သုံးသပ်ချက်များ

ရှီကျင့်ဖိန်ရဲ့ သန့်စင်ခန်း မဟာယဉ်ကျေးမှု တော်လှန်ရေး

November 27, 2018

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ သုံးသပ်ချက် ဖြစ်ပါသည်။ ဒေါက်တာစိုးခိုင်ရေးသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှာ တရုတ်ပြည်သူ့ သမ်္မတနိုင်ငံသမ်္မတ မစ်္စတာရှီကျင့်ဖိန်က တစ်နိုင်ငံ လုံးနဲ့ သက်ဆိုင်တဲ့ သန့်စင်ခန်း (အိမ်သာ)နဲ့ စပ်လျဉ်းတဲ့ မဟာတော်လှန်ရေးတစ်ရပ် ဆင်နွှဲ မယ်လို့ တရားဝင်ဩန်ကြားခြင်း မိန့်ခွန်းပြောပြီး ကြေညာခဲ့ပါတယ်။               ၁၉၆၆ ခုနှစ်မှာ ဥက်္ကဋ္ဌကြီး မော်စီတုန်းရဲ့ တတိယဇနီး မဒမ်ကျန် ချင်းဦးဆောင်တဲ့ လေးဦးဂိုဏ်း (GANG OF FOUR) ဟာ တရုတ်ကွန်မြူနစ်ပါတီအတွင်းမှာ ရှိနေတဲ့ ဖောက်ပြန်တဲ့ ပြန် လည်ပြုပြင်ရေးဝါဒီတွေနဲ့ လူတန်းစားမမှန်တဲ့ အရင်းရှင် ဓနရှင် လက်ကျန်တွေရဲ့ အဆက်အသွယ်တွေကို ပါတီနဲ့ နိုင်ငံတော် အတွင်း နှောင့်ယှက်ဖျက်ဆီးနေမှုကို ကာကွယ်ဖယ်ရှား ရှင်းလင်း […]

အပြည့်အစုံဖတ်ရန်

နှစ်ဆယ့်တစ်ရာစု ပင်လုံ တတိယအကြော့ဆီ

November 27, 2018

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ သုံးသပ်ချက် ဖြစ်ပါသည်။ သန်းစိုးနိုင်ရေးသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က        ၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ် ဖြစ်ရမယ်လို့ ကြွေးကြော် မျှော် မှန်းခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ၂၀၁၇ ဟာ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွေ ခြိမ့်ခြိမ့်သဲအောင်မြင်ဖြစ်ထွန်းတဲ့ နှစ်တစ်နှစ် ဖြစ်မလာခဲ့ပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဒီနှစ်အတွင်း ထင်ရှားသိသာတဲ့ အောင်မြင်မှုတွေ မရခဲ့တဲ့အပြင် ငြိမ်းချမ်းရေး ရထားကြီး ရှေ့မတိုးသာ နောက်မဆုတ်သာနဲ့  တန့်အီနေတာ နှစ်ဝက်လောက် ရှိပါပြီ။ နောက်ပြန်များ         ဆုတ်ဦးလေမလားလို့ ရင်မပြီး စောင့်ကြည့်နေကြရတာ              ခြောက်လနီး ပါး ကြာခဲ့ပါပြီ။ ငြိမ်းချမ်းရေးလှုပ်ရှားမှုဆိုင်ရာ တိုးတက်အောင်မြင်မှုရယ်လို့ လက်ညှိုးထိုးပြစရာဆိုလို့ ဒုတိယ အကျော့ ပြည်ထောင်စုငြိမ်းချမ်းရေး […]

