(မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း အမှုဆောင် သမားတော်ကြီး ဦးမြင့်သောင်းနှင့်တွေ့ဆုံခြင်း)

Photo: Thi Ri Han

၂၀၁၄-ဒီဇင်ဘာ-၂၀၁၅-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၉) မှ အင်တာဗျူး ဆောင်းပါး ဖြစ်ပါသည်။

သီတာဝင်း နှင့်သီရိဟန် တွေ့မေးသည်။

ယခုလ မော်ကွန်းမဂ္ဂဇင်းအင်တာဗျူးကဏ္ဍအတွက် မြန်မာ့တိုင်းရင်းဆေးအခြေအနေနှင့်ပတ်သက် ပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း အမှု ဆောင်သမားတော်ကြီး ဦးမြင့်သောင်းကို တွေ့ဆုံမေး မြန်းထားပါသည်။ အဓိကမေးမြန်းဖြစ်ခဲ့သည်များက တော့ မြန်မာလူမှုအဖွဲ့အစည်းတွင် တိုင်းရင်းဆေး၏ အခန်းကဏ္ဍ၊ တိုင်းရင်းဆေးကို မည်သူတွေ အဓိက အား ကိုးကြသနည်း၊ အနောက်တိုင်းဆေးနှင့်ယှဉ်လျှင် တိုင်း ရင်းဆေး၏ နေရာ၊ အစိုးရ၏ မူဝါဒ အစရှိသည်တို့ ဖြစ်ပါ သည်။

မော်ကွန်း။  ။ အစိုးရခေတ်အဆက်ဆက်မှာလည်း တိုင်းရင်းဆေး ကို ပံ့ပိုးကူညီမှုတွေ ရှိခဲ့တာ တွေ့ရပါတယ်။ ယခု အစိုးရသစ်လက် ထက်မှာ တိုင်းရင်းဆေးကဏ္ဍအနေနဲ့ ဘယ်လိုပြောင်းလဲမှုတွေ ရှိလဲ သိချင်ပါတယ်။

ဦးမြင့်သောင်း။  ။ မျိုးဆက်သစ်လူငယ်တွေ မှတ်သားနာယူနိုင် အောင်မှတ်သားသိရှိအောင် အစအဆုံးပြောလိုက်မယ်။ တိုင်း ရင်းဆေးဆိုတာ ဘာလဲဆိုတော့ ပါဠိလိုဆိုရင် ဒေသနာလို့ ခေါ် တယ်။ မြန်မာလိုဆိုရင် ဘုရားဟောသြဝါဒ။ မြတ်ဗုဒ္ဓဟောထား တဲ့သြဝါဒ။ ဒီတော့ ဘုရားဟောထားတဲ့ ဒေသနာအရ တိုင်းရင်း ဆေးကြီးဟာ ဟိုးပဝေသဏီက၊ မြတ်စွာဘုရားရှင် လက်ထက်က တည်းက။

ဘယ်သုတေသနဌာနမှလည်း မပေါ်သေးဘူး၊ ဘယ်ဓာတ်ခွဲ ခန်းမှလည်း မပေါ်သေးဘူး၊ ဒီတိုင်းရင်းဆေးတက္ကသိုလ် ဆိုတာ လည်း မရှိသေးဘူး။ ဘာမှမရှိတဲ့အတွင်းမှာ အရင်တုန်းက ဒီဆေး ပညာကို ထိန်းသိမ်းလာတဲ့ ပညာရှင်ကြီးများဟာ ဘယ်ဓာတ်ခွဲ ခန်းမှ လည်း မလိုဘူး။ ဘယ်သုတေသနမှလည်း မလိုဘဲနဲ့ သူတို့ရဲ့ မျက်စိအမြင်၊ လျှာရဲ့ အရသာ၊ နားရဲ့ အကြား၊ နှာခေါင်းရဲ့ အနံ့ အဲဒါနဲ့ ဆုံးဖြတ်ပြီးတော့ တိုင်းရင်းဆေးကျမ်းကြီးတွေ တစ်ကျမ်း ပြီး တစ်ကျမ်း ဖော်ထုတ်လာခဲ့တာ တိုင်းရင်းဆေးကျမ်း ဘယ်နှ ကျမ်းထွက်လာသလဲဆိုတော့ ဒေသနာနယ၊ ဘေသဇ္ဇနယ၊ နက္ခတ္တနယ၊ ဝိဇ္ဇာဓာရနယဆိုပြီး ကျမ်းကြီးလေးကျမ်း ထွက် လာတယ်။

အဲဒီကျမ်းကြီးလေးကျမ်းကို အကျယ်ချဲ့လိုက်မယ်ဆိုရင် တိုင်းရင်းဆေးကျမ်းအားလုံး ၁၁ ကျမ်းထွက်လာတယ်။ အဲဒီ ကျမ်းကြီးလေးကျမ်းကို သိမြင်တတ်မြောက်အောင်လို့ ဆရာကြီး တွေဟာ ဘယ်တက္ကသိုလ်၊ ဘယ်ပညာပေးဌာနမှမရှိဘဲနဲ့ သူတို့ တတ်မြောက်လာတယ်၊ သိမြင်လာတယ်၊ သူတို့ကျွမ်းကျင်လာ တယ်။ အလွန်အံ့သြစရာကောင်းတယ်။ အလွန်ဝမ်းသာစရာ ကောင်းတယ်။ သူတို့အားထုတ်မှုကြောင့် ယနေ့မျိုးဆက်သစ်တွေ အတွက် ဒီဆေးပညာကို ဆက်လက်ပြီးတော့ အမွေဆက်ခံထိန်း သိမ်းနေတဲ့အခါမှာ တော်လှန်ရေးကောင်စီအစိုးရ စတက်လာတဲ့ အခါကျတော့ တိုင်းရင်းဆေးကို မြှင့်တင်ပေးမယ်ဆိုတဲ့ နိုင်ငံ တော်ကောင်စီအစိုးရက တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲ တွေ လုပ်၊ တိုင်းရင်းဆေးကောင်စီတွေ ဖွဲ့၊ တိုင်းရင်းဆေးသိပ္ပံတွေ ဖွင့်၊ တိုင်းရင်းဆေးရုံတွေ ဖွင့်၊ နောက်ဆုံးတိုင်းရင်းဆေးဦးစီးအထိ ဖွင့် ပစ်လိုက်တယ်။ အဲဒီလိုတွေ ဖြစ်သွားတယ်။

