Photo : Zayar Hlaing
ယခုဆောင်းပါးမှာ မော်ကွန်မဂ္ဂဇင်း အမှတ်(၂၀)၊ ဖေဖော်ဝါရီလ၊ ၂၀၁၅ တွင်ဖော်ပြခဲ့ပြီး ယခုပြန်လည်ဖော်ပြခြင်းဖြစ်သည်။
ဘင်နီဒီ ရေး၍ သူရိန်ဝင်း ဘာသာပြန်သည်။
ကျွန်တော်ရေးနေသည့် ရွေးကောက်ပွဲစနစ်အကြောင်း သုံးသပ်ချက်ဆောင်းပါး အခန်းဆက်အတွက် တစ်ချိန်က ကျွန်တော့်အလုပ်ဋ္ဌာန၏ အကြီးအကဲလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်တစ်ဦးလည်းဖြစ်ခဲ့သူဆီကို ရေးခဲ့သည့် e-mail ကို ပြန်လည်ဖော်ပြကာအစပျိုးလိုက်သည်က ပိုကောင်းမည်ဟု ကျွန်တော်တွေးမိသည်။ သူက ထိုင်းနိူင်ငံမှာ အခြားသူ၏ လူမှုအသိုင်းအဝိုင်းများနှင့်အတူ နိူင်ငံအတွက် မည်သည့်စနစ်က အကောင်းဆုံးဖြစ်နိူင်မည်နည်းဟူ၍ သူတတ်နိူင်သလောက် ကြိုးစားနေသူလည်းဖြစ်သည်။ e-mail ကိုယခင်ပို့ခဲ့သည့်အတိုင်း ဖော်ပြလိုက်ပြီး ကျွန်တော့်အတွေးများ၊သုံးသပ်ချက်များနှင့် ရောနှောထားပါသည်။
ဘယ်စနစ်တစ်ခုမှ ကောင်းတယ်၊ ဆိုးတယ် မရှိဘူးဟု ကျွန် တော်အမြဲပြောခဲ့ပါသည်။ ယခုအထိလည်း ကျွန်တော်သည် ထို အယူအဆကို ဆုပ်ကိုင်ထားဆဲပင်။ လူအများစုက သဘောတူကြ မှာ မဟုတ်သော်လည်း အခြေအနေများစွာတွင် ထိုအယူအဆမှန် ကန်ကြောင်းတွေ့ခဲ့ရပြီးပြီ။ တောင်အာဖရိကကို ကြည့်မည်ဆို လျှင် အကောင်းဆုံးသာဓကပင်ဖြစ်သည်။ ခြုံငုံ၍ကြည့်လျှင် အာဏာရှင်စနစ်မှ ပါတီစုံဒီမိုကရေစီစနစ်ဆီကို ကူးပြောင်းချိန် တွင် ဝရုန်းသုန်းကားအဖြစ်ဆုံးကို ၁၉၉၄ခုနှစ်က တောင်အာဖရိ ကတွင် ကျင်းပသည့် အမျိုးသားညီလာခံနှင့် ပြည်နယ်ရွေး ကောက်ပွဲများက ညွှန်ပြနေသည်။ တောင်အာဖရိကတွင် ရွေး ကောက်ပွဲစနစ်ကို FPTP(မဲအများဆုံးရသူသာ အနိုင်ရသည့်) စနစ်မှ PR(အချိုးကျကိုယ်စားပြု) စနစ်သို့ ကူးပြောင်းလိုက် သည်။ အကြောင်းအမျိုးမျိုးကြောင့် ထိုအကူးအပြောင်းကို အကောင်းဆုံးအကူးအပြောင်းအဖြစ် သတ်မှတ်ခဲ့ကြသည်။
ထိုသို့သတ်မှတ်လိုက်ရခြင်း၏ အကြောင်းတချို့မှာ အား လုံး ပါဝင်ခွင့်ရခြင်းပင်ဖြစ်သည်။ Andrew Reynolds ရေးခဲ့ သည့် Electorral System Design and Conflict Management in Africa တွင် ဖော်ပြထားသည့်အတိုင်းပြောရလျှင်’တောင်အာဖရိက၏ ပဋိပက္ခဖြစ်ခဲ့သည့်သမိုင်းနှင့် လုံးလုံးလျား လျား ဆန့်ကျင်’နေသည့် ပါလီမန်ကို ဖော်ဆောင်နိုင်ခဲ့၍လည်း ဖြစ်သည်။ ထို့ပြင် သူက ‘လူဖြူများက လူမည်းများနှင့် အတူထိုင် သည်။ ကွန်မြူနစ်များက ကွန်ဆာဗေးတစ်များနှင့်အတူထိုင် သည်။ ဇူးလူးတိုင်းရင်းသားများက ဇိုဆာ(Xhosa) တိုင်းရင်းသား များနှင့် အတူထိုင်သည်။ မွတ်ဆလင်များက ခရစ်ယာန်များနှင့် အတူထိုင်သည်’ဟူ၍ဖော်ပြထားသည်။ ‘ အမျိုးသားညီလာခံသစ် ၏ မတူကွဲပြားမှုအမျိုးမျိုးကိုချဲ့ထွင်မှု’ဟုခေါ်ဆိုသည့်အပြင် List PR စနစ်ကို ကျင့်သုံးထားသည့်ရလဒ်အဖြစ်လည်း ဖော်ပြထား သည်။ ‘အရွယ်အစားအလယ်အလတ်ရှိသည့် NP နှင့် Inkatha Freedom Party (IFP) တို့သည် FPTP စနစ်ကိုသာ ကျင့်သုံး လျှင် ရရှိရန် မျှော်လင့်နိုင်သည့် အမတ်နေရာအများအပြားကို List PR က ထူးထူးခြားခြားအခွင့်အရေးမပေးနိုင်ခဲ့’ပုံကိုလည်း သူက ရေးသားထားခဲ့သည်။
စာရေးဆရာသည် ထိုအချက်ကိုသာမက ‘တောင်အာဖရိ ကတွင် ဒီမိုကရေစီနည်းကျဖြစ်မှုနှင့် ပါလီမန်အဖွဲ့ဝင်များ၏ သဘောထားထင်ဟပ်ပြနိုင်မှုကို မည်သို့မြှင့်တင်နိုင်မည့် အကြောင်းကို ဆက်လက်ဆွေးနွေးညှိနှိုင်းရေး’ကိုလည်း ပြောဆို သည်။ စနစ်များကို ပေါင်းစပ်ကျင့်သုံးမည့်နည်းလမ်းများ၏ဖြစ် နိုင်ခြေကိုလည်း ဆွေးနွေးခဲ့သည်။
စိတ်ဝင်စားစရာကောင်းသည်က ယခင်က ကျွန်တော့် ဒါရိုက်တာကို ပေးပို့ခဲ့သည့် e-mail တွင်လည်း ထိုအကြောင်းကို ပင် ပြောပြခဲ့ခြင်းပင်။ တောင်အာဖရိကတွင် အဓိကဆွေးနွေးငြင်း ခုံနေပြီး အခြားက္ဘာတွင်လည်း ဆက်လက်ဆွေးနွေးနေသည့် ထို ပြဿနာမှာ ‘ဆန္ဒမဲထည့်သူများသည် သူတို့၏ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းနှင့် ဆက်နွှယ်မှုရှိနေရေး’ပင်ဖြစ်သည်။ မြန်မာပြည်က ဆန္ဒမဲထည့်မည့်သူများနှင့် နိုင်ငံရေးပါတီများလိုအပ်သည်မှာလည်း ထိုအချက်ပင်ဖြစ်သည်။ ကျွန်တော်ယခု အချိန်အထိ လုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှုများတွင် ကျွန်တော် ကြားနေရသည်မှာ PR စနစ်က မဲဆန္ဒထည့်လိုက်သူတို့က သူတို့ မဲထည့်လိုက်သည့်ပုဂ္ဂိုလ်ကို မည်သူမည်ဝါမှန်း သိရှိခွင့်မပေးနိုင် ခြင်းပင်ဖြစ်သည်။ ထိုအချက်မှာ လုံးလုံးလျားလျားမှန်ကန်သည် တော့မဟုတ်ပေ။ သို့သော် ထိုသို့စိုးရိမ်ထိတ်လန့်မှုမှာ PR စနစ် တွင် မဲထည့်သူများသည် ကိုယ်စားလှယ်လောင်းကို မဲထည့်လိုက် သည်ထက် ပါတီကိုသာ မဲထည့်လိုက်ရခြင်းဖြစ်သည်ဟူသော အချက်မှ ပေါ်ထွက်လာခြင်းကြောင့်သာဖြစ်သည်။ ထိုအချက်မှာ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ်၊Tim Meisburger ၏ လူသိများသည့် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ တစ် ဦးက ပြောဆိုခဲ့သည့်အချက်ပင်ဖြစ်သည်။ သူပြောခဲ့သည်ကို ကျွန်တော်က ကိုးကားခဲ့သည်။ PR စနစ်တွင် ဆန္ဒမဲထည့်သူများ သည် ကိုယ်စားလှယ်လောင်းကို မဲမထည့်ဘဲ ပါတီကိုသာမဲထည့် လိုက်ခြင်းဖြစ်သည်။ ပါတီတစ်ခုအနေဖြင့် ရရှိသည့် မဲအရေ အတွက်ကိုအခြေခံ၍ အမတ်နေရာများကိုခွဲဝေလိုက်ခြင်းဖြစ် သည်’ဟုဆိုသည်။ သူက ဆက်လက်၍ ”PR စနစ်သည် လုပ်ငန်း စဉ်အဆင့်ဆင့်တွင် အနည်းငယ်ပြုရ၊ ပြောင်းရလွယ်ကူသည့် အတွက် နိုင်ငံရေးသိပ္ပံသမားများကြားတွင် PR စနစ်သည် ရေ ပန်းစားသည့်စနစ်တစ်ခုဖြစ်သည်။ ထိုအဆင့်များကို ‘ဖွဲ့စည်းပုံ ဆိုင်ရာ၊ သို့မဟုတ် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပုံဖော်မှု’ဟု အပြု သဘောရှုမြင်သတ်မှတ်ကြသည်”။
