COVID – 19 စစ်ဆေးသည့် Test Kits ငါးထောင် မြန်မာနိုင်ငံအတွက် UN ဝယ်ယူလျက်ရှိ

COVID – 19 စစ်ဆေးသည့် Test Kits ငါးထောင် မြန်မာနိုင်ငံအတွက် UN ဝယ်ယူလျက်ရှိ

အောင်ပိုင်
ရန်ကုန် – မတ် ၃၀၊ ၂၀၂၀ (မော်ကွန်း)

မြန်မာနိုင်ငံအား COVID – 19 စစ်ဆေးသည့် Test Kits ငါးထောင်ထောက်ပံ့ ရန် ကုလသမဂ္ဂက ဝယ်ယူလျက်ရှိသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ယနေ့သတင်းထုတ်ပြန်သည်။

“ဘယ်နိုင်ငံကမှာတဲ့ Test Kits တွေလည်းဆိုတာတော့ ကျွန်တော်လည်သေချာမသိသေးဘူး။ ထုတ်ပြန်ချက်မှာပါတဲ့အတိုင်းပဲ UNOPS ၊ UNICEF ၊ WFP နဲ့ UNHRC တို့က စုပေါင်းပြီး ဝယ်ယူထောက်ပံ့တာပါ။ နောင်လည်း PEE တွေ၊ လိုအပ်တဲ့ ကိရိယာပစ္စည်းတွေ ထောက်ပံ့ပေးသွားဦးမှာပါ” ဟု မြန်မာနိုင်ငံရှိကုလသမဂ္ဂရုံးမှ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုင်ငံများအားလုံး COVID – 19 ရောဂါ စစ်ဆေးခြင်းများကို အလျင်မြန်ဆုံးတိုးချဲ့ဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

ယင်းထုတ်ပြန်ချက်အရ WHO နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ယခင်က အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ Test Kits သုံးထောင် ထောက်ပံ့ခဲ့ပြီးဖြစ်ရာ ယခုထောက်ပံ့မည့် Test Kits များမှာ ထပ်တိုးမှာယူခြင်းဖြစ်သည်။

မတ်လ ၁၈ ရက်ကလည်း တရုတ်အစိုးက မြန်မာနိုင်ငံသို့ လူ ၂,၀၀၀ ကျော်အတွက် COVID – 19 ဓာတ်ခွဲစစ်ဆေးကိရိယာများကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ အမျိုးသားကျန်းမာရေးဌာနခွဲတွင် ထားရှိစစ်ဆေးသွားမည်ဟု ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."