အပြည့်အစုံဖတ်ရန်

ရာစုနှစ်ချီ ကြာဦးမည်လော

November 15, 2018

သန်းစိုးနိုင်ရေးသည် တအာန်းပလောင်အဖွဲ့ (TNLA) သတင်းနှင့် ပြန်ကြားရေးဌာနက လစဉ် ထုတ်ဝေတဲ့ စာစောင်မှာ ‘မြန်မာပြည်တွင်းစစ် ရာစုနှစ်ထိအောင် ရှည်ကြာမှာလား’ ဆိုတဲ့ ခေါင်း စီးနဲ့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တာ့ဘုန်းကျော်က ဆောင်းပါး တစ်စောင် ရေးခဲ့ပါတယ်။ ဒီဆောင်းပါးထဲမှာ ‘လူမျိုးပေါင်းစုံ နေထိုင်သည့် မြန်မာ နိုင်ငံတွင် လူမျိုးစုများ၏ နိုင်ငံရေး အခွင့်အရေး ဆိတ်သုဉ်းပျက်စီးနေခြင်း၊ တိုင်းရင်း သားအခွင့်အရေးကို လက်မခံ၊ အသိအမှတ်မပြုခြင်းများသည် ပြည်တွင်းစစ်ဖြစ်ပွား နေရခြင်း၏ အဓိက အရင်းခံပြဿနာဖြစ်သည်’ လို့ ဗိုလ်မှူးချုပ်တာ့ဘုန်းကျော်က ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများအနေနဲ့ ¤င်း တို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ နိုင်ငံရေးအခွင့်အရေးကို ကျင့်သုံးခွင့်ရရှိမည်ဆိုပါက ဗြိတိသျှ ကိုလိုနီတွေ ဘယ်လိုသိမ်ဖျင်းတဲ့ သွေးခွဲအုပ်ချုပ်မှုမျိုး လုပ်ခဲ့ပါစေ၊ ဒီသွေးခွဲမှုဟာ အလုပ်ဖြစ်ခဲ့မှာ […]

အပြည့်အစုံဖတ်ရန်

စစ်ပွဲအားလုံး ရပ်ကြပါ

September 11, 2018

၂ဝ၁၈၊ မေ-ဇူလိုင်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၆)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ ရန်ကုန် (မေ – ဇူလိုင် ၂ဝ၁၈)  သန်းစိုးနိုင်ရေးသည်   ၂ဝ၁၈ မေ ၁၈ ရက်မှာ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် ချုပ် တည်းမှုကို ပြသရန်အတွက် ချက်ချင်း  အပစ်အခတ်ရပ်စဲရေး ကြေညာဖို့ တောင်းဆိုလိုက်ပါတယ်။ အဆိုပါဒေသအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေ ကြောင့် တရုတ်နိုင်ငံသား သုံးဦး သေဆုံးပြီး ဒုံးကျည်သုံးစင်းနဲ့ လမ်းလွဲလာ တဲ့ ကျည်တချို့ တရုတ်နိုင်ငံပိုင်နက်ထဲကို ကျရောက်ခဲ့တယ်လို့လည်း ဆိုပါ တယ်။ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ဒီကိစ္စကို အနီးကပ်အာရုံစိုက် စောင့်ကြည့်နေပြီး တရုတ်-မြန်မာနယ်စပ်တစ်လျှောက် ကင်းလှည့်ခြင်း၊  လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ခြင်းတွေ ပြုလုပ်နေတယ်။ တရုတ်တပ်မတော်ဟာ နယ်စပ်ထိန်းချုပ်မှု အားကောင်းရေး၊ […]

အပြည့်အစုံဖတ်ရန်

အဆန်ချောင် ဟန်ဆောင်ညီလာခံ

August 24, 2018

၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ ဆောင်းပါးဖြစ်ပါသည်။ သန်းစိုးနိုင် ( အဆန်ချောင် ဟန်ဆောင်ညီလာခံ) ၂ဝ၁၈၊ ဇူလိုင် ၁၁ ရက်က နေပြည်တော်ရှိ MICC 2 မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံ တတိယအကျော့ အစည်းအဝေးကို စတင် ကျင်းပနိုင်ခဲ့ကြပါတယ်။ ၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယအကျော့ အစည်းအဝေး ကျင်းပပြီး တစ်နှစ်နီးပါး ကြာမှ တတိယအကျော့ အစည်းအဝေးကို ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီတတိယအကျော့ အစည်းအဝေးရဲ့  ထူးခြားချက်ကတော့ ၤFPNCC မြောက်ပိုင်းအဖွဲ့ ခုနစ်ဖွဲ့လုံး တက်ရောက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုချုပ်တို့နဲ့ နှစ်ဖွဲ့ ခွဲပြီး တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ […]

