စည်သူ
ရန်ကုန် -၂၀၂၀ ဇန်နဝါရီ ၁၂(မော်ကွန်း)
ရွေးကောက်ပွဲတရားမဲ့ပြုကျင်မှု၊ ဥပဒေမဲ့ဆောင်ရွက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးခွဲက အမှုပေါင်း ၅၀ ကျော်တိုင်ကြားထားတယ်လို့ ပါတီခရိုင်ရုံးမှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပါတယ်။
” နိုင်မယ့်အမှုမျိုးကို တင်ပြထားတာဖြစ်တယ်။ ကိုယ်စားလှယ်လောင်းတွေရဲ့ မတရားပြုကျင့်မှုတွေ၊ ပါတီပိုင်းဆိုင်ရာ မတရားပြုကျင့်မှုတွေပါတယ်”လို့ တိုင်းကြားခဲ့တဲ့ အခြေအနေကို ပါတီရဲ့ ခရိုင်ကော်မတီဝင် ဦးမျိုးဝင်းကျော်က ပြောပါတယ်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို ၄၅ မှု ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ငါးမှုနဲ့ ရဲစခန်းကို ငါးမှု တိုင်ကြားထားတာဖြစ်တယ်လို့ ဦးမျိုးဝင်းကျော်က ပြောပါတယ်။
ရန်ကုန်အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဒေါက်တာကျော်စိုးဝင်ကတော့ တိုင်ကြား ထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။
USDP ပါတီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ဆိုရင် ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားတဲ့ တိုင်ကြားမှုပေါင်း ၁,၁၀၀ ကျော် ရှိတယ်လို့ နိုဝင်ဘာ လကုန်ပိုင်းက ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီဒုတိယဥက္ကဌ ဦးခင်ရီက ပြောထားပါတယ်။
ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ USDP ပါတီက ကိုယ်စားလှယ်လောင်း ၁,၀၉၁ နေရာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ပြည်ထောင်စုလွှတ်တော်မှာ ၃၃ နေရာနဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာ ၃၈ နေရာအနိုင်ရခဲ့ပါတယ်။
ပုံစာ – နိုဝင်ဘာ ၅ရက်နေ့ ဒေါပုံမြို့နယ်အတွင်း USDPပါတီက မဲဆွယ်လှည့်လည်စဉ်
ဓာတ်ပုံ – စည်သူ
#Dailynews