မန္တလေးမှာ တိုင်းရင်းဆေးတက္ကသိုလ်ကြီးတွေ ဆောက် တယ်။ အနောက်တိုင်းဆေးတက္ကသိုလ်တက် သလိုပဲ။ အရှေ့တိုင်း တိုင်းရင်းဆေးတက္ကသိုလ် တက်ဖို့ အဲဒီပုံစံ အတိုင်းပဲ လျှောက်လွှာ တင်ပြီး ရွေးချယ်သွားတယ်။

အဲဒီဆေးတက္ကသိုလ်က  ဘွဲ့ရ တယ်။ ဘွဲ့ရဆရာ၊ ဆရာမ များဟာ မြန်မာနိုင်ငံမှာ မနည်းတော့ဘူး။ တော်တော်များလာပြီ။ အားလုံးအကျဉ်းချုံးပြောလိုက်ရင် မြန်မာတစ်နိုင်ငံလုံးမှာ (တိုင်း ရင်း) ဆေးဆရာ ငါးထောင်ကျော်ရှိမယ်လို့ ခန့်မှန်းလို့ရတယ်။ အခုတိုင်းရင်းဆေးတက္ကသိုလ်၊ တိုင်းရင်းဆေးသိပ္ပံက ဆင်းလာ တဲ့ ဆရာ၊ ဆရာမတွေနဲ့ ပေါင်းလိုက်ရင်တော့ ဆေးဆရာတွေ အများကြီးဖြစ်သွားပြီ။ တော်တော့်ကို များလာသလိုပဲ တိုင်းရင်း ဆေးမှာလည်း အဆင့်မြင့်လာပြီ။ ဘွဲ့ရတွေ ပေါ်လာတယ်၊ တိုင်း ရင်းဆေး ဒီပလိုမာဘွဲ့တွေ ရကြတယ်။ တိုင်းရင်းဆေးပညာကို တစိုက်မတ်မတ်ကြိုးစားလာခဲ့ကြတဲ့အတွက် ဦးစီးဌာနမှာပဲ ကြည့်ကြည့်၊ နေပြည်တော်တိုင်းရင်းဆေးကောင်စီမှာပဲ ကြည့် ကြည့် ညွှန်ကြားရေးမှူးချုပ်တို့၊ လက်ထောက် ညွှန်ကြားရေးမှူး တို့ အဲဒီလိုတွေ ပေါ်ထွက်လာတယ်။

ပေါ်ထွက်လာပြီး တိုင်းရင်းဆေးက စည်းနဲ့ ကမ်းနဲ့ စနစ် တကျ။ အရင်တုန်းကလည်း စည်းကမ်းမရှိဘူးလားဆိုတော့ ရှိ တယ်။ သို့သော် အခု ပိုပြီး စည်းကမ်းဘောင်နဲ့ ဖြစ်လာတယ်။ ဖြစ်လာတော့ ဒီတိုင်းရင်းဆေးကို ထုတ်လုပ်တဲ့အခါ   အရင်တုန်း က ကိုယ်လုပ်ချင်သလို လုပ်ကြ။ အခု ဒီလိုမဟုတ်တော့ဘူး၊ ဆေး ဝါးထုတ်တဲ့အခါမှာလည်းပဲ တိုင်းရင်းဆေးဦးစီးရဲ့ ညွှန်ကြားချက် အတိုင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း၊ တိုင်း ရင်းဆေးကောင်စီရဲ့  òန်ကြားချက်အတိုင်း စံချိန်၊ စံနှုန်းမီအောင် ဆေးတွေကို ထုတ်ရတယ်။ စံချိန်စံòန်းမီအောင် ထုတ်လုပ်နိုင်ဖို့ အတွက် တိုင်းရင်းဆေးသုတေသနဖွင့်လိုက်တယ်။ တိုင်းရင်းဆေး ဓာတ်ခွဲခန်းဖွင့်လိုက်တယ်။ ဒီဆေးတွေကို ထုတ်လုပ်ဖို့အတွက် ဆေးဝါးမှတ်ပုံတင်ဌာနဆိုပြီး ပေါ်လာတယ်။ တိုင်းရင်းဆေးဓာတ် ခွဲခန်း ပေါ်လာတယ်။ ဆေးသုတေသနဌာန ပေါ်လာတယ်။ အဲဒါတွေနဲ့အကုန်လုံး ဓာတ်ခွဲပြီးတော့ တိုင်းရင်းဆေးဟာ အနောက်တိုင်းနဲ့ ယှဉ်လိုက်မယ်ဆိုရင် မသာရင်တောင် သူများ အောက်ကိုမရောက်ဘူး။

တန်းတူရည်တူယှဉ်နိုင်တဲ့အဆင့်ကို တိုင်းရင်းဆေးရောက် လာပါပြီ။ အဲဒီလို ရောက်လာအောင်လည်းပဲ အခုလက်ရှိမျိုး ဆက်တွေက တိုင်းရင်းဆေးတာဝန်ကို ထမ်းဆောင်နေကြတဲ့ ဆရာ၊ ဆရာမတွေ၊ ဆရာကြီးတွေ ဒီတိုင်းရင်းဆေးကို တိုးတက် မြင့်မားအောင် သူတို့ကြိုးပမ်းကြတယ်။ ဆရာတို့အပါအဝင် ကြိုး စားကြတယ်။ ကြိုးပမ်းကြိုးစားကြသလိုပဲ နိုင်ငံတော်ကလည်း အထူးအားပေးတယ်။ အဲဒီလိုအားပေးမှုကြောင့် ဆရာကြီးတွေရဲ့ ကြိုးစားမှုကြောင့် တိုင်းရင်းဆေးတွေဟာ အလွန်သန့်ရှင်းပြီး တော့ ပြည်သူတွေရဲ့ အားကိုးမှု၊ အများပြည်သူတွေရဲ့သုံးစွဲမှု၊ အများပြည်သူတွေရဲ့ ယုံကြည်မှုကို ရရှိလာတယ်။

