ယင်းမာပင် – ၂၀၂၄ ဩဂုတ် ၁၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းတံတားအနီးက ဈေးဆိုင်တွေကို အခုလ ၁၁ ရက်မှာ အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အဖမ်းခံထားရသူတွေ အခုအချိန်ထိ ပြန်လည်လွတ်မြောက်လာတာမရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချင်းတွင်းတံတားဂိတ်အနီးက မြကမ္ဘာကုန်စုံဆိုင်၊ ဦးမြင့်သိန်းကုန်စုံဆိုင်နဲ့ ချင်းတွင်းစိုးမိုးစက်သုံးဆီအရောင်းဆိုင်တွေကို ဝင်ရောက်ကာ ဆိုင်ရှင်တွေနဲ့ အလုပ်သမားတွေကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေဆီက သိရပါတယ်။
မြကမ္ဘာကုန်စုံဆိုင်နဲ့ ဦးမြင့်သိန်းကုန်စုံဆိုင်တွေကို စစ်တပ်က စက်သုံးဆီရောင်းချခွင့်လိုင်စင်မရှိဘဲရောင်းချလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုင်ချိပ်ပိတ်ပြီး ဖမ်းဆီးသွားတာလို့ ဒေသခံတွေဆီကသိရပါတယ်။
” မြကမ္ဘာဆိုင်က ကိုအေးလွင်နဲ့သူ့ဇနီး မမိုးဝင်းရယ်၊ ဦးမြင့်သိန်းဆိုင်ကတော့ ဦးမြင့်သိန်းရယ် ဖမ်းခံရတယ်၊ ချင်းတွင်းစိုးမိုး ဆီဆိုင်ကတော့ လိုင်စင်မရှိလို့ ဘာညာပြောပြီး ဆီဆိုင်ရော ချိပ်ပိတ်ပြီးတော့ လူရောဖမ်းသွားတာ၊ ဆိုင်ရှင်မိဘနှစ်ယောက်နဲ့သမီးပါဖမ်းတာ၊ အဲဒီဆိုင်က ရေနံစိမ်းတွေဘာတွေ အရောင်းအဝယ် လက်ခံတာ တွေ ရှိတယ်လေ၊ ဆီဘောက်ဆာနှစ်စီးရော ဆီကန်တွေရောသိမ်းသွားတာ”လို့ ဆိုင်နဲ့နီးစပ်သူတယောက်က မော်ကွန်းကိုပြောပါတယ်။
ဆီသယ်ယူခွင့်လိုင်စင်မပါတဲ့ ဆီကားတွေကိုလည်း ဖမ်းဆီးနေတာကြောင့် မုံရွာမြို့ထဲကို ဆီကားတွေမဝင်ရဲဘဲဖြစ် နေပြီး မြို့အဝင်မရောက်ခင်မှာ ဆီကားအစီး ၅၀ လောက် သောင်တင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဆီကားတွေဆိုလည်း လိုင်စင်မပါ၊ ဘာမပါဆိုရင် ဖမ်းမှာဆိုတော့ ဆီကားတွေက အဲဒီဘက်မသွားရဲဘူး ဖြစ်နေတာ၊ မုံရွာမြို့အနောက်ဘက် အထွက်က ချင်းတွင်းတံတားပေါ်ကဂိတ်၊ ရွှေတောင်ဦးဂိတ်နဲ့ အောင်ဇေယျကုန်းဂိတ်တွေမှာ စစ်အုပ်စုက ခရီးသွားပြည်သူတွေကို အမျိုးမျိုးဒုက္ခပေးနေတာဖြစ်တယ်” လို့ ဒေသခံက မော်ကွန်းကို ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက မုံရွာမြို့ကို တခြားမြို့နယ်က ကားတွေဝင်ထွက်သွားလာတဲ့အခါ ဆန်တစ်အိတ်၊ပုလဲမြေသြဇာတစ်အိတ်ထက် ပိုမိုတင်ဆောင်ရင် ခွင့်မပြုတာမျိုးရှိခဲ့ပြီး တစ်အိတ်ထက်ကျော်ပါက ဆွဲချလုယူတဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ပုံစာ – ချင်းတွင်းတံတားအနီးက စစ်တပ်စခန်းနဲ့ ဆိုင်ခန်းများ
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

