ယင်းမာပင် – ၂၀၂၄ ဩဂုတ် ၂၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ မနေ့က အာဏာသိမ်းစစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးတွေထိမှန်လို့ အရပ်သားတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်၊ အောင်ဇေယျမြို့သစ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ မနေ့ နံနက်ပိုင်းကနေ ည ၁၀း၃၀ လောက်ထိ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံဆီကသိရပါတယ်။
“မနက်က တစ်ယောက်ထိတယ် နေ့လည် တစ်ယောက်ထိတယ်၊ မနက်ကတော့ ဂုဏ်တောရွာကလို့သိရတယ်၊ နေ့လည်ကတော့ ဘိန်းနွယ်ချောင်ကဗျ၊ အသက် ၅၅နှစ်အရွယ်အမျိုးသားရဲ့ ခြေသလုံးကိုထိမှန်သွားတာ ဒဏ်ရာရပေမယ့် အသက်အန္တရယ်တော့ မစိုးရိမ်ရဘူး “လို့ ဒေသတွင်းရပ်ကျေး ပအဖအဖွဲ့ဝင်တဦးက မော်ကွန်းကိုပြောပါတယ်။
ဆားလင်းကြီးမြို့နယ်၊ ဂုဏ်တောရွာက လက်နက်ကြီးထိမှန်သူကတော့ မနေ့ညက ဆေးရုံမှာ ဒဏ်ရာတွေနဲ့ကွယ်လွန်သွားခဲ့တယ်လို့ လိုက်ပါကူညီသူဆီကသိရပါတယ်။
သူ့ရွာကနေ ယင်းမာပင်မြို့နယ်၊ ပေကုန်းရွာကို ကွမ်းခြံရေသွားလောင်းနေချိန်မှာ လက်နက်ကြီး ထိမှန်ခဲ့တာလို့ ဒေသခံကပြောပါတယ်။
“ကွမ်းခြံရေလောင်းနေရင်းဖြစ်သွားတာပဲ၊ ဒဏ်ရာက ခါးနဲ့ခြေထောက်ထိတာ ခါးက ဒဏ်ရာများတယ်” လို့ ကွမ်းခြံအနီးကဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
အောင်ဇေယျမြို့သစ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ယင်းမာပင်နယ်် ထန်းတောကြီး၊ ပေကုန်း၊ အောင်မိုး ၊အုံတုံပင်၊ ဘိန်းနွယ်ချောင်စတဲ့ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိပြီး အခုလဆန်းပိုင်းကလည်း အရပ်သား လေးဦးသေဆုံးခဲ့ပါသေးတယ်။
အခုလအတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်လို့ ယင်းမာပင်အရှေ့ခြမ်း ကျေးရွာတွေ တုန်လှုပ်ခြောက်ခြားနေကြပြီး စိုးရိမ်ကြီးစွာနဲ့ နေထိုင်နေကြရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။
“အောင်ဇေယျမြို့သစ်က ထုလိုက်၊ မုံရွာဘက်ကထုလိုက်နဲ့ ပြည်သူတွေလည်း အထိတ်တလန့်ဖြစ်နေကြရတယ်”လို့
ဒေသတွင်း ပြည်သူတစ်ဦးက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ နွေဦးတော်လှန်ရေးကာလအတွင်း အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ သေဆုံးရတဲ့ပြည်သူဟာ အနည်းဆုံး ၅,၅၀၀ ကျော်ရှိလာနေပါတယ်။
ပုံစာ – မနေ့ညက လက်နက်ကြီးထိလို့ သေဆုံးသွားတဲ့ ဂုဏ်တောရွာသား
ဓါတ်ပုံ – Mawkun Magazine
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #Dailynews