ဒီအဆင့်မျိုးရောက်လာအောင် ဆရာ့ ဆရာကြီးတွေရဲ့ ကြိုးစားမှု၊ နိုင်ငံတော်ရဲ့ အားပေးမှုကြောင့် ဒီနေ့ လူငယ်ထု အတွင်း စိမ့်ဝင်လာတယ်။ အခု ဆရာကြီးတို့ တိုင်းရင်းဆေး တက္ကသိုလ်မှာ သင်ကြားပေးတဲ့ ဆရာကြီးတွေ၊ ပါမောက္ခတွေ၊ နည်းပြတွေက ဒေါက်တာတွေ တော်တော်များတယ်။ တိုင်းရင်း ဆေးဦးစီးမှာလည်းပဲ òန်ချုပ်လုပ်သူက ဒေါက်တာပဲ။ အဲဒီလို ပေါ့၊ အနောက်တိုင်းနဲ့ အရှေ့တိုင်းနဲ့ တွဲပြီးတော့ အခုလို ပွဲထွက် လာကြတယ်။

အရင်ကဆို ရန်ကုန်မှာ ကျိုက္ကဆံကွင်းတို့၊ သူနာပြု တက္ကသိုလ်တို့၊ အဲဒီမှာနေပြီးတော့ တိုင်းရင်းဆေးသမားတော်ကြီး တွေ စုစည်းပြီးတော့ အစည်းအဝေးပွဲကြီး လုပ်ခဲ့တာပေါ့။ အခု ခေတ်ဆို ညီလာခံပေါ့။ တစ်နှစ်တစ်ခါလုပ်ခဲ့တာပေါ့။ အခုတော့ နေပြည်တော်ကြီးပေါ်လာတော့ တိုင်းရင်းဆေးညီလာခံဆိုတာ နှစ်တိုင်းလုပ်တယ်၊ နှစ်တိုင်းလုပ်တော့ တိုင်းရင်းဆေး ညီလာခံ ဟာ ရိုးရိုးပေါ့။ အခုတော့ နှစ်နှစ်ရှိပြီ ဆန်းသစ်လာတာ။ ဘယ်လို ဆန်းသစ်လာသလဲဆိုတော့ တိုင်းရင်းဆေးညီလာခံ ရိုးရိုးတင် မကတော့ဘူး။ တိုင်းရင်းဆေးပညာရှင်ကြီးများကို ဖော်ထုတ်ရန် အတွက် ရည်ရွယ်ပြီးတော့ တိုင်းရင်းဆေးပညာရှင်ကြီးများ နှီးနှောဖလှယ်ပွဲဆိုတာ ပါလာတယ်။ အရင်တုန်းက အဲဒါမပါဘူး။

ဝါရင့်ဆရာကြီးတွေမှ ပါလို့ရတယ်။ ဝါရင့်ဆရာကြီးတွေဆိုတာ ဆေးကုသ သက်တမ်းကြာတဲ့ ဆရာကြီးတွေ၊ ဆေးပညာကို ကျွမ်းကျွမ်းကျင်ကျင် ကုနိုင်တဲ့ ဆရာကြီးတွေ၊ အဲဒီလို ဆရာကြီး တွေ ပါဝင်ပြီးတော့ ကျမ်းကြီးလေးကျမ်းကို နှီးနှောဖလှယ်ကြ တယ်။  လက်တွေ့ကုထုံးတွေရော၊ စာတွေ့ တွေရော အဲဒီလို လုပ် လာတော့ တိုင်းရင်းဆေးဟာ ကနေ့အစိုးရလက်ထက် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော် တိုင်းရင်းဆေးဟာ အတော် လေး တိုးတက်လာတာတွေ့ရတယ်။ အဲဒီတော့ ကိုယ်ရိုးရာ၊ ကိုယ့် ဆေးပညာကို မေ့မထားဘဲ ထိန်းသိမ်းကြပါ၊ လိုက်စားကြပါ၊ အား ကိုးယုံကြည်ကြပါလို့ ပြောချင်တယ်။

မော်ကွန်း။  ။ တိုင်းရင်းဆေးအနေနဲ့ အနောက်တိုင်းဆေးကို ယှဉ် ပြိုင်ပြီး ကုနိုင်တယ်ဆိုတဲ့ အချက်ပေါ် ထပ်ပြီး သိချင်ပါတယ်။

ဦးမြင့်သောင်း။  ။ ယှဉ်ပြီး ကုနိုင်တယ်ဆိုတာက တိုင်းရင်းဆေးကို အာသီသရှိတဲ့သူကလည်း တိုင်းရင်းဆေးကုတဲ့နေရာဆီကို သွား ကုကြတယ်။ အနောက်တိုင်းဆေးကို အာသီသရှိတဲ့သူကလည်း ကုလို့ရတဲ့နေရာကို သွားကြတယ်။ အဲဒီတော့ ဥပမာ တစ်ခုပေးရ ရင် နယ်ကို ကွင်းဆင်းတဲ့အခါ ဆေးလှူပွဲလုပ်ကြတယ်။ အနောက် တိုင်းဆေးကလည်း ဆေးလှူတယ်။ မြန်မာဆေးကလည်း ဆေး လှူကြတယ်။ အဲဒီနေရာမှာ အနောက်တိုင်းဆေးက တစ်ဖက်၊ တိုင်းရင်းဆေးက တစ်ဖက် အဲဒီလို ဆေးလှူကြတဲ့အခါ မြန်မာ ဆေးမှာ လူအများဆုံးလာတယ်။ အနောက်တိုင်းဆေးမှာ နည်း နည်းအင်အားနည်းတယ်။ နယ်တွေမှာသွားလှူခဲ့တာ။ အဲဒီလို ယှဉ်ပြီးကုလို့ရတယ်။ အခုလည်း အနောက်တိုင်းဆေးကုခန်း တွေရှိသလို မြန်မာဆေးကုခန်းတွေလည်း ဖွင့်ထားတာပဲ။ အနောက်တိုင်းဆေးကုခန်းရှိလို့ တိုင်းရင်းဆေးကို လူမလာဘူးဆို တာ မရှိဘူးလေ။ ရွှေဘုံသာလမ်းမှာ အရင်တုန်းက ဆေးမှာဘုရင် ဦးချစ်တင်။ အဲဒီဆရာက ခရမ်းက။ အဲဒီမဂိုလမ်းမှာ အနောက် တိုင်းဆေးခန်းတွေ အများကြီးပဲ။ ဘာကြောင့် ဦးချစ်တင် နာမည် ကြီးတာလဲ။ အနောက်တိုင်းဆေးခန်းတွေရဲ့ကြားထဲမှာ ဝင်ပြီး တော့ မြန်မာဆေးတစ်ခန်းတည်းနဲ့ နာမည်ရသွားတာ ကြည့်ပါ လား။ အဲဒါကို ပြောတာ ယှဉ်ကုလို့ရတယ်ဆိုတာ။

