ရန်ကုန် – ၂၀၂၂၊ မတ်လ ၄ ရက် (မော်ကွန်း) မုံရွာ၊ ကလေး၊ ရွှေဘိုလိုမြို့ကြီးတွေကလွဲလို့ စစ်ကိုင်းကမြို့နယ်တွေတော်တော်များများ ဖုန်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “မနေ့ညကကိုသုံးလို့ရသေးတယ်။ အခုမနက်ခင်းကနေစပြီးမရတော့ဘူးလို့” ဒီပဲယင်းမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကိုင်းတိုင်းမှာ မြို့နယ် ၃၄ ခုရှိပြီး အဓိကမြို့ကြီးသုံးခုက လွဲပြီး ကျန်မြို့နယ်တွေအားလုံး ဖြတ်တောက်ခံထားရတာပါ။ စစ်ကောင်စီဟာ သူတို့ကိုတော်လှန်ပုန်ကန်မှု အားကောင်းတဲ့မြို့တွေကို အင်တာနက်ဖြတ်တောက်မှုတွေ လုပ်လာနေတာပါ။ စစ်ကိုင်းတိုင်းအပြင် ကချင်ပြည်နယ် ဖားကန့်မြို့ဟာဆိုရင်လည်း အင်တာနက်ဖြတ်တောက်ထားရတာအခုဆိုခုနစ်လ နီးပါးရှိနေပါပြီ။ ဒီကိစ္စနဲ့ပတ်သက်လို့ ဆက်သွယ်ရေးအော်ပရေတာတွေကတော့ တစ်စုံတစ်ရာထုတ်ပြန်ထားတာမရှိသေးပါဘူး။ #Dailynews
ဖားကန့် – ၂၀၂၂ မတ် ၄ (မော်ကွန်း) ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားတာ ခြောက်လခွဲရှိလာပေမယ့် မြို့ခံသပိတ်စစ်ကြောင်းကတော့ ချီတက်ဆန္ဒပြနေဆဲပါ။ ဒီကနေ့မှာ ဖားကန့်မြို့ပြည်သူ ၃၀၀ ကျော်ဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ တပ်ဖွဲ့တွေကို ထောက်ခံကြိုဆိုကြောင်းပြသခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ရွှေဘို – ၂၀၂၂ မတ် ၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ရတနာသိင်္ခတံတားမှာ အာဏာသိမ်းစစ်တပ်က ကြံကားတွေ ဖြတ်သန်းသွားလာခွင့်မပြုလို့ ကြံစိုက်တောင်သူတွေ အခက်အခဲနဲ့ကြုံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့နယ်ခွဲနဲ့ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တို့ကိုဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတားပေါ်မှာ ကြံတွေတင်လာတဲ့ကားတွေဆိုရင် ဖြတ်သန်းခွင့်မပြုဘဲ ပြန်လှည့်ခိုင်းကြောင်း၊ ကြံတွေကို မန္တလေးတိုင်းဘက် ပို့ဆောင်ရောင်းချဖို့ အခက်အခဲတွေရှိနေကြောင်း ဒေသခံက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဘာကြောင့် ကြံကားတွေ ဖြတ်သန်းခွင့်မပြုတာလဲဆိုတာကို အသိမပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ကျောက်မြောင်းတံတား(ရတနာသိင်္ခတံတား) မှာ ကြံကားများကို ဖြတ်သန်း သွားလာခွင့် မပြုတာကြောင့် ဝက်လက်နယ်အရှေ့ခြမ်းမှာရှိတဲ့ ကြံစိုက်တောင်သူတွေ အခက်ကြုံနေရပါတယ်။ “ကြံခင်းတွေက ခုတ်ပြီးသွားပြီ။ ရတနာသိင်္ခတံတားက ဖြတ်လို့မရလို့ ကြံစိုက်တောင်သူတွေ ဒုက္ခရောက်နေတယ်”လို့ […]