Tim Meisburger ပြောပြသည့်အချက်ကို ယုံကြည်လက် ခံသည်ဆိုလျှင် လွန်ခဲ့သည့် နှစ် ၂ဝ ကာလအတွင်း ဒီမိုကရေစီ စနစ်ကို ကူးပြောင်းနေသည့် နိုင်ငံများတွင် PR စနစ်ကို ကျယ် ကျယ်ပြန့်ပြန့်လက်ခံကျင့်သုံးခဲ့သည်ဟု မှတ်ယူသည့် ပုံစံမျိုးဖြစ် မည်။ ပကတိအခြေအနေတွင် ရောထွေးနေသည့် မှတ်တမ်းမှတ် ရာများရှိသည်။ ထိုစနစ်သည် ပဋိပက္ခများစွာကို ညှိနှိုင်းပြေလည် သွားစေသည့် အာဏာခွဲဝေရေးကို လွယ်ကူချောမွေ့အောင် ဆောင်ရွက်နိုင်သည့် ထိရောက်သောနည်းလမ်းကောင်းတစ်ခု ဖြစ်သော်လည်း ဒီမိုကရက်တစ်အစိုးရတစ်ရပ် ပေါ်ထွက်လာ အောင် မြှင့်တင်ဆောင်ရွက်ပေးရာတွင် အောင်မြင်မှုသိပ်မရှိလှပေ။
PR စနစ်သည် ပါတီများနှင့် အိုင်ဒီအိုလိုဂျီများကို ထင်ဟပ် ပြနိုင်အောင် ပုံစံထုတ်ထားသည့်စနစ်ဖြစ်သည်။ ထိုစနစ်သည် အချို့သော ဥရောပနိုင်ငံငယ်များတွင် တကယ်အလုပ်ဖြစ်ခဲ့သည်။ ထိုနိုင်ငံများတွင် တိုင်းပြည်လူထုက လူမျိုးတစ်မျိုးတည်းဖြစ်နေ ပြီး လူထု၏ နိုင်ငံရေးစိတ်ဝင်စားမှုကလည်း နိုင်ငံရေးသဘော တရားပိုင်းတွင် အခြေခံအားဖြင့် တူညီမှုရှိနေသည်။ လူမျိုးကွဲပြား မှုများ ရှိပြီး နိုင်ငံရေးပါတီများ၏ အယူအဆများသည် လက်ဝဲ၊ လက်ယာ အယူအဆများပေါ်တွင် အမြဲတူညီမှုမရှိသည့် ဒီမို ကရေစီ ထွန်းကားပြီးနိုင်ငံများတွင် PR စနစ်သည် အောင်မြင်မှု အားနည်းသည်။ ဒီမိုကရေစီထွန်းသစ်စနိုင်ငံများတွင် ပါတီများ သည် ပီပီပြင်ပြင်တိုးတက်ဖွံ့ဖြိုးသည်ဟူ၍မရှိပါ။ ပါတီတွင်းတွင် ထုံးစံအတိုင်းပင် ဒီမိုကရေစီမရှိပါ။ ထို့ပြင် လူထုသည် နိုင်ငံရေး အယူအဆများ မရှိ ကြပါ။ ထိုအခြေအနေမျိုးတွင် PRသည် အသင့်တော်ဆုံးသော ရွေးကောက်ပွဲ စနစ်တစ်ခုမဟုတ်ပါ။
PR ကိုရွေးကောက်ပွဲစနစ်တစ်ခုအဖြစ်သုံးခြင်းမှာ အစိုးရအဖွဲ့ထဲတွင် ရှိေ နသည့် နိုင်ငံရေးအယူအဆများနှင့် ပါတီ များကို အချိုးကျကျ ကိုယ်စားပြုနိုင်ရေး အတွက် တည်ဆောက်ထားခြင်း ဖြစ် သည်။ အခြေခံယူဆထားချက်မှာ ပါတီ များသည် ပြည်သူလူထုကို ကိုယ်စားပြု ထားခြင်းဖြစ်သည်။ သို့သော် ဒီမိုကရေစီ ထွန်းသစ်စနိုင်ငံများ၏ ပါတီများသည် လုပ်ငန်းလည်ပတ်နိုင်မှုမရှိပေ။ သို့မဟုတ် ပါတီများပင်မရှိပေ။ (လတ်တလောတွင် အကူးအပြောင်းကာလကို ရင်ဆိုင် နေ ရသည့် အရှေ့အလယ်ပိုင်းနိုင်ငံ များတွင် ကြုံဆုံနေရသည့် အဖြစ်အပျက်မျိုးမှာ ထိုသို့ဖြစ်သည်)။ ပါတီများသည် လက်တွေ့တွင် လုပ်ငန်းဆောင်ရွက်နိုင်စွမ်းမရှိဘဲ ပါတီတွင်း၌ ဒီမိုကရေစီကင်းမဲ့နေသည့်အခါ တွင် သာမန်အားဖြင့် သာမန်ပြည်သူလူထု၏ သဘောထားကို ထင်ဟပ်ကိုယ်စားပြုနိုင်မှု အားနည်းသွားသည်။ ဒီမိုကရေစီ အပေါ် အားရကျေနပ်မှုကလည်း နည်းပါးသွားသည်။ ထိုကဲ့သို့ ဝန်းကျင်မျိုးတွင် ပါတီကို အခြေခံသည့်စနစ်သည် အကောင်းဆုံး ရွေးချယ်မှု မဖြစ်နိုင်တော့ပေ။
ကျွန်တော်ပို့ခဲ့သည့် e-mail ကိုပြန်လည်ရည်òန်းရလျှင် တောင်အာဖရိကတွင် လုံးလုံးလျားလျား အပြောင်းအလဲကြီးကို PR စနစ်က ယူဆောင်လာခဲ့သည်ဟု ကျွန်တော်က ပြောခဲ့သည်။ ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုများလည်း လျော့ကျခဲ့ သည်။ ပါတီတွင်းမတည်ငြိမ်မှုများလည်း နည်းသွားခဲ့သည်။ သို့ သော် ယခုဖြစ်ပျက်နေသည့်အခြေအနေကိုကြည့်ပါ။ တောင် အာဖရိက၏ ရွေးကောက်ပွဲဖြစ်စဉ်တွင် အကျင့်ပျက်ခြစားမှု၊ လိမ် လည်မှု၊ ငွေကြေးအင်အားဖြင့် လုပ်ဆောင်မှုများမရှိဟု ငြင်းနိုင်ပါ သလား။ အမျိုးသမီးများပါဝင်မှု လျော့နည်းနေမှုမရှိဟု ကျွန် တော်တို့ ငြင်းနိုင်ပါသလား။
စနစ်တစ်ခုမှ အခြားတစ်ခုကိုရွေးချယ်ကြရာတွင် အတိုး အလျှော့လုပ်ပေးရစမြဲဟု ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ပြောရတော့မည်။ ထို့ပြင် ဆန္ဒမဲထည့်သူများအတွက် ရွေးချယ်နိုင် မှုအဆင့်၊ ဒေသတွင်း ကိုယ်စားလှယ်များကို ရွေးချယ်ဖော်ထုတ် နိုင်မှု၊ ဆန္ဒမဲထည့်သူများ၏ စိတ်ဝင်စားမှု နည်းခြင်းနှင့် မဲဆန္ဒများ တန်းတူညီမျှမှု အဆင့်များ အစရှိသည်တို့တွင် ရွေး ကောက်ပွဲစနစ်များက သက်ရောက်မှု ရှိပါ သည်။
ကျွန်တော်၏ ယခင်ဒါရိုက်တာ ဖြစ်သူကို ရေးခဲ့သည့် စာ တွင် ဤသို့ဖြစ် သည်။ (ရွေးကောက်ပွဲစနစ်တွင် လူထုကို အဆိုးအကောင်းမြင်စေနိုင်သည့် ထူး ဆန်းသည့် မှော်ဆန်မှုအချို့ ရှိကြောင်း ကို လူတိုင်းအားသိစေရန် ပြောကြားခြင်း ဖြစ်သည်)
”ကျွန်တော့်အတွက်တော့ စနစ်၏ ပင်မအူတိုင်တွင် အပြစ်အနာ အဆာများရှိနေသည်ဆိုလျှင် မည်သည့် စနစ်ကိုဆုပ်ကိုင်ထားသည်ဖြစ်စေအရေး မကြီးတော့ပါ။ သမိုင်းနှင့် နိုင်ငံရေးကို လေ့လာသင်ယူခဲ့သည့် ကျောင်းသား တစ်ယောက်အနေဖြင့် ကျွန်တော်ရှုမြင် သည့်အတိုင်းပြောရလျှင် အရှေ့တောင်အာရှ နိုင်ငံအများစု၏ ရွေးကောက်ပွဲစနစ်တွင် စစ်တပ်နှင့်လက်နက် ကိုင်တပ်ဖွဲ့များ အကြား အာဏာခွဲဝေမှု၊ နိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်မှုတို့ သည် ရှည်လျားပြီး မဆုံးနိုင်အောင် ဆက်နွှယ်လိမ်ယှက်မှုများရှိနေသည်ဟုပြောချင်ပါသည်။ စစ်တပ်သည်လည်းကောင်း၊ လက် နက်ကိုင်တပ်ဖွဲ့များသည် လည်းကောင်း နိုင်ငံရေးတွင် ပါဝင် ပတ်သက်စရာအကြောင်း လုံးဝမရှိပါ။