မော်ကွန်း။  ။ တိုင်းရင်းဆေးအနေနဲ့ ဘယ်တိုင်းဒေသကြီး၊ ဘယ် ပြည်နယ်တွေမှာ အများဆုံးနေရာယူထားသလဲ သိပါရစေ။

ဦးမြင့်သောင်း။  ။ ပြောမယ်ဆိုရင် တိုင်းရင်းဆေးအများဆုံးနေရာ ယူထားတာကတော့ ရန်ကုန်တိုင်းဒေသကြီးနဲ့ မ္တလေးတိုင်း ဒေသကြီး။ အဲဒီမှာတိုင်းရင်းဆေးက အများဆုံးပဲ။ မ္တလေးက ထွက်တဲ့ တိုင်းရင်းဆေးဂျာနယ်ထဲမှာ ကြည့်လိုက်ရင် မ္တလေး တိုင်းမှာ တိုင်းရင်းဆေးခန်းတွေ ဘယ်လောက်များသလဲဆိုတာ တွေ့ရတယ်။ ကြော်ငြာတွေလည်း အများကြီးပဲ။ အဲဒီတော့ ရန် ကုန်တိုင်းနဲ့ မ္တလေးတိုင်းမှာ တိုင်းရင်းဆေးက အများဆုံး နေရာ ယူထားတယ်။ မ္တလေးထက် ရန်ကုန်က ပိုများတယ်။

မော်ကွန်း။  ။ ပြည်နယ်တွေမှာရော၊ နယ်စပ်ဘက်တွေကျတော့  ဘယ်လိုအခြေအနေရှိသလဲ ဆရာ။

ဦးမြင့်သောင်း။  ။ ပြည်နယ်တွေမှာကျတော့ အစိုးရက ဖွင့်ထားတဲ့ တိုင်းရင်းဆေးဌာနတွေရှိတယ်။ ရန်ကုန်မှာကျတော့ တိုင်းဒေသ အဆင့်ရှိတာပေါ့။ အစိုးရက ဖွင့်တဲ့ဆေးခန်းတွေလည်း ရှိတယ်။ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း ဦးစီးဌာနက ဖွင့်ထားတဲ့ တိုင်းရင်း ဆေးခန်းတွေရှိတယ်။ အဲဒီတော့ နိုင်ငံတော်ကဖွင့်ထားတဲ့ တိုင်း ရင်းဆေးခန်းတွေက ကျန်းမာရေးစောင့်ရှောက်မှုပေးနေသလို   ပုဂ္ဂလိကတိုင်းရင်းဆေးခန်းတွေကလည်း တိုင်းနဲ့ ပြည်နယ် အသီးသီးမှာရှိတယ်။ ဒါပေမဲ့ ရန်ကုန်လောက်မများဘူးပေါ့။ ဧရာ ဝတီတိုင်းမှာဆိုရင်လည်း ပုသိမ်၊ မြောင်းမြ စသဖြင့်ပေါ့။ တနင်္သာ ရီဆိုရင်လည်း ရေး၊ မြိတ်၊ ထားဝယ် အကုန်ရှိတာပဲ။ မြန်မာတစ် နိုင်ငံလုံးအနှံ့မှာ အကုန်ရှိတယ်။

မော်ကွန်း။  ။ ကချင်လူမျိုးတွေဆိုရင်လည်း သူတို့ရဲ့ ရိုးရာဆေး မြစ်တွေ၊ သစ်ဥတွေနဲ့ ကုတာမျိုးတွေ ရှိတယ်ပေါ့။ တိုင်းရင်းသား တွေက အဲဒီလိုမျိုး ကုသတာကရော မြန်မာ့တိုင်းရင်းဆေးထဲမှာ အကျုံးဝင်ပါသလား ဆရာ။

ဦးမြင့်သောင်း။   ။ အကျုံးဝင်တာပေါ့။ မြန်မာ့တိုင်းရင်းဆေး ဆိုတာက ခြုံပြောလိုက်တာပေါ့။ အကျယ်ချဲ့ပြောလိုက်မယ်ဆိုရင် သစ်မြစ်၊ သစ်ဥ၊ သစ်ဖု၊ အရွက်၊ အသီး၊ အခေါက်၊ဒါတွေနဲ့ဖော်စပ် တဲ့ဆေးတွေဆိုတော့ ကချင်ပြည်နယ်က ထွက်တဲ့ ဆေးပင်၊ ဆေး ဥ၊ ဆေးမြစ်၊ အပွင့်၊ အသီးမှန်သမျှဟာလည်း ဆေးဖက်ဝင်တယ်။ အခု လမ်းလျှောက်သွားရင် တွေ့တဲ့မြက်ပင်တစ်ပင်တောင် ဆေး ဖက်ဝင်တယ်။

ဥပမာဆို ကုက္ကိုပင်တစ်ပင်လုံးက ဆေးဖက်ဝင်နေတာပဲ။ သုံးလို့ မဆုံးဘူးလေ။ အရွက်၊ အသီး၊ အခေါက်၊ ကုက္ကိုပင်တစ်ပင် လုံး သုံးလို့ရတယ်။ သင်္ကြန်ကျခါနီးဆို ပွင့်တဲ့ ငုပင်။ ငုပင်ဟာလည်း တစ်ပင်လုံး ဆေးဖက်ဝင်တယ်။ အရွက်၊ အခေါက်၊ အပွင့်၊ အမြစ်။  အမြစ်ဆိုရင် ဘီပိုးပျောက်တယ်။ ဘီပိုးရောဂါကို ပျောက် ကင်း စေတဲ့ အစွမ်း ငုပင်မှာရှိတယ်။ ကုက္ကိုပင်ဆိုရင်လည်း ယားနာ အမျိုးမျိုး၊ ထိခိုက်ရှနာအမျိုးမျိုး၊ အဲဒါတွေကို ပျောက်ကင်းစေတယ်။

