ရန်ကုန်- ၂၀၂၃၊ မတ်လ ၁၄ (မော်ကွန်း)
ရန်ကုန်၊ ဗဟန်းမြို့နယ်အခြေစိုက် Bahan Guerrilla Force BPDF က တော်လှန်ရေးရဲဘော်အသစ်တွေခေါ်ယူနေပါတယ်။
“အဓိကကတော့ အင်အားတိုးချဲ့ပြီး ကျယ်ကျယ်ပျံ့ပျံ့ တိုက်ပွဲဝင်နိုင်ဖို့ပါဗျ။ ပြီးတော့ အားဖြည့်ပါဝင်လိုတဲ့သူတွေအတွက် BPDF လည်း စိတ်ချရတဲ့ တပ်တစ်ခုအနေနဲ့ ရှိတယ်ဆိုတာ ပြောချင်လို့ပါ” လို့ Bahan Guerrilla Force မှ တာဝန်ခံကပြောပါတယ်။
စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်ချင်တဲ့ ဗဟန်းမြို့နယ်ကပြည်သူတွေသာမက နေရာအနှံ့က မည်သူမဆိုလာရောက်ပူးပေါင်းပါဝင်ကြဖို့သူကဖိတ်ခေါ်ပါတယ်။
လာရောက်လျှောက်ထားသူတွေအနေနဲ့ Bahan Guerrilla Force BPDF ရဲ့ တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ https://t.me/BPDF_Office မှ တစ်ဆင့်လာရောက်ဆက်သွယ်နိုင်တယ်လို့သူကပြောပါတယ်။
လျှောက်ထားသူတွေရဲ့ အချက်အလက်တွေကိုသိမ်းဆည်းထားပြီး ချက်ချင်းလက်မခံသေးဘဲအချိန်ယူကာစောင့်ကြည့်သွားမယ်လို့လည်းဆိုပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီး နှစ်နှစ်အတွင်း Bahan Guerrilla Force ဟာ ဗဟန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်ပါးစေတပ်သားတွေအခြေချထားတဲ့နေရာတွေ နဲ့ စစ်ကောင်စီနဲ့ဆက်နွယ်နေတဲ့ဒလန်တွေ၊ အဆောက်အဦးတွေက်ို တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
Bahan Guerrilla Force ဟာလတ်တလော လွတ်မြောက်နယ်မြေတစ်ခုမှာ တပ်စခန်းတစ်ခုတည်ထောင်ထားပြီးဖြစ်သလို ရန်ကုန်မြို့အတွင်းမှာဆိုလည်းဆက်လက်ပြီးမစ်ရှင်တွေပြုလုပ်သွားဖို့ရှိတယ်လို့ဆိုပါတယ်။
Bahan Guerrilla Force ဟာစတင်တည်ထောင်ခဲ့တာအခုဆိုနှစ်နှစ်နီးပါးရှိလာပြီဖြစ်သလို ဆက်လက်ပြီးလည်း စစ်ကောင်စီကိုအစွမ်းကုန်တိုက်ခိုက်အမြစ်ဖြုတ်သွားမယ်လို့ကြွေးကြော်ထားပါတယ်။
#Dailynews

