ဂေထော၊ ရန်ကုန်၊ ဇန်နဝါရီ ၁၉
ကုန်ဈေးနှုန်းတွေ၊ စားဝတ်နေရေးစရိတ်တွေ မြင့်တာလာမှုတွေနဲ့ အဆင်ပြေစေမယ့် နှုန်းထားတစ်ခုကို အစိုးရဘက်က သတ်မှတ်ပေးရမယ့် လုပ်ခလစာမှာ ပြင်ဆင်ပေးဖို့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က အလုပ်သမားတွေက ဒီနေ့မှာ ဆန္ဒပြတောင်းဆိုလိုက်ကြပါတယ်။
“၂၀၂၀ မေလတွင် လုပ်ခနှုန်းထားအသစ် သတ်မှတ်ပေးရေး ဒို့အရေး၊ ခေတ်ကာလနှင့်အညီ ဖူလုံသော လုပ်ခလစာရရှိရေး ဒို့အရေး၊ စားဝတ်နေရေးစရိတ်ကြီးမြင့်မှု အစိုးရမှထိန်းချုပ်ပေးရေး ဒို့အရေး” စတဲ့ကြွေးကြော်သံတို့ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
၂၀၁၈ ခုနှစ် မေလမှာ အစိုးရဘက်က အနည်းဆုံးအခကြေးငွေ တစ်ရက်အတွက် ၄၈၀၀ ကျပ်ပေးဖို့ အနည်းဆုံးအခကြေးငွေဥပဒေအရ သတ်မှတ်ခဲ့ပါတယ်။
အဲ့ဒီဥပဒေမှာလည်း လုပ်ခနှုန်းထားကို နှစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ပြင်ဆင်သတ်မှတ်ရမယ်လို့ ဥပဒေမှာပါရှိပါတယ်။
ဒါကြောင့် ဥပဒေအရ ၂၀၂၀ မေလမှာ အစိုးရကနေ အနည်းဆုံးအခကြေးငွေနှုန်းထားအသစ်ထုတ်ပြန်ရမှာဖြစ်တယ်လို့ “ဖူလုံသောလုပ်ခလစာရရှိရေး ဆန္ဒထုတ်ဖော်ပွဲ” ကထုတ်ပြန်ထားပါတယ်။











သတင်းဓါတ်ပုံ – ဂေထော
#dailynews