အပင်မှန်သမျှ မြန်မာနိုင်ငံမှာ ပေါက်ရောက်နေသော၊ မြေ ပေါ်မှာ ပေါက်ရောက်နေသော အပင်မှန်သမျှ ဆေးဖက်ဝင်အပင် တွေချည်းပဲ။ ဆေးဖက်မဝင်တဲ့ အပင် မရှိဘူး။        နောက်တစ်ခါ ကြောင်လျှာပင်တို့၊ သင်္ဘောပင်တို့။သင်္ဘော ပင်ဆို တစ်ပင်လုံး ဆေးဖက်ဝင်တယ်။ အသီး၊ အပွင့်၊ အရွက်။ ဆေးဖက်မဝင်တဲ့ အပင် မရှိဘူး။ ကင်ပွန်းချဉ်ရွက်အဆူူးတွေရော၊ ခုနကပြောတဲ့ အသည်း ရောင်အသားဝါပျောက်တာပဲ။ ဆေးဖက် မဝင်တာမရှိဘူး။ အကုန်လုံး ဆေးဖက်ဝင်တယ်။ ခေါင်းမှာ အုန်းတဲ့။ မျက်စိမှာ ရေ တဲ့။ နားမှာ ဆီတဲ့။ မျက်စိကို နေ့တိုင်းရေ စိမ်ပေး။ အပူအပုပ်တွေ ကင်းပြီး မျက်စိကြည်သွားမယ်။ နားထဲ ကို ဆီလေးနည်းနည်း ကြပ်ပေး။ နားရောဂါမဖြစ်ဘူးပေါ့။ ခေါင်း ကို အမြဲတမ်း အုန်းဆီ လိမ်းထားလိုက်ရင် ဆံပင်လေးတွေ နက် မှောင်ပြီးတော့။ အခု ကလေးတွေ အုန်းဆီလိမ်းရမှာ သေ မလောက်ကြောက်ကြတယ်။ အုန်းဆီမလိမ်းရင် ဘာဖြစ်တတ်လဲ ဆို ငလျင်တွေ ဘာတွေလှုပ်ရင် ခေါင်းအရမ်းမူးတတ်တယ်။ အဲဒါ တွေ မသိကြဘူး။ မသိတာတွေက များနေတယ်။ မရှိတာ မဟုတ် ဘူး၊ ရှိတယ်။ မသိတာတွေက များနေတာ။

မော်ကွန်း။  ။ ဆရာ့ဆီမှာ အများဆုံးလာကုကြတဲ့ ရောဂါအမျိုး အစားတွေ သိပါရစေ။

ဦးမြင့်သောင်း။  ။ သွေးတိုး၊ နှလုံး၊ ဆီးချိုသွေးချို၊  မီးယပ်၊ တီဘီ၊ အဲဒီရောဂါတွေ အများဆုံးပါတယ်။ နောက်ဆုံး တိုင်းရင်းဆေးကို ဘယ်အထိ အားကိုးလို့ရသလဲဆိုရင် အခု ခေတ်စားနေတဲ့ ဘီပိုး၊ စီပိုး၊ နောက်ဆုံး အနောက်တိုင်းနည်းနဲ့ ခေါ်တာတော့ ှုံဠ။ ရောဂါသိရင် ဆေးရှိရမယ်။ စကားတစ်ခွန်းရှိတယ်။ ကုရာနတ္ထိ ဆေးမရှိတဲ့။ အဲဒါ မှားတယ်။ မမှန်ဘူး။ ဘာလို့မမှန်ဘူး ပြောရ လည်းဆိုတော့ အနာသိရင် ဆေးရှိရမယ်။ အဲဒီတော့ ကုရာနတ္ထိ ဆေးမသိတာ။ မသိတာကို သိအောင်လုပ်မယ်။ မတတ်တာကို တတ်အောင်လုပ်မယ်။ အဲဒီတော့ အခုဆေးတွေ ပေါ်လာပြီ။HIV အတွက်။ တိုင်းရင်းဆေးသည် အစာလည်းဆေး၊ ဆေးလည်း အစာပဲ။

အခု စားနေကြတဲ့ မီးဖိုချောင်ထဲက ကြက်သွန်နီ၊ ကြက် သွန်ဖြူ၊ ငရုတ်သီး၊ နနွင်း၊ ချင်း စတာတွေ အကုန် ဆေးဖက်ဝင် တွေချည်းပဲ။  နောက်ပြီး ဈေးထဲ သွားဝယ်။ မုန်လာဥ ဖြူ၊ နီ၊ ကန် စွန်းရွက်၊ ချဉ်ပေါင် အစရှိသဖြင့် အသီးအရွက်တွေကလည်း ဆေး ဖက်ဝင်တယ်။ ဒါကြောင့် တိုင်းရင်းဆေးသည် ဘေးထွက်ဆိုးကျိုး မရှိ ပါ။ တိုင်းရင်းဆေးသုံးတဲ့အတွက် ထပ်ဆင့်ရောဂါတွေ မရှိဘူး။ သက်သာပျောက်ကင်းစေတယ်။

မော်ကွန်း။  ။ တိုင်းရင်းဆေး နဲ့ HIV/AIDS ကို ကုသနိုင်တယ် ဆိုတဲ့နေရာမှာ လက်တွေ့ပျောက်ကင်းသွားတဲ့ လူနာတွေရော ရှိပါသလား။ လက်တွေ့ကုသနေတဲ့ လူနာတွေရော ရှိသလား သိ ပါရစေ။

ဦးမြင့်သောင်း။  ။ ဆရာကြီးတို့ရဲ့ တိုင်းရင်းဆေးနဲ့ HIV ကို ကုသလို့ ပျောက်ကင်းပါတယ်ဆိုတာကို အနောက်တိုင်းက လက် မခံဘူး။ လက်မခံတော့ တိုင်းရင်းဆေးဆရာတွေက အသာလေး လျှိုသွားတယ်။ လျှိုသွားပေမယ့် ပျောက်ကင်းတယ်လို့တော့ မပြောဘူး။ အသက်ကို ဆွဲဆန့်လို့ရတယ်။ ဟုတ်ပြီနော်။ တစ်နှစ် နေရမယ့် သူကို နှစ်နှစ်နေလို့ရအောင် လုပ်ပေးလိုက်တယ်။