သာဓကအနေဖြင့် အမေရိကနှင့် အိန္ဒိယကိုကြည့်ပါ။ ထိုသို့ အာဏာသိမ်းလိုက်ခြင်းမျိုး၊ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရတစ်ရပ်ကို အနှောင့်အယှက်ပေးခြင်းတို့ကဲ့သို့ အာဏာမျိုး ထိုနိုင်ငံက စစ်တပ်မှာရှိဖို့ဆိုသည်မှာ စိတ်ကူးကြည့်လို့ပင်မရပါ။ အစိုးရအဖွဲ့တစ်ခုသည် အကျင့်ပျက်ခြစားမှုများရှိလာလျှင်၊ သို့ မဟုတ် လူထုအတွက် တာဝန်ထမ်းဆောင်နိုင်မှုမရှိနိုင်လျှင် စစ်တပ်မဟုတ်သော ဒီမိုကရေစီနည်းကျအဖွဲ့အစည်းများ၊ တရား ခုံရုံးများ၊ ပြည်သူ့ခုံရုံးများ အစရှိသည့်အဖွဲ့အစည်းများကသာ အစိုးရအဖွဲ့များကို ပြောင်းလဲပစ်လေ့ရှိသည်။
ကျွန်တော့် e-mail က ဆက်လက်ပြီး ဤသို့ရေးထား သည်။ အချို့သော အခြေအနေများတွင် စနစ်များကို ပေါင်းစပ် ကျင့်သုံးခြင်းက ပို၍ကောင်းနိုင်ပါသည်။ သို့မဟုတ် လူ့အဖွဲ့ အစည်းအတွင်း ပဋိပက္ခများလျော့နည်းသွားစေမည့် စနစ်များကို ကျင့်သုံးခြင်းက အချို့သောအခြေအနေများတွင် ကောင်းနိုင်ပါ သည်။ (မြန်မာပြည်မှာကဲ့သို့ လမ်းစဉ် ခု နစ်ရပ်ပေါ်ထွက်လာခြင်းမျိုးကို မျှော် လင့်သည် မဟုတ်ပါ) သို့သော် ပင်စည်၏ အမြစ်တွင် ချွတ်ယွင်းချက်ရှိနေလျှင် အားကောင်းသန်မာသည့် အကိုင်း အ ခက်များထွက်မလာနိုင်သည်ကို ကျွန် တော်တို့က သတိရှိနေရပါမည်။ ထိုအပင် ၏အရွက်အခက်များလည်း ညှိုးခြောက် သွားပါလိမ့်မည်။ ထိုင်းနိုင်ငံတွင် ရွေး ကောက်တင်မြှောက်ထားသည့် အစိုးရ များကို အာဏာသိမ်းကာ ဖြုတ်ချခဲ့သည် မှာ အကြိမ်ကြိမ်အခါခါဖြစ်သည်။ ထိုသို့ လုပ်ဆောင်လိုက်သည့်အတွက် စိတ်ညစ် ညူးဖွယ်များနှင့် စီးပွားရေးထိခိုက် ယို ယွင်းမှုသာဖြစ်ခဲ့သည်။ ဒီမိုကရေစီသို့ လျှောက်လှမ်းနေမှုကို ထိခိုက်ပျက်စီးရ သည်။ ထို့ကြောင့် က္ဘာကြီး၏ မည်သည့် နေရာက စနစ်များကို လှမ်းယူကျင့်သုံး သည်ဖြစ်စေ သက်ဦးဆံပိုင်စနစ်တစ်ခုကို ဖျက်သိမ်းလိုက်ပြီးချိန်က ကြုံရမည့်ပြဿနာများ ကြုံရမည် ဖြစ် သည်။ အခြေခံအကြောင်းအချက်နှင့် ထောက်ခံအားပေးမှု မရှိ သည့် Street Politics (လမ်းပေါ်နိုင်ငံရေး) ကြောင့် ဖယ်ရှားခံ လိုက်ရသော အစိုးရများ ပြုတ်ကျသွားသည့် ယခုကြုံရသည့် ပြဿနာများ ကြုံရမည်။
လွှတ်တော်သည် လူထုကိုကိုယ်စားမပြုနိုင်လျှင် အပြောင်း အလဲအကြောင်းပြောဆိုမှုများ သို့မဟုတ် မည်သည့်စနစ်က မည် သည့်စနစ်ထက် ပိုကောင်းသည်ဟု ပြောဆိုမှုများသည် အတု ယောင် ထင်ယောင်ထင်မှားဖြစ်မှုသာ ဖြစ်ကြောင်းကို ကျွန်တော် ရေးခဲ့သည့် e-mail က ထင်ဟပ်ပြလိုက်ခြင်းသာဖြစ်သည်။
