနေရပေမယ့် သပိတ်စစ်ကြောင်းတွေကတော့ မပျက်မကွက် လမ်းပေါ်တက်လာနေကြဆဲပဲ ဖြစ်ပါတယ်။
#Dailynews