အပြည့်အစုံဖတ်ရန်

ရခိုင်အရေး ပွင့်လင်းမြင်သာမှုရှိကြောင်း ပြသပါ

November 30, 2017

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသောပဋိပက္ခကို လူမျိုးစုရှင်းလင်းရေးလုပ်ဆောင်မှု (Ethnic Cleansing) ဖြစ်စဉ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တစ်လာဆန်က နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်ပြီ ဖြစ်သည်။ ကုလသမဂ္ဂနှင့်အနောက်နိုင်ငံအများစုက ထိုစကားလုံးကို သုံးပြီး ဝေဖန်နေသည်မှာ ကာလအတန်ကြာပြီ ဖြစ်သော်လည်း အမေရိကန်အစိုးရက ယခုမှ ထိုသို့သုံးစွဲခြင်းဖြစ်သည်။ ၎င်းတို့အနေနှင့် ရရှိထားသော အချက်အလက်များကို သေချာစွာစစ်ဆေးပြီးမှ ထိုသို့ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ပြီး တစ်ပတ်အကြာတွင် ထုတ်ပြန်သော နိုင်ငံခြားရေးဝန်ကြီးတစ်လာဆန်၏ သဘောထားကြေညာချက်ကို အမေရိကန်နိုင်ငံရေးအသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေးအဖွဲ့များက ကြိုဆိုထောက်ခံခဲ့ကြသည်။ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်မှုအဖြစ် နိုင်ငံတကာတွင် သတ်မှတ်ထားသည့် လူမျိုးစုလိုက်ရှင်းလင်းရေး လုပ်ဆောင်မှုတွင် ပါဝင်ပတ်သက်သူများကို အမေရိကန်အစိုးရက အရေးယူမည်ဖြစ်သလို သီးခြားလွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ရန်လည်း ထောက်ပံ့ပေးသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီး၏ ပြောရေးဆိုခွင့်ရှိသူက […]

အပြည့်အစုံဖတ်ရန်

မီးဖိုချောင်ထဲက သေမင်းတမန် တရားဝင် စားသုံးကုန် ဖြစ်သွားပြီလား

November 16, 2017

Photo – Dr. Soe Khine မြန်မာနိုင်ငံရဲ့ မီးဖိုချောင်တွေမှာ နှစ် ၆ဝ ကျော် မရှိမဖြစ်၊ မပါ မဖြစ် သုံးစွဲလာတဲ့ ‘ အချိုမှုန့် ’ ဆိုတဲ့ ဟင်းခတ်အရသာဖြည့် ဓာတုပစ္စည်းတစ်မျိုးဟာ နိုင်ငံတကာမှာတော့ MSG (Monosodium Glutamate) လို့ သိထားကြပြီး Kiknnae Gkeda ဆိုသူ ဂျပန်သိပ္ပံပညာရှင် ဓာတုဗေဒပါမောက္ခတစ်ယောက်က ၁၉ဝ၉ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ စတင်တွေ့ရှိတဲ့ ရေညှိကို ဓာတုဗေဒနည်းပညာနဲ့ စီမံလိုက်တဲ့အခါ Umami ဆိုတဲ့ အရသာတစ်မျိုး ပေးတဲ့ ဟင်းခတ်အရသာဖြည့်မှုန့် Food Additive, Flavour Enhancer ဖြစ်လာပြီး အဲဒါကို ထပ်ပြီးအသေးစိတ် ဓာတ်ခွဲနည်းစနစ်နဲ့ အဆင့်မြှင့်လိုက်တဲ့အခါ MSG ဖြစ်လာပါတယ်။ […]

