ဂေထော
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၂၂ (မော်ကွန်း)
ကုန်စိမ်းများလက်ကားရောင်းချပေးနေသည့် သီရိမင်္ဂလာဈေးတွင် COVID-19 ရောဂါအတည်ပြုလူနာ ၁၀ ဦး တွေ့ရှိထားသော်လည်း ဈေးပိတ်သိမ်းရန်ညွန်ကြားထားခြင်းမရှိကြောင်း ယင်းဈေး၏တာဝန်ခံ ဦးအောင်လင်းဦးက မော်ကွန်းသို့ပြောသည်။
သီရိမင်္ဂလာဈေးရှိ ဆိုင်ခန်း ၅ခန်းမှ ဈေးရောင်းကြသူ ၁၀ ဦးတို့သည် အနံ့မရသဖြင့် Fever Clinic ဆေးခန်းပြရာမှ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ဈေးကကုန်စိမ်းတန်းနဲ့စားနပ်ရိက္ခာရောင်းချတဲ့ဈေးဖြစ်တဲ့အတွက် ကျွန်တော်တို့က လုံးလုံးပိတ်လိုက်ဖို့အစီစဉ်မရှိသေးပါဘူး။ဒါမယ့် ၃၀ ရာခိုင်နှုန်းလောက်ပဲဖွင့်တာရှိတယ်။သူတို့ကိုယ်တိုင် သူတို့ဈေးတွေမရောင်းတော့တာ”ဟု လှိုင်မြို့နယ်၊မဲဆန္ဒနယ် အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းကပြောသည်။
ရောဂါပိုးတွေ့ရှိခဲ့သည့် ဈေးဆိုင်များကို ပိုးသတ်ဆေးဖျန်းကာ Lockdown လုပ်ဆောင်ခဲ့ပြီး အတည်ပြုလူနာနှင့် ဆက်စပ်သူများကိုလည်း အသွားအလာကန့်သတ်ထားကြောင်း ဦးကျော်ကျော်ထွန်းက ရှင်းပြသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်အားလုံး(ကိုကိုးကွန်းမပါ)တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီစဉ်တွင် အကျုံးဝင်ကြောင်း ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်လာ ၂၀ ရက်ကထုတ်ပြန်ခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ ယနေ့အထိ COVID-19 ရောဂါအတည်ပြုလူနာ ၆,၄၇၁ ဦး၊ဆေးရုံမှဆင်းခွင့်ရရှိသူ ၁,၄၄၅ ဦးနှင့် သေဆုံးသူ ၁၀၀ အထိရှိခဲ့သည်။
#Dailynews

