ကမ္မ – ၂၀၂၃ ဖေဖော်ဝါရီ ၂ (မော်ကွန်း)
ပခုက္ကူမြို့ကနေ ပြန်လာတဲ့ ကမ္မမြို့လျှပ်စစ်မှူးနဲ့ ပျူတွေကို ပစ်ခတ်ခဲ့ပြီး ပျူစောထီးနှစ်ဦး သေဆုံးခဲ့တယ်လို့ မြိုင်ပကဖ တာဝန်ရှိသူကပြောပါတယ်။
ကမ္မမြို့နယ်လျှပ်စစ်မှူးနဲ့ မြိုင်မြို့နယ်၊ တွင်းမရွာက ပျုစောထီးငါးဦးဟာ ကားနှစ်စီးနဲ့ ပြန်လာချိန်မှာ မြိုင်ပကဖကတားဆီးစစ်ဆေးရာမရပ်ပေးတာကြောင့် ပစ်ခတ်ခဲ့တာလို့ တာဝန်ရှိသူကပြောပါတယ်။
“စစ်ဆေးနေချိန်သူတို့ကားလာတော့ဝင်တိုက်မလိုလုပ်ပြီး အရှိန်ပြင်းပြင်းနဲ့ပြန်မောင်းထွက်သွားတာ၊ ကျွန်တော်တို့ဘက်ကပစ်လိုက်တော့ ကားတစ်စီးရပ်သွားတယ်၊ကားပေါ်ပါပျူနှစ်ယောက်သေတယ်”လို့ တာဝန်ရှိသူကပြောပါတယ်။
သေဆုံးသွားတဲ့ ပျူစောထီးနှစ်ဦးနဲ့ကားဟာ ကန်တော်နဲ့ကမ္မကြားမှာရှိနေပြီး အလောင်းလာယူတဲ့ အာဏာသိမ်းစစ်တပ်ကို ဒီနေ့မှာ ဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် အလောင်းတွေယူမယူနိုင်တော့ဘဲ ချန်ထားခဲ့တယ်လို့ ပကဖတာဝန်ရှိသူက ပြောပါတယ်။
#Dailynews