ဝက်လက် – ၂၀၂၂ မတ် ၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောက်တိုင်ရွာမှာ အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၄၀ ဝန်းကျင်ကို ဖမ်းဆီးထားကြောင်း ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မနေ့ နေ့လယ်ပိုင်းက ဝက်လက်မြို့နယ်၊ ကျောက်တိုင်ရွာကို စစ်တပ်သုံး ရဟတ်ယာဉ် လေးစီးနဲ့ ရောက်ရှိလာခဲ့ကြောင်း၊ ကျေးရွာက ပြည်သူ ၄၀ ဝန်းကျင်ကို ဘုန်းကြီးကျောင်းမှာ ဖမ်းဆီးခဲ့ပြီး ဒီကနေ့ နေ့လယ်ပိုင်းအထိ ပြန်လွှတ်ပေးခြင်းမရှိကြောင်း ဒေသခံက ပြောပါတယ်။ “ဖမ်းခံရတာကတော့ အများစုက အမျိုးသားတွေ၊ အသက်မပြည့်သေးသူတွေလည်းပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဖမ်းဆီးခံထားရတဲ့သူတွေထဲကတချို့ကို PDFလို့စွပ်စွဲပြီး ရိုက်နှက်နှိပ်စက်တာတွေလည်းရှိနိုင်ကြောင်း၊ အာဏာသိမ်းစစ်တပ်ဟာ ကျေးရွာအတွင်းက နေအိမ်တွေကနေ ဆန်နဲ့အခြားရိက္ခာတွေလည်း ရှာဖွေ ခိုးယူနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။ ကျောက်တိုင်ရွာအနီးက […]
ကလေး – ၂၀၂၂ မတ် ၂ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ လမ်းမပေါ်ချီတက် ဆန္ဒပြတဲ့ ၃၈၈ ရက်မြောက် ဒီကနေ့မြင်ကွင်းဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ဖားကန့် – ၂၀၂၂ မတ် ၁ (မော်ကွန်း) ဖားကန့်မြို့ပြည်သူ့သပိတ်ဟာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြောင်းနဲ့ ရုရှနိုင်ငံရဲ့ကျူးကျော်စစ်ကိုခံနေရတဲ့ ယူကရိန်းနိုင်ငံပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း ဒီကနေ့ ပြသခဲ့ကြပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲမှာ ဖားကန့်မြို့က ဘာသာ၊ လူမျိုးပေါင်းစုံ ပြည်သူ ၄၀၀ ကျော်ပါဝင်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဖားကန့်မြို့ကို အင်တာနက်ဖြတ်တောက်ထားတာဟာ ခြောက်လကျော်ရှိလာပြီဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews
ကလေး – ၂၀၂၂ မတ် ၁ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ၃၈၇ ရက်မြောက်နေ့ မြင်ကွင်းဖြစ်ပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ ရှာဖွေဖမ်းဆီးမှုတွေ၊ တင်းကြပ်မှုတွေရှိနေပေမယ့် ပျက်ရက်မရှိဘဲ လမ်းမပေါ်ချီတက် ဆန္ဒထုတ်ဖော်နေတာဖြစ်ပါတယ်။ ဓါတ်ပုံ – CJ #Dailynews
ယင်းမာပင် – ၂၀၂၂ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာကို အာဏာသိမ်းစစ်တပ်က ရဟတ်ယာဥ်တွေနဲ့ လာရောက်ပစ်ခတ်မီးရှိူ့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နေ့လယ် ၁၂:၀၀ နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်က သပြေအေးကျေးရွာကို ရဟတ်ယာဥ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွာသူရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး အာဏာသိမ်းစစ်တပ်က ကျေးရွာအတွင်း မီးရှို့ဖျက်ဆီးမှုတွေပါ ပြုလုပ်နေတယ်လို့ ဒေသခံက ပြောပါတယ်။ “ရဟတ်ယာဥ်တွေ နေ့လယ် ၁၂ နာရီဝန်းကျင်မှာရောက်လာတယ်။ ရွာနားမှာလည်း စစ်သားတွေချသွားတယ်။ ပစ်ခတ်သံတွေလည်းကြားရတယ်။ မီးရှို့ဖျက်ဆီးတာတွေလည်း လုပ်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရှိနိုင်တယ်ဆိုတဲ့အမြင်နဲ့ လာရောက်ဖျက်ဆီးတာတွေပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ဒီကနေ့ မနက်ပိုင်းကလည်း ယင်းမာပင်မြို့နယ်၊ဘန့်ဘွေးကျေးရွာနဲ့ ကျောက်ပြုတ်ကျေးရွာတွေမှာ ရဟတ်ယာဥ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်သွားသေးတယ်လို့ ဒေသခံက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ […]
ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း) ရုရှရဲ့ ကျူးကျော်စစ်ကို ရင်ဆိုင်နေရတဲ့ ယူကရိန်းပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကလေးမြို့ပင်မသပိတ်က ဒီကနေ့မှာ ဆန္ဒထုတ်ဖော်ကြပါတယ်။ ပျက်ရက်မရှိဘဲ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ဆိုရင် ရက်ပေါင်း ၃၈၆ ရက်ရှိလာပါပြီ။ ဓာတ်ပုံ – CJ #Dailynews
မန္တလေး – ၂၀၂၂ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း) မန္တလေးမြို့မှာ “နိုင်ငံသစ်ကို ရဲရဲတည်ဆောက်ကြ”ဆိုတဲ့ ကြွေးကြော်မှုတွေနဲ့ အမျိုးသမီးငယ်တွေ ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းက မန္တလေးက အမျိုးငယ်တွေဦးဆောင်ပြီး မန္တလေးမြို့လယ်မှာ ဆန္ဒပြခဲ့ကြတာပါ။ စစ်တပ်ထောက်တိုင်တွေဖြိုဖျက်ဖို့၊ CDM ဝန်ထမ်းတွေနဲ့အတူ ရှေ့ဆက်ဖို့ အပါအဝင် လတ်တလောယူကရိန်းပြည်သူဘက်ကပါ ရပ်တည်ဖို့တွေ လှုံ့ဆော်ဆန္ဒပြခဲ့ကြပြီး နိုင်ငံတော်အလံဟောင်းကိုပါ မီးရှို့ဖျက်ဆီးပြခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ကလည်း မန္တလေးမြို့ထဲမှာ လှည့်လည်စစ်ဆေးမှုတွေရှိခဲ့ပေမယ့် ဆန္ဒပြပွဲကိုတော့ အန္တရာယ်မရှိဘဲ အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ပါတယ်။ ဓာတ်ပုံ-Poison #Dailynews
ကလေး – ၂၀၂၂ ဖေဖော်ဝါရီ ၂၇ (မော်ကွန်း) စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်ရဲ့ ၃၈၅ ရက်မြောက် လမ်းပေါ်ချီတက် ဆန္ဒပြတဲ့ ဒီကနေ့မြင်ကွင်းတွေဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews
မန္တလေး – ၂၀၂၂ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း) မန္တလေးမြိုမှာ “ရာဇဝင်မရိုင်းတဲ့ မန္တလေးသမိုင်း၊ ဖက်ဆစ်အရိုးနဲ့ ရေးထိုးမယ်”ဆိုတဲ့ ကြွေးကြော်သံနဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့ မနက်ပိုင်းက အာဏာသိမ်းစစ်တပ် လက်အောက်ခံအဖွဲ့တွေ ဥဒဟိုသွားလာတတ်တဲ့ မန္တလေးမြိုလယ် ၃၅လမ်းမကြီးပေါ်မှာ မဟာအောင်မြေမြို့နယ် စုပေါင်းသပိတ်စစ်ကြောင်းနဲ့ တက္ကသိုလ်ဆရာ/မများ ၊ဝန်ထမ်းများ သပိတ်စစ်ကြောင်းဟာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ချီတက်ရာမှာ မန္တလေးမြို့က ဆရာတော်သံဃာတော်အချို့လည်း ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။ စစ်တပ်အာဏာသိမ်းထားမှုကို ဆက်လက်ဆန့်ကျင်ကြဖို အသိပေးနှိုးဆော်တဲ့စာရွက်တွေလည်း ဖြန့်ကြဲခဲ့ကြပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ တိုင်းဒေသကြီးပြည်နယ်အချိုမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပစ်ခတ်ဖြိုခွင်းဖမ်းဆီးမှုတွေ ရှိနေတဲ့ကြားကနေ မြေပြင်သပိတ်တွေကလည်း ဆက်လက်ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။ ဓါတ်ပုံ-Poison #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."