ARV ရေရှည်ရရှိရေး ရတက်မအေးစရာ

ARV ရေရှည်ရရှိရေး ရတက်မအေးစရာ

၂၀၁၄-ဒီဇင်ဘာလ-၂၀၁၅-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၉) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ခင်မောင်မြင့် ရေးသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၀၁၄

မနွေးနွေးသည် သူ၏ လေးနှစ်အရွယ် သမီးလေး လူ့လော ကတွင် သက်တမ်းစေ့နေထိုင်နိုင်ရေးအတွက် စိုးရိမ်မကင်းဖြစ် နေသည်။ သူ့သမီးလေး လူဘဝတွင် သက်တမ်းစေ့ နေထိုင်ရန် မျှော်လင့်ချက်က တစ်စုံတစ်ခုတည်းပေါ်တွင် မူတည်နေသည်။

ယင်းမှာ Antiretroviral (ARV) ခေါ် ပိုးထိန်းဆေးပဲ ဖြစ် ပါသည်။ ယင်းဆေးသည် HIV ကြောင့် ကိုယ်ခံအားကျဆင်းနေသူ များ ကိုယ်ခံအားကို ထိန်းနိုင်ရန် တိုက်ကျွေးသော ဆေးပဲဖြစ် သည်။

ယနေ့အခါ မနွေးနွေးတို့ သားအမိနှစ်ယောက်စလုံး ARV ဆေးသောက်နေသည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။ ရှေ့ဆက်ပြီး အသက်ရှင်သန်နေသမျှ ကာလပတ်လုံး ARV ဆေးသောက်နေ ရဦးမည်ဖြစ်သည်။

“ကျွန်မနဲ့ ကျွန်မသမီး ရှေ့ဆက် အသက်ရှင်သန်ဖို့ လိုအပ် တာက ARV ဆေးပဲ။ ဒီဆေးက ကျွန်မရဲ့ အသက်၊ သမီးလေးရဲ့ အသက်ပါ”ဟု မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်မှ ရန်ကုန်ရှိ သဇင်ဆေးခန်းသို့ ဆေးလာယူသော အသက် ၃၅ နှစ် အရွယ် မနွေးနွေးက တိုးညှင်းသောလေသံနှင့် ပြောသည်။

မြန်မာနိုင်ငံတွင် မနွေးနွေးတို့ကဲ့သိ့ု HIV ဖြင့်နေထိုင်သူ ခန့်မှန်းခြေ ၁၈၅,၀၀၀ ခန့်ရှိသည်ဟု အမျိုးသားကိုယ်ခံအား ကျ ဆင်းမှု ရောဂါတိုက်ဖျက်ရေးစီမံချက် (National AIDS Program- NAP)၏ ကိန်းဂဏန်းများကဆိုသည်။

ယင်းတို့အနက်မှ  ဆေးသောက်ဖို့ လိုအပ်နေသည့် အရေအတွက်မှာ ၁၂၅,၀၀၀ ကျော်ရှိသည်ဟု NAP ၏ ကိန်း ဂဏန်း ကဆိုသည်။ ထိုအထဲမှ ၅၄ ရာခိုင်နှုန်းကို လောလောဆယ် ဆေးပေးလျက်ရှိသည်ဟုလည်း NAP က ဆိုပါသည်။

ကျန်ရှိသည့် ဆေးလိုအပ်သူများအား ဆေးဝါးထောက်ပံ့ ပေးနိုင်ရေးကို သက်ဆိုင်ရာနှင့် နိုင်ငံတကာအဖွဲ့အစည်းအသီး သီးတို့က ဆက်လက်ကြိုးပမ်းနေကြစဉ်မှာပဲ ယခုလက်ရှိ ထောက်ပံ့ပေးနေသူတို့အား ဆက်လက်ထောက်ပံ့ပေးနိုင်ရေးမှာ စိုးရိမ်စရာဖြစ်နေပါသည်။

“၂၀၁၆ အထိကတော့ ကျွန်တော်တို့အတွက် ဘာမှ အခက်အခဲမရှိပါဘူး”ဟု NAP မှ လက်ထောက်òန်ကြားရေးမှူး ဒေါက်တာထွန်းညွန့်ဦးက ပြောသည်။