အပြည့်အစုံဖတ်ရန်

နှစ်နှစ်ပြည့် NCA

November 15, 2017

၂ဝ၁၇၊ အောက်တိုဘာ ၁၅ ရက် နေပြည်တော် MICC I မှာ ကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) သဘောတူလက်မှတ်ရေးထိုးခြင်း နှစ်နှစ်မြောက် အခမ်းအနားတွင် နှုတ်ဆက်အမှာစကားပြောကြားရာမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA စာချုပ်ကို မသိကျိုးကျွံပြုနေပါက ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် ဒီမိုကရေစီကို ဆန့်ကျင်ခြင်း၊ လက်နက်ကိုင်၍ သူတစ်လူငါတစ်မင်းစနစ်ကို ထူထောင်လိုခြင်း၊ ပြည်ထောင်စုနှင့်ပြည်သူလူထု အကျိုးစီးပွား မျက်ကွယ်ပြုလိုခြင်းဟု ယူဆရမည်ဖြစ်ကြောင်း၊ NCA စာချုပ်အခြေခံမူ ပထမအချက်ဟာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ထူထောင်ရန် ဖြစ်ကြောင်း၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိရေး အာမခံချက်များ အပြည့်အဝပေးထားပြီးဖြစ်ကြောင်း၊ ဒီရည်မှန်းချက်တွေကို ဒီမိုကရေစီနည်းလမ်း၊ ငြိမ်းချမ်းသောနည်းလမ်း၊ စေ့စပ်ညှိနှိုင်းရေး နည်းလမ်းတွေ ဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနှင့်အညီ တည်ဆောက်သွားရန် […]

အပြည့်အစုံဖတ်ရန်

ရခိုင်အရေး နည်းလမ်းသစ်များဖြင့် ချဉ်းကပ်ရန်လို

October 31, 2017

အာဏာလွှဲပြောင်းယူကတည်းက စိန်ခေါ်မှုများနှင့်ဆက်တိုက်ကြုံတွေ့ခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရအတွက် ရခိုင်အရေးသည် တအုံနွေးနွေးရတက်မအေးစရာအခြေအနေမှ အထူးတလည် စိုးရိမ်ရတော့မည့်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်သည်။ မြေပြင်တွင် အကြမ်းဖက်အစွန်းရောက်အဖွဲ့၏ တိုက်ခိုက်မှုများက အချိန်မရွေး ဖြစ်လာနိုင်သေးသည့်အချိန်တွင် အပြည်ပြည်ဆိုင်ရာ ဖိအားများကလည်း ခဲမိုးရွာသလိုဆက်တိုက်ကျရောက်လာနေရာ တိုင်းပြည်တွင် အရေးတကြီး လုပ်ဆောင်ရမည့် ဖွံ့ဖြိုးရေးနှင့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများထက် ရခိုင်ပြည်နယ်ပဋိပက္ခကိုပဲ အရေးပေးဆောင်ရွက်နေရသကဲ့သို့ဖြစ်နေပါသည်။ ၎င်းတို့ကိုယ်ကိုယ် ရိုဟင်ဂျာဟုခေါ်ဆိုနေကြသည့် တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးအဖွဲ့များကိုသာ ပင်မသတင်းရင်းမြစ်အဖြစ် အဓိကကိုးကားကြသော နိုင်ငံတကာသတင်းမီဒီယာများတွင်လည်း   မြန်မာ့ပုံရိပ်သည် ဆိုးရွားစွာ ညစ်ထေးလာလျက်ရှိပါသည်။ အိမ်နီးချင်းအင်အားကြီးနှစ်နိုင်ငံဖြစ်သည့် အိန္ဒိယနှင့်တရုတ်နိုင်ငံတို့က မြန်မာအစိုးရ၏ ဆောင်ရွက်နေမှုများကို အားပေးထောက်ခံကြသော်လည်း အနောက်နိုင်ငံများက ရခိုင်အရေးအား လူမျိုးရှင်းလင်းရေးလုပ်ဆောင်မှု (Ethnic Cleansing) ဖြစ်စဉ်အဖြစ် ဆက်လက်ပုံဖော်နေကြသည်။ ထိုအခြေအနေနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို ပြင်းထန်စွာဒဏ်ခတ်အရေးယူရန် လိုအပ်နေပြီဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ယန်ဟီးလီက ကုလသမဂ္ဂဌာနချုပ်တွင် အောက်တိုဘာ ၂၆ […]