ဒီတိုင်းရင်းဆေးက HIV ကို HIV လို့မခေါ်ဘူး။ ခရလို့ ခေါ်တယ်။ ခရဆိုတဲ့ ပါဠိကို မြန်မာလို ပြန်ဆိုရင် ကုန်ဆုံးခြင်းလို့ အဓိပ္ပာယ်ရတယ်။ လူသားတွေရဲ့ ခန္ဓာကိုယ်ထဲက ဓာတ်တွေ ကုန် ဆုံးလာတယ်။ သွေးဓာတ်၊ ကစီဓာတ်၊ ချဉ်ဆီဓာတ်၊ သုက်ဓာတ်၊ အသားဓာတ်တွေ ကုန်ဆုံးခန်းခြောက်လာတယ်။ အဲဒီသဘော ပေါ့။ ခုခံအားကျသွားတဲ့အခါ ပိုးက အနိုင်ယူလာတယ်။ လူက မစားနိုင်တော့ဘူး။ မအိပ်နိုင်တော့ဘူး။ အဖျားတွေ ဝင်လာပြီ။ အဖုတွေ ပေါက်လာပြီ။ ဖြစ်ရင်းဖြစ်ရင်းနဲ့ နောက်ဆုံး လုံးပါးပါး သွားတာပဲ။ အဲဒီလိုမဖြစ်အောင် တိုင်းရင်းဆေးက ကာကွယ်နိုင် စွမ်းရှိတယ်။ ဝမ်းပျက်တာ၊ ဝမ်းလျှောတာ မဖြစ်စေရဘူး။ မဖျားရ ဘူး။ အဲဒီလောက်ထိ တိုင်းရင်းဆေးဟာ ထက်မြက်ပါတယ် ဆိုတဲ့ အကြောင်း အသိပေးတယ်။

မော်ကွန်း။  ။ တိုင်းရင်းဆေးတက္ကသိုလ်တက်တဲ့ လူငယ်တွေ တစ် နှစ်ကို ဘယ်လောက်ထိ ရှိသလဲ သိပါရစေ။

ဦးမြင့်သောင်း။  ။ ဒီနှစ်တော့ ဘယ်လောက်ခေါ်မလဲ မသိရသေး ပေမယ့် တိုင်းရင်းဆေးတက္ကသိုလ်က အနည်းဆုံးငါးဆယ်လောက် ခေါ်တယ်။  အရင်တုန်းကတော့ အမှတ်တွေ ကန့်သတ်တယ်။   အနောက်တိုင်းဆေးတက္ကသိုလ်ဝင်တော့မယ်ဆိုရင် သတ်မှတ် ချက်ရှိတယ်။ အဲဒီသတ်မှတ်ချက်အတိုင်းပဲ။

မော်ကွန်း။  ။ တိုင်းရင်းဆေးကို လေ့လာပြီး ဘွဲ့ရသွားတဲ့အခါ အသက်မွေးဝမ်းကျောင်း မပြုတဲ့သူတွေ ရှိသလား။

ဦးမြင့်သောင်း။  ။ များသောအားဖြင့် တိုင်းရင်းဆေးရုံက ဆင်း လာတဲ့ ကလေးတွေ မှန်သမျှဟာ တိုင်းရင်းဆေးရုံဆိုတာ ရှိတယ်။ အဲဒီတိုင်းရင်းဆေးမှာ အလုပ်သင်ဝင်လုပ်ရတယ်။ အလုပ်သင်ဝင် လုပ်ပြီး နယ်တွေမှာပေါ့။ အစိုးရက ဖွင့်ထားတဲ့ တိုင်းရင်းဆေးခန်း တွေမှာ သူတို့ကိုတာဝန်ပေးပါတယ်။ ဆေးခန်းမှူးတို့၊ ဌာနဆိုင်ရာ တွေရှိတယ်ပေါ့။ အဲဒီမှာ နေရာပေးပါတယ်။ ဒါမှမဟုတ်လို့အချို့ တွေကျတော့ ဝန်ထမ်းမလုပ်ချင်ဘူး။ အပြင်မှာပဲ လုပ်စားမယ်ဆို ရင် ဆေးခန်းဖွင့်လို့ရတယ်။ အများပြည်သူကျန်းမာရေးကို စောင့်ရှောက်လို့ရတယ်။ ဆေးကုခန်းဖွင့်လို့ရတယ်။

နောက်တစ်ခါ ဆေးဝါးထုတ်လုပ်မှု။ သွေးချိုဆီးချိုဆေးကို ထုတ်မလား၊ အပူငြိမ်းဆေးကို ထုတ်မလား၊ မီးယပ်နဲ့ပတ်သက် တဲ့ ဆေးတွေ ထုတ်မလား။ အဲဒါတွေ ထုတ်ပြီးတော့ ဈေးကွက်ကို ရောင်းချပြီး အောင်မြင်နေတဲ့ ဆရာ၊ ဆရာမတွေ အများကြီး ရှိ တယ်။ အဲဒီတော့ တိုင်းရင်းဆေးက နောက်ဆုံး ငယ်ငယ်ရွယ်ရွယ် က ကြိုးစားလိုက်မယ်ဆိုရင် အသက်ကြီးတဲ့အခါ ဒီဆေးပညာက တန်ဖိုးရှိတယ်။ အသက်ကြီးလေ တိုင်းရင်းဆေးပညာက တန်ဖိုးရှိ လေပဲ။

မော်ကွန်း။  ။ နောက်တစ်ချက်အနေနဲ့ တိုင်းရင်းဆေးပညာကို စိတ်ဝင်စားတဲ့လူငယ်တွေကလည်း ကျောင်းတက်ပြီးတော့ ပညာသင်ကြတယ်ပေါ့။ ဒါ့အပြင် ရောဂါလာကုတဲ့ လူငယ်တွေ အနေနဲ့ဆိုရင်ရော ဘယ်လိုရှိမလဲ။ လူကြီးနဲ့ လူငယ်ယှဉ်ရင် လူ ငယ်တွေက အနောက်တိုင်းဘက်ကို ပိုစိတ်ဝင်စား လက်ခံကြတာ တွေ့ရပါတယ်။