၂၀၁၆ အလွန်

ယခုလက်ရှိ ဆေးဝါးထောက်ပံ့နိုင်ရေးအတွက် ရရှိထား သော အလှူငွေမှာ ၂၀၁၆ ခုနှစ်အထိသာ ရှိသည့်အတွက် နောက် ပိုင်းကာလတွင် အလှူငွေဆက်လက်ရရှိမည်၊ မရရှိမည်မှာ မသေ ချာသေးသဖြင့် အဖွဲ့အစည်းများအနေဖြင့် ယခုကဲ့သို့ စိုးရိမ်နေကြ ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးများမလုပ်မီ ၂၀၁၀ မတိုင်ခင်က HIV နှင့်ပတ်သက်ပြီး အလှူငွေ အမြောက်အများ လက်ခံရရှိခဲ့သော်လည်း ပြုပြင်ပြောင်းလဲရေးများလုပ် လာသည့် ၂၀၁၁ နောက်ပိုင်းမှစတင်ကာ အလှူငွေရရှိမှု လျော့နည်းလာခဲ့သည်ဟုဆိုပါသည်။

အကြောင်းမှာ နိုင်ငံရေးပြောင်းလဲရေးဖြစ်စဉ်များ၊ အုပ် ချုပ်ရေးနှင့်ပတ်သက်သော ဖြစ်စဉ်များတွင် နိုင်ငံခြားအလှူငွေ များကို အသုံးပြုလာရသည့်အတွက် ငွေကြေးမှာ တစ်နေရာ တည်းတွင်စုမနေဘဲ ပြန့်ကြဲသွားခြင်းကြောင့် ဖြစ်သည်ဟု ကုလ သမဂ္ဂ HIV နှင့် AIDS ပြန့်ပွားမှု တားဆီးတိုက်ဖျက်ရေးအဖွဲ့(UNAIDS)၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး မစ္စတာ ဧမွန်မာဖီ (Mr.Eamonn Murphy) က မော်ကွန်းကို ပြောပြသည်။

“၂၀၁၆ နောက်ပိုင်းမှာ အဓိက စိန်ခေါ်မှုအနေနဲ့ ပြောရရင် တော့ ငွေကြေးပဲပေါ့။ Global Fund (ကမ္ဘာ့ရန်ပုံငွေ)၊ 3 D Fund (ရောဂါသုံးမျိုးရန်ပုံငွေ)တို့က ဆက်ပြီးပေးနေတဲ့ဟာက ၂၀၁၆ မှာ ပြီးတော့မယ်”ဟု မစ္စတာမာဖီက ဆိုပါသည်။

ယခုကဲ့သို့ ထောက်ပံ့ပေးသောရန်ပုံငွေ မရှိတော့သည့် အခါ၊ သို့မဟုတ် နည်းသွားသည့်အခါ HIV နှင့် နေထိုင်သူများ အသက်ရှင်ရေးမှာ စိုးရိမ်စရာဖြစ်လာကြောင်း မြန်မာနိုင်ငံ HIV နှင့် နေထိုင်သူများအသင်း (Myanmar Positive Group – MPG) ၏ ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ပြောပြသည်။

“Global Fund က မပေးတော့ဘူးဆိုရင် ကျွန်တော်တို့ နိုင်ငံ ဘာလုပ်မှာလဲ။ ဒီလူတွေရဲ့အသက်ရှင်ရေးတွက် ဘာလုပ်မှာ လဲ။ အဲဒါသည် ကျွန်တော်တို့အတွက် စိုးရိမ်စရာဖြစ်တယ်”ဟု ဦးမျိုးသန့်အောင်က မေးခွန်းထုတ်သည်။

အလှူငွေများလျော့နည်းလာသည့် ၂၀၁၆ နောက်ပိုင်းတွင် HIV နှင့်ပတ်သက်သည့် ရန်ပုံငွေများ ပြတ်တောက်မသွား အောင် အစီအစဉ်များရှိရန် လိုအပ်သည်ဟု သူကဆိုသည်။

“အခု အဲဒီလိုမျိုးတွေ မရှိသေးဘူး။ အစိုးရတစ်ယောက် တည်း ပြင်ဆင်ရုံနဲ့လည်း မရဘူးလေ”ဟု ဦးမျိုးသန့်အောင်က ပြောသည်။

လာမည့်နှစ်တွင်ပြီးဆုံးမည့် ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက် ရေး ရည်မှန်းချက်(MDG) နေရာတွင် အစားထိုးမည့် Sustainable Development Goal (SDG) အား ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှ ယခုအချိန်တွင်စပြီး ဆွေးနွေးနေပြီဖြစ်သည်။

SDG အတည်ဖြစ်လျှင် ထောက်ပံ့ရေးလုပ်ငန်းများကို ၂၀၃၀  အထိ ဆက်လုပ်သွားမည်ဖြစ်သည်ဟုဆိုပါသည်။ အချက် ၁၇ ချက်ပါဝင်သော SDG တွင် နံပါတ် ၃ သည် ကျန်းမာရေးနှင့် သက်ဆိုင်သည်။ ကျန်းမာရေးကဏ္ဍအောက်တွင် HIV လည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု UNAIDS ၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးက ဆိုသည်။

“ကျန်းမာရေးဝန်ကြီးဌာနက ဒီဟာကို စဉ်းစားတဲ့နေရာ မှာ မဟာဗျူဟာကျကျစဉ်းစားထားတယ်။ HIV နဲ့ပတ်သက်ပြီး အမျိုးသားမဟာစီမံကိန်း ရေးဆွဲထားတာလည်းရှိတယ်”ဟု မစ္စတာမာဖီကဆိုသည်။

ဆင်းရဲတွင်းမှ လွတ်လာလျှင်

မြန်မာနိုင်ငံသည် လာမည့်နှစ်အနည်းငယ်အတွင်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းမှ လွတ်မြောက်နိုင်မည်ဖြစ်ရာ ထို အချိန်သို့ရောက်လာလျှင် နိုင်ငံတကာ အထောက်အပံ့ ရပ်သွား နိုင်သည်၊ သို့မဟုတ်လျှင်လည်း နည်းသွားနိုင်သည်ဟု MARIE STOPES INTERNATIONAL မှ မြန်မာနိုင်ငံဆိုင်ရာညွှန် ကြားရေးမှူး ဒေါက်တာစစ်နိုင်က ဆိုသည်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများသည် HIVနှင့်ပတ်သက် သော ဆေးဝါးများကို အခြားနိုင်ငံမှ နည်းပညာယူကာ ၤသမာကူေ တိုင်းကူးချပြီး ကိုယ့်နိုင်ငံတွင်းမှာ ထုတ်လို့ရနိုင်သည်။ အဆင်းရဲဆုံးနိုင်ငံဖြစ်သည့်အတွက် မည်သည့်ဆေးကုမ္ပဏီမှ တရား စွဲဆို၍ မရနိုင်။ အဆင်းရဲဆုံးနိုင်ငံမှ လွတ်မြောက်သွားလျှင် ၎င်းင်းအခွင့်အရေးများဆုံးရှုံးသွားနိုင်သည်ဟု ၎င်းက ဆက်လက် ပြော သည်။

“ဒါကို အစိုးရက တာဝန်ယူပေးနိုင်ရင်တော့ ကောင်းတာပေါ့။ နိုင်ငံသာအဆင်းရဲဆုံးနိုင်ငံထဲက လွတ်မြောက်သွားတာ။ အောက်ခြေက လူတွေ ချမ်းသာလာတာမဟုတ်ဘူး။ ပိုက်ဆံရှိတဲ့ သူတွေကသာ ပိုချမ်းသာသွားတာ”ဟု ဒေါက်တာစစ်နိုင်က ဆို ပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် ဆေးဝါးများထုတ်လုပ်သည့် အခါ မူပိုင်ခွင့်နာမည်များနှင့် ထုတ်ကြသည်။ မူပိုင်ခွင့်နှင့် ထုတ် သည့်အတွက် ဆေးဝါးများဝယ်သည့်အခါ ဈေးကြီးကြီးပေးဝယ်ရနိုင်သည်။

လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထွန်းညွန့်ဦးက တော့ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ် ၂၀၂၁ အထိ သက်တမ်းတိုးလိုက်သည့်အတွက် မြန်မာနိုင်ငံအနေနှင့် အခွင့်အရေးများစွာ ကျန်သေးသည်ဟုဆိုသည်။ ကြားကာလ တွင် ငါးနှစ်လောက်ရှိနေသေးသည့်အတွက်  ပြင်ဆင်ရန် အချိန်ရ သေးသည်ဟု ၎င်းင်းက ဆိုသည်။

“၂၀၂၁ခုနှစ်အထိ ကျွန်တော်တို့ အိန္ဒိယက HIV  နဲ့ ပတ် သက်တဲ့ ဈေးသက်သာတဲ့ ဆေးဝါးတွေ သုံးလို့ရပါသေးတယ်”ဟုလည်း ဒေါက်တာထွန်းညွန့်ဦးက ဆိုသည်။

မျှော်လင့်ချက်ဖြင့် ဆုတောင်း

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ကိုဇော်ဇော် (၃၂ နှစ်) သည် ဆေးကုသရန် ရန်ကုန်မြို့၊ တောင်ဒဂုံ (၁၈) ရပ်ကွက် NLD-HIV/AIDS ဂေဟာရောက်နေသည်မှာ နှစ်လ ကျော်ရှိပြီဖြစ်သည်။ သူအသက်ရှင်သန်ရန် လိုအပ်သည့် ARV ဆေးကိုလည်း သောက်နေပြီဖြစ်သည်။

သူ့တွင် HIV ရှိနေပြီဟု စသိချိန်တွင် စိတ်ဓာတ်တွေကျ သွားသည်။ သူ့ပတ်ဝန်းကျင်တွင် HIV အကြောင်း ကြားသိရ သည်မှာ ဆေးကုသ၍ မရနိုင်ဟူ၍ဖြစ်သည်။ ထိုသို့ကြားသိရပြီး နောက်တွင် မြန်မြန်သေအောင် အရက်ကိုနေ့ရော၊ ညပါသောက် ဖြစ်သည်။ ထို့နောက် လပွတ္တာမြို့ပေါ်မှ လူတစ်ယောက်၏ လမ်း ညွှန်မှုကြောင့် ရန်ကုန်ရောက်လာခြင်းဖြစ်သည်။

ကိုဇော်ဇော်(အမည်လွဲှ)တစ်ယောက် လွန်ခဲ့သည့် လေး၊ ငါးလနှင့်ယှဉ်လျှင် သူ့စိတ်တွေ ပြောင်းလဲလာခဲ့သည်။ သူ အသက်ရှင်သန်ချင်လာသည်။ အရက်ကိုလည်း မသောက်တော့ ပေ။

သူ နေ့တိုင်းလိုလို ဘုရားတွင် ဆုတောင်းသည့်အရာမှာ တစ်ခုသော အရာပင်ဖြစ်သည်။ ယင်းမှာ ARV ဆေး အသက်ရှင် နေသမျှ ရရှိရေးပင်ဖြစ်သည်ဟု ကိုဇော်ဇော်က ပြောသည်။

သူလိုအပ်သည့်ဆေးကို တစ်သက်လုံး မျှော်လင့်ထားသော် လည်း သူအနေနှင့် မျှော်လင့်ရုံ၊ ဆုတောင်းပေးရုံကလွဲပြီး ဘာမှ မတတ်နိုင်ဟုဆိုပါသည်။ သူက ယခုလိုလည်း ပြောသေးသည်။

“ကျွန်တော် ဒီဆေးကို မရခင်အထိ သေလောက်အောင် စိတ်ဓာတ်တွေကျခဲ့တာ။ အခု အဲဒီစိတ်တွေ မဖြစ်တော့ဘူး။ ဒါက လည်း ဒီဆေးအပေါ်မှာ မူတည်နေတယ်လေ” ။         ။

[:en]

“ကျွန်တော် ဒီဆေးကို မရခင်အထိ သေလောက်အောင် စိတ်ဓာတ်တွေကျခဲ့တာ။ အခု အဲဒီစိတ်တွေ မဖြစ်တော့ဘူး။ ဒါက လည်း ဒီဆေးအပေါ်မှာ မူတည်နေတယ်လေ”

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."