တောင်အာဖရိကနိုင်ငံသည် ဒီမိုကရေစီကိုတည်ငြိမ် အောင် လျှောက်လှမ်းနေသည်မှာ ၁၄နှစ်ကြာကာလထဲသို့ ရောက်ရှိနေပါပြီ။ ပါတီကိုသာ မဲပေးနိုင်သည့် Closed List PR စနစ်ဖြင့် အောင်မြင်သည့် ရွေးကောက်ပွဲ သုံးကြိမ် ကျင်းပနိုင်ခဲ့ သည်။ ယခုကျင့်သုံးနေသည့် စနစ်သည် အမှန်တကယ်ကောင်း ခြင်း၊ မကောင်းခြင်းကို ယခုတိုင် သဲကြီးမဲကြီး ဆွေးနွေးငြင်းခုံနေ ဆဲရှိသည်။ FPTP စနစ်ကိုသာ ကျင့်သုံးခဲ့မည်ဆိုလျှင် အာဖရိ ကန် အမျိုးသားကွန်ဂရက်ပါတီသည် လွယ်လွယ်ကူကူပင် အပြတ်အသတ်အနိုင်ရမည်ဖြစ်သည်။ သို့သော် ထိုစနစ်ကို မရွေး ချယ်ဘဲ PR စနစ်ကိုသာ ကျင့်သုံးခဲ့သည်။ ထိုစဉ်က အားလုံးပါဝင် နိုင်ရေးသည် လိုအပ်ချက်ဖြစ်ခဲ့သည့်အတွက် ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းများမှာ တစ်မျိုးတစ်ဖုံဖြစ် နေခဲ့သည်။ သို့သော် ကျွန်တော်တို့ ယခု မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို ကြည့်ပါ။
၂ဝဝ၈ခုနှစ်တွင် EISA ၏ ထိပ် တန်းသုတေသနသမား တစ်ယောက်ဖြစ် သည့် Bertha Chiroro ရေးသား တင်ပြသည့် Electoral System and Accountability : Options for Electoral Reform in South Africa ဟု ခေါင်းစဉ်ပေးထားသည့် စာတမ်းတစ် စောင်ထွက်လာသည်။ Electoral Task Team (ETT) အဖွဲ့တစ်ခုကိုလည်း သတ်မှတ်တာဝန်ပေးကာ ၂ဝဝ၂ ခုနှစ် တွင် စတင်ခဲ့သည့် တောင်အာဖရိက၏ ရွေးကောက်ပွဲစနစ်ကို ပြန်လည်စိစစ်ပြီး Konard-Adenauer-Stiftung က ထောက်ခံသည်။ ETT အဖွဲ့ကို အသင့် တော်ဆုံး ရွေးကောက်ပွဲ စနစ်တစ်ခုကို ရှာဖွေရန် တာဝန်ပေးလိုက်သည်ဟု သိရသည်။ ထိုအဖွဲ့၏ တင်ပြ ချက်တွင် ပေါင်းစပ်စနစ်တစ်ခုကိုအသုံးပြုရန် အကြံပြုသည်။ ထို စနစ်တွင် အချိုးကျမဲခွဲဝေမှုနှင့် မဲဆန္ဒနယ်တစ်ခုမှ မဲများကို အခြေခံကာ မဲဆန္ဒအများဆုံးရသူသာ အနိုင်ရသည့်FPTP စနစ် ကို ပေါင်းစပ်ထားသည့် စနစ်ကို ကျင့်သုံးရန် အကြံ ပြုသည်။
ထို့ကြောင့် ကျွန်တော်ပေးပို့ခဲ့ဖူးသည့် စာထဲတွင် အဓိက ပြောချင်သည့်အတိုင်းပင် ရွေးကောက်ပွဲစနစ် ပြောင်းလဲခြင်း အကြောင်းပြောဆိုမှုများကို ရပ်လိုက်ကြပါစို့။ ယခုလတ်တလော အခြေခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကဲ့သို့ ဆွေး နွေးရန်လိုသည့် အကြောင်းများကိုဆွေးနွေးကြပါစို့။ ထိုအချက် က အခြေခံရင်းမြစ်ဖြစ်နေသည်။ သစ်တစ်ပင် ကြီးထွားရှင်သန် ပွင့်ဖူးကာ ကျွန်တော်တို့ကို အရိပ်အာဝါသပေးမည်ကို မြင်လိုပါ လျှင် ကျွန်တော်တို့သည် မမှန်မကန်လုပ်ဆောင်နေမှုများကို ကြို တင်ကာကွယ်ရန်လိုသည်။