ဦးမြင့်သောင်း။  ။ ပြောင်းလဲလာတယ်။ အခုနောက်ပိုင်း ဆရာကြီး ဆီ လာကုသတဲ့ လူနာတွေထဲမှာ လူကြီး၊ လူလတ်၊ လူငယ် သုံးမျိုး သုံးစား မျှတယ်။ အချို့လူငယ်တွေဆိုရင် အင်္ဂလိပ်ဆေးမသောက် ချင်ဘူး။ မထိုးချင်ဘူး။ မြန်မာဆေးမှ မြန်မာဆေး။ ဒီလိုမျိုးတွေရှိ တယ်။ အခု ဆရာကြီးထုတ်ထားတဲ့ ဆေးဝါးသုံးမျိုးရှိတယ်။ အစာကြေဆေး၊ သွေးသန့်ဆေးရယ်၊ ဘဝသစ်ဆေးရယ်။ အဲဒါ တွေက ထုတ်လို့မှ မနိုင်တာ။ တကယ်လို့သာ တိုင်းရင်းဆေးကို အားမပေးကြဘူးဆိုရင် ဘယ်လိုလုပ်ရောင်းရမလဲ။

မော်ကွန်း။  ။ ညီလာခံလုပ်တဲ့အခါ မူဝါဒတွေက တစ်နှစ်တစ်ခါ ပြောင်းလဲနေတယ်လို့ပြောနေကြတဲ့အပေါ်မှာ တကယ်ပဲ အဲလို ပြောင်းလဲနေတာလား သိပါရစေ။

ဦးမြင့်သောင်း။  ။ ဆရာကြီးတို့ညီလာခံတက်လာတာ ပထမ အကြိမ်ကတည်းက။ အခုဆိုရင် ၁၅ ကြိမ်မြောက်ရှိပြီဆိုတော့ တိုင်းရင်းဆေးဦးစီးဌာနမှာ ညွှန်ချုပ်တွေက ခဏခဏ ပြောင်းလဲ နေတဲ့အခါကျတော့ တစ်ယောက်ပြောင်းတော့ တစ်မျိုးဖြစ်နေ တယ်။ သူတို့ကလည်း ဉာဏ်စွမ်းရှိသလောက် နောက်တက်လာ တဲ့ ပုဂ္ဂိုလ်ကလည်း ဉာဏ်စွမ်းရှိသလောက် သူတို့လုပ်ကြတယ်။ တိုင်းရင်းဆေးညီလာခံကတော့  ပုံစံက အတူတူပါပဲ။ ဒီတိုင်းပါပဲ။ တက်လာတဲ့ ဦးစီးချုပ်တွေရဲ့အပေါ်မှာ မူတည်ပြီးတော့ မူလေး တွေ ပြောင်းလဲသွားတာတော့ရှိတယ်။ ဒီပြင်ဟာတော့ ပြဿနာ ဘာမှမရှိပါဘူး။ အခု နှစ်နှစ်ရှိပြီ။ ပြောင်းလဲသွားတာကတော့ ဆေးပညာနှီးနှောဖလှယ်ပွဲ ပါလာတယ်။ အရင်တုန်းက မပါဘူး။အခုတော့ ပါလာပြီ။

မော်ကွန်း။  ။ တစ်နိုင်ငံလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှုမှာ မြန်မာ့တိုင်းရင်းဆေးက ဘယ်လောက်အတိုင်းအတာအထိ အထောက်အကူပြုနိုင်သလဲဆိုတာ သိပါရစေ။

ဦးမြင့်သောင်း။  ။ အမှန်က မြန်မာတိုင်းရင်းဆေးဟာ မြန်မာတစ် နိုင်ငံလုံးအတွက်တင်မကဘဲ ကမ္ဘာအထိသွားနိုင်တဲ့ တိုင်းရင်း ဆေးပါ။ ဒါပေမဲ့ ဦးစီးဦးဆောင်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေအပေါ် မူ တည်တာပေါ့။ ဦးစီးဦးဆောင်လုပ်နေတဲ့ ပုဂ္ဂိုလ်တွေက ကျယ်ပြန့် အောင်လုပ်နိုင်ရင် လုပ်နိုင်သလောက်ဖြစ်ပြီး ကျဉ်းမြောင်း အောင် လုပ်နိုင်ရင်လည်း ကျဉ်းမြောင်းသွားမှာပဲ။ အိမ်မှာလိုပေါ့၊ အိမ်ထောင်ဦးစီးက တိုးတက်ကြီးပွားအောင် လုပ်နိုင်ရင် ကျယ် ပြန့်လာမယ်။ မလုပ်နိုင်ရင် ကျဉ်းမြောင်းသွားမယ်။ ဘယ်သူ့ အပေါ်မှာ မူတည်လဲ။ ဦးဆောင်သူတွေအပေါ်မှာ မူတည်ပါတယ်။

ဦးဆောင်ပုဂ္ဂိုလ် ညံ့ဖျင်းရင်တော့ မတိုးတက်ဘူးပေါ့။ ဦးဆောင် ပုဂ္ဂိုလ် မညံ့ဖျင်းရင်တော့ ကမ္ဘာအထိ ထိုးဖောက်နိုင်ပါတယ်။ အာ ဆီယံမှာ အာရှနိုင်ငံတွေမှာ အိန္ဒိယက တိုင်းရင်းဆေး နာမည်ကြီး ပဲ။ တရုတ်တိုင်းရင်းဆေး ဘယ်လောက်နာမည်ကြီးလဲ။ မြန်မာ ကလည်း အဲဒီလို ဖြစ်နိုင်အောင် ဦးဆောင်ပုဂ္ဂိုလ်တွေက ဦး ဆောင်ပေးနိုင်ဖို့အရေးကြီးတယ်။ အဲဒီလို ဦးဆောင်ပေးနိုင်လို့ ဆရာကြီးတို့ကလည်း လုပ်ပိုင်ခွင့်ရှိမယ်ဆိုရင် မြန်မာတင်မက ကမ္ဘာပါ ကျော်ကြားအောင် စွမ်းဆောင်နိုင်ပါတယ်။