အပြည့်အစုံဖတ်ရန်

အစားအစာနှင့် လူ့အခွင့်အရေး

October 19, 2017

ယနေ့ နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ ခပ်စိပ်စိပ် ပြောဆိုရေးသားလာကြတာကတော့ လူ့အခွင့်အရေးပဲ ဖြစ်ပါသည်။ ဖြစ်ပွားလာခဲ့သမျှ မှုခင်းများနှင့် ဖြစ်ရပ်များဟာလည်းပဲ လူ့အခွင့်အရေးနဲ့ ဆက်စပ်နေကြတာ တွေ့ရပါမည်။ အထင်ရှားဆုံးကတော့ ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ယခုအချိန်အထိ ဖြစ်ပွားနေဆဲ အကြမ်းဖက်တိုက်ခိုက်မှုတွေနှင့် နောက်တစ်ခုကတော့ စက်ဆုပ်ကြေကွဲစရာကောင်းတဲ့ ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်မိသားစုက လူမမယ်ကလေးအလုပ်သမားနှစ်ယောက်ကို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ကြတဲ့ ဖြစ်ရပ်ပါပဲ။ အဲဒီဖြစ်ရပ်မှာ နိုင်ငံသားများ၏ လူ့အခွင့်အရေးကို ကာကွယ်ပေးရမည့် မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထဲက အဖွဲ့ဝင်တချို့၏ လုပ်ရပ်ကြောင့် ကော်မရှင်၏ သိက္ခာကျဆင်းရသလို အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အပေါ် ပြည်သူလူထု၏ ယုံကြည်မှုနှင့်အမြင်များ ဆိုးဝါး သွားခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးအပြည့်အဝရရှိမှုနှင့် ချိုးဖောက်ခံနေရမှုများကို အမှန်တကယ် အကာအကွယ်ပေးသလို ဖော်ဆောင်မြှင့်တင်ပေးနိုင်မည့် အဖွဲ့ အစည်းများ ရှိရောရှိပါရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။ လူ့အခွင့်အရေး […]

အပြည့်အစုံဖတ်ရန်

အသွင်ကူးပြောင်းရေး စစ်တမ်း

October 17, 2017

Illustration –  MAUNG NOE ၂ဝ၁၇ သြဂုတ် ၁၁ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ (MICC 2) မှာ မြန်မာ့ဒီမိုကရေစီကူးပြောင်းရေး ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Democratic Transition) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါတယ။်  ဒီအခမ်းအနားကို ကျင်းပရာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ဒီလို ပြောကြားရာမှာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်မှာ အရေးတကြီး ပြန်လည်သုံးသပ်ရမယ့် အဓိက လုပ်ငန်းသုံးရပ် ရှိနေတယ်။ (၁) စစ်ဘက်အုပ်ချုပ်မှုမှ အရပ်ဘက်အုပ်ချုပ်မှုသို့ အသွင်ကူးပြောင်းရေး (၂) ဗဟိုဦးစီးစနစ်စီးပွားရေးမှ ဈေးကွက်စီးပွားရေးသို့ အသွင်ကူးပြောင်းရေး (၃) စစ်ပွဲမှသည် ငြိမ်းချမ်းရေးဆီသို့ အသွင်ကူးပြောင်းရေးတို့ ဖြစ်ကြပါတယ်။ […]

အပြည့်အစုံဖတ်ရန်

အစိုးရ၊ နိုင်ငံရေးအင်အားစုများနှင့် တပ်မတော်တို့ စည်းလုံးချိန်တန်ပြီ

September 26, 2017

နိုင်ငံတကာက ကြည့်သည့်အခါ ဖြစ်စဉ်တစ်ခုလုံးကို မကြည့်ဘဲ လူ့အခွင့်အရေးရှုထောင့်တစ်ခုတည်းက ကြည့်ပြီး ကဲ့ရဲ့ရှုံ့ချဖိအားပေးလျက်ရှိရာ အဆိုပါ အခြေအနေမှ ရုန်းထွက်နိုင်ရေးအတွက် ယခုအချိန်သည် အစိုးရ၊ နိုင်ငံရေးအင်အားစုများနှင့် တပ်မတော်တို့ စည်းလုံးကြရမည့် အရေးကြီးသော အချိန်ဖြစ်ပါသည်။

အပြည့်အစုံဖတ်ရန်
1 2 3 4 5 6 11

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."