စနစ်တစ်ခုကို ထောက်ခံအားပေးသူများက အကြောင်း အရာအမျိုးမျိုး ပြောဆိုကြပါလိမ့်မည်။ ဥပမာ-PR စနစ်ကို ထောက်ခံသူများက ထိုစနစ်ကြောင့် အလဟဿဖြစ်သွားမည့် မဲအရေအတွက်နည်းပြီး လူထုကို ကိုယ်စားပြုနိုင်မှုပိုများသည်ဟု ပြောလိမ့်မည်။ အကြောင်းကတော့ ငါးရာခိုင်နှုန်းသာ ထောက်ခံ မှုရသည့် ပါတီပင်လျှင် လွှတ်တော်ထဲတွင် အမတ်နေရာများကိုရရှိ နိုင်သည့်အတွက်ဖြစ်သည်။ သူတို့ထောက်ခံမဲပေးလိုက်သည်မှာ မည်သည့်ပါတီဖြစ်ကြောင်းကို လူတိုင်းနီးပါးက ပြောပြနိုင်ပါလိမ့် မည်။ မဲအများဆုံးရသူသာ အနိုင်ရသည့်စနစ်တွင် လူထုအများစု သည် ရွေးချယ်တင်မြှောက်ခံရခြင်းမရှိသည့် ကိုယ်စားလှယ်များ ကို မဲထည့်လိုက်ရခြင်းမျိုးရှိသည်။ ထိုသို့ဝေဖန်ပြောဆိုမှု၏ အဓိပ္ပာယ်က မိမိတို့၏ကိုယ်စားလှယ်လောင်းသည် အရွေးချယ် မခံရဘူးဆိုလျှင် မိမိတို့သည် အစိုးရအဖွဲ့အတွင်းတွင် ကိုယ်စားပြု ထားခြင်းမရှိဟု ဆိုလိုနေသည်။ ထိုအယူအဆမှာ အလွန်အခြေခံ ကျသည့် မှားယွင်းစွာနားလည်ထားမှုပင်ဖြစ်သည်။ လူထုကို ကိုယ်စားပြုခြင်း၊ ကိုယ်စားလှယ်အဖြစ်ရပ်တည်ခြင်းသည် မိမိ ကို မဲထည့်လိုက်သူများကိုသာ ကြည့်ရှုနေခြင်းမဟုတ်ပါ။ ( ဆန္ဒမဲ ပေးသည့်စာရွက်ကို စစ်ဆေးခွင့်မပေးလျှင် မည်သို့သိရှိနိုင်မည် နည်း။ လျှို့ဝှက်မဲပေးခြင်းတွင်ထိုသို့ ကြည့်၍မရပါ)။ အခြား တစ်ဖက်တွင်လည်း PR စနစ်ကို ရှုတ်ချသူများက PR စနစ်တွင် ကိုယ်စားလှယ်ရွေးချယ်မှုသည် မဲဆန္ဒရှင်များနှင့် မသက်ဆိုင်ဘဲ ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့်သာ အခြေခံအားဖြင့် သက် ဆိုင်နေသည့်အတွက် ‘သိသိသာသာ နောက်ပြန်ဆွဲခြင်း’ဟု ထောက်ပြကြလိမ့်မည်။
မြန်မာပြည်တွင် ရွေးကောက်ပွဲစနစ်အပြောင်းအလဲလုပ် ရန် စိုင်းပြင်းနေကြချိန်တွင် ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ တစ်ယောက်သည် ဤသို့ပြောစရာရှိလာမည်။ ‘ရွေးကောက်ခံရ မည့် ကိုယ်စားလှယ်ကို မည်သူက မည့်သည့်နေရာတွင် ပါဝင်ရန် ပါတီခေါင်းဆောင်ပိုင်းက အဆင့်လိုက် ရွေးချယ်လိုက်သည့် အတွက် ကိုယ်စားလှယ်များသည် မဲဆန္ဒပေးသူများကို ထောက် ထားစရာ မဟုတ်တော့ဘဲ ပါတီခေါင်းဆောင်ပိုင်းကို ထောက် ထားစရာဖြစ်လာသည်။ သို့သော် ပါတီတွင်း၌ ဒီမိုကရေစီနည်းကျ ကျင့်သုံးမည်ဆိုလျှင် ထိုပြဿနာမှာ အရေးမကြီးတော့ပေ။ မဲ ဆန္ဒရှင်များ၏ဆန္ဒကို ပါတီမှတစ်ဆင့် သူတို့၏ဆန္ဒကို ထုတ်ဖော် ပြနိုင်သည်ဆိုလျှင် ပြဿနာတစ်ရပ်မဟုတ်တော့ပေ။ သို့သော် ဒီမိုကရေစီရေးရာ အထူးကျွမ်းကျင်သူများက အလွန်သတိထားမိ သည့် အရာတစ်ခုရှိပါသည်။ ထိုအရာမှာ ဒီမိုကရေစီထွန်းသစ်စ နိုင်ငံများတွင် အများဆုံးတွေ့ရသည့် အခက်အခဲတစ်ရပ်မှာ ပါတီ တွင်း ဒီမိုကရေစီကင်းမဲ့နေခြင်းပင်ဖြစ်သည်။ ဘော့စ်နီးယား၊ က္ဘောဒီးယား၊ အင်ဒိုနီးရှားကဲ့သို့နိုင်ငံများတွင် ထိုသို့ပါတီတွင်း ဒီမိုကရေစီလစ်ဟင်းနေမှုကြောင့် မဲဆန္ဒရှင်များကို ကိုယ်စားပြု ပေးနိုင်မှုတွင် အလွန်အားနည်းနေသည်ကို တွေ့ရသည်။ လူထုက မကျေမနပ် ဒေါသထွက်ကြသည်။ ဒီမိုကရေစီအပေါ် စိတ်မဝင်စား ခြင်း၊ မျှော်မှန်းထားသည်အတိုင်းဖြစ်မလာသည့်အတွက် စိတ် ပျက်ခြင်းများကို တွေ့မြင်ရ သည်။
၂ဝ၁၃၊ နိုဝင်ဘာရွေးကောက်ပွဲတွင် ကျွန်တော်သည် အလားတူအခြေအနေမျိုးဖြင့် တွေ့ကြုံရသည်။ ရွေးကောက်ပွဲမဲ ဆွယ်စဉ်ကာလက ပါတီအသီးသီးက ခေါင်းဆောင်များကျယ် ကျယ်လောင်လောင်ပြောဆိုထားသလို လူနည်းစုများနှင့် အမျိုး သမီးအမတ်များ ရှိသင့်သည့်အတိုင်း မရှိသည်ကို တွေ့ရသည်။ List PR သည် မဲဆန္ဒအရေအတွက်အရ အမျိုးသမီးများကို ရှေ့တန်းသို့ထုတ်ရန် ရည်ရွယ်ရင်းဖြစ်သည်။ ယောက်ျားများသာ ကြီးစိုးသည့် လူ့အဖွဲ့အစည်းတွင် ယောက်ျားများကိုသာ အမြဲဦး စားပေးသည့် အစဉ်အလာရှိနေသည်။ အံ့သြစရာကောင်းသည် က မဲဆန္ဒအရေအတွက်အများဆုံးရရှိသူသာ အနိုင်ရသည့် FPTP စနစ်တွင် အမျိုးသမီးများသည် အမတ်နေရာများများကို ရရှိနေကြသည်။ ထိုအခြေအနေတွင် အမျိုးသမီးများ လွတ်တော် အတွင်းသို့ ဝင်ရောက်ခွင့်ရပြီး ဖွဲ့စည်းပုံမူကြမ်းရေးဆွဲခွင့်ကို ရရှိ ကြသည်။ ထိုစနစ်က အမျိုးသမီးများနှင့် လူနည်းစုများပါဝင်နိုင်မှု ကို သေချာစေပြီး မည်သူမျှ ဘေးဖယ်ကျန်ရစ်ခြင်းမရှိပေ။
ထို့ကြောင့် က္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်ခဲ့သည့် ရွေးကောက် ပွဲဖြစ်စဉ်များက လှစ်ဟပြသည့် သမိုင်းတွင် ထင်ထင်ရှားရှားပြ ထားသည့် ဖြစ်စဉ်အမျိုးမျိုးမှ အချက်အလက်များကို ကောက် ချက်ဆွဲရယူရမည့် သင်ခန်းစာမှာ ‘စနစ်များသည် အပြောင်း အလဲကို ဖြစ်ပေါ်စေခြင်းမဟုတ်ဘဲ တွေးခေါ်ရှုမြင်ပုံစံကိုသာ ပြောင်းလဲစေသည်’ဟူ၍ဖြစ်သည်။ တွေးခေါ်မှုပုံစံပြောင်းလဲလာမှသာအားလုံးကို နေရာပေးလာမည်။ လူထုကို သူတို့အား ကိုယ် စားပြုထားသည့် ကိုယ်စားလှယ်များမှတစ်ဆင့် ပြောရေးဆိုခွင့်ပေးလိုက်ခြင်းဖြစ်သည်။ အလျင်စလို မစဉ်းစားမဆင်ခြင်လုပ် ဆောင်ခြင်းမျိုး ဟိုဟိုသည်သည်ပုံစံများကို ကူးယူပြီး နေ့ချင်းညချင်းပြီးမြောက်အောင်လုပ်ဆောင်ပေးမည့် ကိုယ့်ကိုယ်ကိုယ် ကျွမ်းကျင်သူတံဆိပ်ကပ်ထားသူများကို ယုံကြည်ကိုးစားကာ ရောဂါကိုကုသခြင်းမျိုးမဟုတ်ဘဲ ရောဂါဖြစ်ရသည့် အရင်းဇာစ် မြစ်ကို ရှာဖွေဖော်ထုတ်ရန် ကျွန်တော်တို့အားထုတ်မှသာလျှင် ပြုပြင်ပြောင်းလဲရေးမှာ အလုပ်ဖြစ်ပါလိမ့်မည်။
ဆက်လက်ဖော်ပြပါမည်။

