YPS ကဒ် ငါးရက်အတွင်း ရောင်းရငွေ ကျပ်သိန်း ၄၀၀ နီးပါးရှိ

YPS ကဒ် ငါးရက်အတွင်း ရောင်းရငွေ ကျပ်သိန်း ၄၀၀ နီးပါးရှိ

ဂေထော၊ သဇင်လတ်
ရန်ကုန်၊ ၂၀၂၀ ဇူလိုင် ၂၁ (မော်ကွန်း)

YBS ယာဥ် လိုင်းတွေမှာအသုံးပြုမယ့် Yangon Payment Service ကဒ်တွေကို ၅ ရက်တာအတွင်း ရောင်းချရငွေ သိန်းပေါင်း ၄၀၀ နီးပါးရရှိတယ်လို့ Asia Starmar Transport Intelligent Co.,Ltd.မှ Chief Marketing Officer ဒေါ်ရီရီခင်က ယနေ့သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကိုပြောပါတယ်။

ငွေပေးချေတဲ့ကဒ်တွေကို ဇူလိုင် ၁၆ ရက်နေ့မှာစတင်ရောင်းချခဲ့ရာ ကဒ်ပေါင်း ၉,၀၀၀ ကျော်ရောင်းချရပြီး ယနေ့မှာ စတင်အသုံးပြုနိုင်တာဖြစ်ပါတယ်။

” အခုကတော့ လက်ရှိမှာ စီးလို့ရမယ့်ကားက ၅၀၀ ကျော်ရှိတယ်။ ဒါမယ့် ကျွန်မတို့ဆက်ပြီး နောက်ထပ်ချဲ့သွားမယ်ဆိုရင်တော့ ဒါလေးကတော့ မြိုင်မြိုင်ဆိုင်ဆိုင်ပိုဖြစ်သွားမယ်” လို့ ဒေါ်ရီရီခင်ကပြောပါတယ်။

စတင်အသုံးပြုမယ့် ယာဉ်လိုင်းတွေကတော့ YBPC ကုမ္ပဏီမှာရှိတဲ့ ယာဉ်လိုင်းခုနစ်လိုင်းမှ ဘတ်စ်ကားအစီးရေ ၃၆၃ စီးနဲ့ ဗန္ဓုလကုမ္ပဏီမှာရှိတဲ့ ယာဉ်လိုင်းခြောက်လိုင်းမှ ဘတ်စ်ကားအစီးရေ ၂၃၄ စီးတို့ဖြစ်ပါတယ်။

စတင်အသုံးပြုနိုင်ပြီး စီးနင်းနိုင်တဲ့ ယာဥ် လိုင်းနံပါတ်တွေကတော့ ၄၃၊ ၆၂၊ ၇၂၊ ၈၇၊ ၈၈၊ ၈၉၊ ၉၆၊ ၁၂ ၊ ၁၄ ၊ ၂၅ ၊ ၃၀နဲ့ ၃၈ တို့ပဲဖြစ်ပါတယ်။

ကဒ်ရောင်းချမှုနဲ့ ငွေဖြည့်သွင်းတဲ့ဝန်ဆောင်မှုတွေကိုတော့ ဆူးလေ၊ သမိုင်းနဲ့ တာမွေမြို့မှာရှိတဲ့ YPS Service Center သုံးခုမှာ ကဒ်များဝယ်ယူနိုင်တဲ့အပြင် G&G ဆိုင်ပေါင်း ၁၀၂ ဆိုင်မှာလည်း၀ယ်ယူ ငွေဖြည့်သွင်းနိုင်ပါတယ်။

ကဒ်စျေးနှုန်းကတော့ တစ်ကဒ်ကို ၂,၀၀၀ ကျပ်ဖြစ်ပြီး ငွေဖြည့်နိုင်တဲ့ပမာဏကတော့ တစ်ကဒ်ကို အနည်းဆုံး ၁,၀၀၀ ကျပ်ကနေ ၅၀,၀၀၀ ကျပ်အထိ ထည့်သွင်းနိုင်ပါတယ်။

ပုံစာ – ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ YPS ကဒ်အသုံးပြုမှုနဲ့ပတ်သက်ပြီး Yangon Payment Service ရဲ့ ဝန်ထမ်းတစ်ဦးက သရုပ်ပြနေစဥ်


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."