၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ Interview ဖြစ်ပါသည်။ ကျော်ဇေယျ မေးမြန်းသည်။ မြန်မာနိုင်ငံရဲ့ အနည်းဆုံး အခကြေးငွေနှုန်းထား သတ်မှတ် မှုအသစ်ဟာ မကြာတော့တဲ့ကာလမှာ ဒုတိယအကြိမ် ပြင် ဆင်ပြောင်းလဲသတ်မှတ်မှုအဖြစ် အတည်ပြုတော့မှာ ဖြစ်ပါ တယ်။ အစိုးရက အသစ်ပြဋ္ဌာန်းသတ်မှတ်မယ့် နှုန်းထားကို တစ်နာရီလုပ်အားခ ၆၀၀ ကျပ်နှုန်းအဖြစ် သတ်မှတ်ဖို့ ကြေ ညာထားပါတယ်။ အစိုးရရဲ့ ထုတ်ပြန်မှုအပေါ်မှာ တချို့ အလုပ် ရှင်နဲ့ အလုပ်သမားအဖွဲ့အစည်းတွေဟာ မကြေလည်မှုတွေ ဖြစ်ပေါ်နေတာလည်း ရှိပါတယ်။ ဒါကြောင့် အနည်းဆုံး အခ ကြေးငွေသတ်မှတ်ရေး အမျိုးသားကော်မတီမှာ တတ်သိ ပညာရှင်အဖြစ် ပါဝင်ဆောင်ရွက်နေသလို စီးပွားရေးပညာ ရှင်လည်း ဖြစ်တဲ့ စီးပွားရေးနှင့်လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဒါရိုက် တာဖြစ်သူ ဦးဇော်ဦးကို မော်ကွန်းမဂ်္ဂဇင်းက တွေ့ဆုံ […]
၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Essay ဖြစ်ပါသည်။ မြတ်စုမွန်ရေးသည်။ တစ်ရက်ခါက ရပ်ကွက်ထဲက အိမ်တစ်အိမ်မှာ နာရေးဖြစ်တယ်။ ရပ်ကွက်ထဲက ဆွေတစမျိုးတစ ခင်မင်ရင်းနှီးသူတချို့က ကိုယ်ဝန်ဆောင်ဆိုတာ နာရေးအိမ် မသွားကောင်းဘူးလို့ ပြောကြတယ်။ ဘာကြောင့်လဲလို့ ကျွန်မက ပြန်မေးတော့ သူတို့ မှာ ရေရာ တိကျတဲ့ အဖြေမရှိဘူး။ အိမ်နဲ့လည်း သိပ်မဝေးတာတစ်ကြောင်း၊ ငယ်စဉ်က နေ ထိုင်ခဲ့တဲ့ အိမ်ဘေးကပ်လျက်ဆိုတော့ အိမ်နီးနားချင်း ခင်မင် ရင်းစွဲရှိတဲ့ အိမ်ဖြစ်တာက တစ်ကြောင်းကြောင့် နာရေးအိမ်ကို အရောက်သွားခဲ့ပါတယ်။ ကွယ်လွန်သူအတွက် ရည်စူးပြီး ကျန်ရစ်ကြသူတို့က အလှူဒါန ပြုနိုင်ကြစေဖို့ အလှူငွေလည်း ထည့်ရင်း၊ သတင်း လည်း မေးရင်းဆိုတော့ နာရေးအိမ်မှာ အချိန်ကြာကြာနေခဲ့ပြီး အိမ်ပြန်ခဲ့တယ်။ အိမ်ပြန်ရောက်တော့ ကျွန်မရဲ့ မိခင်ကို နာရေးအိမ်သွားခဲ့ […]
၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Cartoon ဖြစ်ပါသည်။ ကာတွန်းသီဟ(စခန်းသစ်)
၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Photo Essay ဖြစ်ပါသည်။ Photo – Kaung Htet San မိုးကုတ် ဒေသသည် ကမ္ဘာကျော် ပတ္တမြားထွက်ရှိရာ ရတနာနယ်မြေဖြစ်သည်။ မိုးကုတ်ဒေသမှထွက်ရှိသည့် သံယံဇာတ ကျောက်မျက်ရတနာများကို ခေတ်အဆက်ဆက်က တူးဖော်ထုတ်ယူခဲ့ကြပြီး ယခုအချိန်အခါတွင် လုပ်ငန်းများကို သက်တမ်းတိုးခွင့် မပြုတော့ပေ။ မိုးကုတ်မြို့တွင် ကျောက်မျက်ရတနာ တူးဖော်မှုနှင့် ပတ်သက်၍ အလွှာစုံကို တွေ့မြင်နိုင်သည်။ ကုမ္ပဏီလုပ်ကွက်များ၊ ဗြုန်းဆေးလုပ်ကွက်များ၊ ခဲကျင်းများ၊ ကျောက်ဝိုင်းများ အစရှိသည်ဖြင့် လုပ်ကိုင်လျှက် ရှိကြသည်။ ထိုအထဲမှ ဗြုန်းဆေးကာ ကျောက်ရှာသည့် လုပ်ကွက်များအကြောင်း ယခုလအတွက် ဓာတ်ပုံမှတ်တမ်းအဖြစ် ဖော်ပြလိုက်ပါသည်။ အသက်၃၀ကျော်ပြီဖြစ်တဲ့ လီဆူးတိုင်းရင်းသား အားဆာကတော့ ဗြုန်းဆေးတဲ့လုပ်ငန်းကိုလုပ်ကိုင်လာတာနှစ်၂၀ရှိပါပြီ တူးလို့ရတဲ့ကျောက်တွေကိုတော့ ဒီလိုပြုလုပ်ထားတဲ့ကန်ထဲမှာမီးစက်ငယ်နဲ့ရေထိုးပြီးအရည်ဖျော်ရပါတယ် […]
၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Travelogue ဖြစ်ပါသည်။ ဇေယျာလှိုင် ရေးသည်။ မဲခေါင်၊ တရုတ်နိုင်ငံရဲ့ ကုန်းမြင့်တွေမှာ မြစ်ဖျား ခံပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ခြောက်ခုကို ဖြတ်သန်းပြီး တောင်တရုတ်ပင်လယ်ထဲကို စီးဝင် သွားတဲ့ ကမ္ဘာ့အရှည်ဆုံးမြစ် နံပါတ် ၇။ ဒီမြစ်ဝှမ်းတစ်လျှောက်နေထိုင်တဲ့ လူဦးရေသန်း ၆၀ အတွက် စိုက်ပျိုးရေး၊ ရေလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးအတွက် အားထားရာ။ အခုခေတ်မှာတော့ အဲဒါတွေထက် ပိုလာပြီး ရေ စီမံခန့်ခွဲမှုဆိုင်ရာ ဒေသတွင်း နိုင်ငံရေးကစားရာ မြစ်တစ်ခု ဖြစ် လာနေပါပြီ။ မတူညီတဲ့ နိုင်ငံတွေကို ဖြတ်ကျော်စီးဆင်းတဲ့ ဒီမြစ်ရဲ့ အရေးပါမှုနဲ့အတူ မြစ်ဖျားခံရာဒေသတွေမှာ လွတ်လပ်စွာ စီး ဆင်းနေတဲ့ ရေကို အဟန့်အတားဖြစ်စေတဲ့အခါ နိုင်ငံရေး လွန်ဆွဲ […]
၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Remembrance ဖြစ်ပါသည်။ သန်းနိုင်ဦး ရေးသည်။ စာရေးဆရာ မောင်စွမ်းရည်က မြန်မာစာပေ လောကမှာ ထင်ရှားတယ်။ အနီနဲ့ အပြာ ကဗျာ စာအုပ်နဲ့ အမျိုးသားစာပေဆုကို မန်းတက်္ကသိုလ် ကျောင်းသားဘဝကတည်းက ရရှိခဲ့တယ်။ ပြည် သူ့ရှုဒေါင့် ဝေဖန်ချက်များ စာအုပ်နဲ့ စာပေဝေဖန် ရေးနယ်ပယ်ကို ကိုင်လှုပ်နိုင်ခဲ့တယ်။ ဗမာစာပေ ဘာလဲ ဘယ်လဲလို စာတမ်းမျိုး အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့ စာတမ်းဖတ်ပွဲမှာ တင် သွင်း ဖတ်ကြားခဲ့တယ်။ နံ့သာသူခိုးလို ဝတ်္ထုတို တွေ ရေးသားခဲ့တယ်။ လူထုသတင်းစာမှာ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သလို ကျောင်း ဆရာအဖြစ်လည်း အသက်မွေးဝမ်းကျောင်း ခဲ့သေးတယ်။ ကျောင်းသုံးစာအုပ်ကော်မတီမှာ အစိုးရအမှုထမ်းအဖြစ် လုပ်ကိုင်ခဲ့တယ်။ဟော… အခု တတိယအရွယ်ရောက်တော့ […]
၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Cartoon ဖြစ်ပါသည်။
၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Interview ဖြစ်ပါသည်။ ဒေါက်တာဇော်ဦး အမှုဆောင်ဒါရိုက်တာ မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း-စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MDRI-CESD) ကျော်ဇေယျ တွေ့မေးသည်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေ အမိန့်စာအမှတ်(၆/၂၀၁၈)နဲ့ ပြည်တွင်းမှာ ရုံးခွဲဖွင့်အခြေစိုက်ထားတဲ့ နိုင်ငံ ခြားဘဏ်လုပ်ငန်းတွေကို ပြည်တွင်းဘဏ် လုပ် ငန်း တွေနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်း တွေအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု တွေပေးနိုင်ဖို့ ကန့်သတ်ချက်တွေကို ဖြေလျော့ လိုက်ပါတယ်။ ၂၀၁၄ လောက်ကတည်းက ပြည်တွင်းမှာ ရှိနေကြပြီဖြစ်တဲ့ နိုင်ငံခြားဘဏ်တွေဟာ ပြည်တွင်းကုမ္ပဏီ/လုပ်ငန်းတွေနဲ့ ဆက် ဆံရာမှာ လက်ကားဘဏ်လုပ်ငန်းကိုသာ လုပ်ခွင့်ရှိပါတယ်။ ဒီ ကနေတစ်ဆင့် ယခုအစိုးရလက်ထက် ၂၀၁၇၊ ဒီဇင်ဘာထဲမှာ တော့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေရဲ့ ပို့ကုန်ချေးငွေဖြည့် […]
၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Cartoon ဖြစ်ပါသည်။ ကာတွန်းသီဟ(စခန်းသစ်)
၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Cartoon ဖြစ်ပါသည်။ ကာတွန်းသီဟ(စခန်းသစ်)
၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ အက်ဆေး ဖြစ်ပါသည်။ ကျော်ဇေယျာထွန်းရေးသည်။ မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ စစ်အစိုးရ ပြုတ်ကျပြီး ဒီမိုကရေစီ အစိုးရသာ တက်လာ မယ်ဆိုရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမှာ ကျိန်းသေပဲလို့ ရိုးရိုးရှင်းရှင်း တွေးခဲ့ဖူးတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီအစိုးရ တက်လာဖို့ကို လှိုက်လှိုက်လှဲလှဲ မျှော်လင့်ခဲ့ဖူးတယ်။ အားကြိုးမာန်တက် ထောက်ခံခဲ့ဖူးတယ်။ ကျွန်တော် ကျောင်းသားဘဝက ဒီမိုကရေစီတွေ၊ စစ်အစိုးရ တွေဆိုတာ နားလည်ခဲ့တာ မဟုတ်ဘူး။ ကိုယ့်ကို အုပ်ချုပ်နေတဲ့ လူတွေဆိုတာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ၊ ကြီးကျယ်တဲ့သူတွေ ဖြစ် တယ်။ သူတို့လို နေရာရောက်ချင်ရင် သူတို့လိုဖြစ်အောင် ကြိုး စားရမယ်ဆိုတာပဲ သိခဲ့တယ်။ သူတို့လို ဖြစ်ချင်ရင် ဆယ်တန်းအောင်အောင် ကြိုးစား၊ ဗိုလ်သင်တန်း လျှောက်၊ […]
၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ Forgotten ဖြစ်ပါသည်။ မောင်ဥယျဉ် ရေးသည်။ အောက်တိုဘာလ နောက်ဆုံးပတ်ရဲ့ ညနေခင်းတစ်ခုက သာမန် ညနေခင်းတစ်ခုလို ပါပဲ။ မိုးအကုန် ဆောင်းအကူးမို့ အအေးဓာတ်လည်း မဆိုစလောက်သာ ရှိနေခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့်လက်ကိုင်ဖုန်းကို အမည်မှတ်မထားတဲ့ နံပါတ်အစိမ်းဖုန်း အဝင်ကောလ်တစ်ခု ဝင်လာတယ်။ တယ်လီဖုန်း လက်ခံဖြေဆိုချိန်မှာ ဖုန်းထဲက အမျိုးသမီးအသံက ကျွန်တော် ဟုတ်၊ မဟုတ် အလောတကြီး မေးတယ်။ ကျွန်တော်က ဟုတ်ပါတယ်လို့ ပြန်ဖြေချိန်မှာ သူ့မောင် (ကျွန်တော့်ငယ်သူငယ်ချင်း) အခုပဲ ဆုံးသွား ပြီလို့ ငိုကြီးချက်မနဲ့ ပြောတယ်။ ကျွန်တော် ဘာပြန်ပြောရမှန်း မသိအောင် ကြက်သေ သေသွားခဲ့တယ်။ ဖုန်း ဘယ်အချိန် ချသွားမှန်းပင် မသိလိုက်ဘူး။ သူတို့မိသားစုက မြို့သစ်ကို ပြောင်းရွှေ့သွားကြတာနှစ် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."