မော်ကွန်း။  ။ မြို့ပြနဲ့ ကျေးလက်ဒေသရဲ့ တိုင်းရင်းဆေးအပေါ် ယုံကြည်မှုက ဘယ်ဘက်က ပိုမလဲ သိပါရစေ။

ဦးမြင့်သောင်း။  ။ ကျေးလက်က ပိုတောင် များသေးတယ်။ တိုင်း ရင်းဆေးကို အားကိုးတဲ့နေရာမှာ မြို့ပြထက် ကျေးလက်က အား ကိုးတယ်။ အခုလည်း မြို့ပြကလည်း တော်တော် အားကိုးလာပါ တယ်။ တိုင်းရင်းဆေးခန်းတိုင်း၊ ဆေးခန်းတိုင်းမှာ ဆေးဝါးကုသခံ ကြတာ များလာတယ်။ တချို့တွေဆို တန်းတောင် စီနေကြတာ။ အားကိုးကြပါတယ်။

မော်ကွန်း။  ။ ကျေးလက်ဒေသတွေက တိုင်းရင်းဆေးကို ပိုပြီး အားကိုးတဲ့ အပေါ် ဆရာကြီးရဲ့အမြင်လေး သိပါရစေ။

ဦးမြင့်သောင်း။  ။ မြင်တဲ့အမြင်ပြောရရင် မြို့ပြမှာက အနောက် တိုင်းဆေးတွေက များတယ်။ ပိုပြီး လွှမ်းမိုးတယ်။ တိုင်းရင်းဆေး တွေက နည်းနည်းအားနည်းချက်ရှိတယ်။ အဲဒါကြောင့် မြို့ပြ အနေနဲ့ အနောက်တိုင်းဆေးကို ပိုပြီး အားကိုးမှီခိုတာ များသွား တာပေါ့။ ကျေးလက်ဒေသတွေမှာကျတော့ အနောက်တိုင်းဆေး က သိပ်ပြီး မထိုးဖောက်နိုင်တဲ့  အပိုင်းတွေရှိတယ်။ အနောက် တိုင်းဆေးကို ကြောက်တာလည်း ပါတယ်။

ဆရာဝန်မညွှန်ကြားဘဲ မသောက်ရဲဘူး။ အရမ်းမထိုးရဲဘူး။ မြန်မာဆေးက မှားသွားလည်း ဘာမှ မဖြစ်ဘူး။ အင်္ဂလိပ်ဆေးက မှားသွားရင် ပြဿနာရှိတယ်။ အဲဒါကြောင့် ကျေးလက်တွေက တိုင်းရင်းဆေးမှ တိုင်းရင်းဆေးဖြစ်နေကြတာ။  ဆရာကြီးက တော့ အဲဒီလို ယူဆတယ်။

မော်ကွန်း။  ။ ရန်ကုန်တိုင်းရင်းဆေးရုံကြီးကို ရောက်သွားတဲ့အခါ မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ ယှဉ်ရင် တက်ရောက်ကုသသူ အလွန်နည်းပါးတဲ့အပေါ်မှာ ဆရာကြီးအမြင်လေး သိပါရစေ။

ဦးမြင့်သောင်း။  ။ ဒီ အနောက်တိုင်းဆေးကုဌာနတွေမှာ လူနာ များတယ်။ တို့တိုင်းရင်းဆေးရုံတွေမှာ လူနာနည်းတယ်ဆိုတဲ့ အပိုင်းကို ပြောရရင် နှစ်ပိုင်းပြောရမယ်။ အင်္ဂလိပ်ဆေးက အခု သောက်၊ အခုသက်သာတယ်။ အခုထိုးရင် အခု သက်သာတယ်။ မြန်မာဆေးက ကြာတယ်။ အဲဒီလိုတွေ ရှိတယ်။ အဲဒီတော့ အမြန် သက်သာတဲ့နေရာပဲ သွားကြမယ်ဆိုတဲ့ အတွေးတွေရှိတယ်။ အဲဒီတော့ အနောက်တိုင်းဆေးရုံတွေက လူစည်ကားတာပေါ့။ တိုင်းရင်းဆေးမှာကျတော့ နည်းနည်းကြာတယ်ပေါ။့ နောက်တစ် ခုရှိတာက အဲဒီတိုင်းရင်းဆေးရုံမှာ ဆေးကုသပေးနေကြကုန် သော ဆရာ၊ ဆရာမများရဲ့ အပေါ် မှာလည်းပဲ မူတည်တယ်။ အဲဒီ တိုင်းရင်းဆေးရုံမှာ ဆေးကုသပေး နေကြတဲ့ ဆရာ၊ ဆရာမများ၏ ဝန်ဆောင်မှုအားကောင်းမယ်ဆိုရင်တော့ အဲဒီဆေးရုံမှာ လူနည်း စရာ အကြောင်းမရှိဘူး။ အဲဒီလိုပဲ တွေးတာပေါ့။ အဲဒီလိုပဲ မြင်ပါတယ်။

မော်ကွန်း။  ။ တိုင်းရင်းဆေးလောက တိုးတက်ဖို့အတွက် ကူညီ ထောက်ပံ့ကြတဲ့နေရာမှာ နိုင်ငံတကာကလည်း ကူညီထောက်ပံ့ ပေးတယ်။ ဘယ်လိုကဏ္ဍတွေမှာ ပိုပြီး ကူညီထောက်ပံ့ပေးလဲ သိပါရစေ။

ဦးမြင့်သောင်း။  ။ အခု အာဆီယံကလည်း မြန်မာတိုင်းရင်းဆေးနဲ့ လာရောက်ပူးပေါင်းကြတာရှိတယ်။ မြန်မာတိုင်းရင်းဆေးကို လာလေ့လာကြတယ်။ အာဆီယံနိုင်ငံတွေကိုလည်း မြန်မာက လေ့လာတယ်ပေါ့။ အဲဒီလိုလေ့လာခွင့်တော့ ရနေပြီပေါ့။ ဒီ ထောက်ပံ့မှု၊ ကူညီမှုဆိုတဲ့ အပိုင်းမှာကတော့ ဆရာကြီးစောစော က ပြောခဲ့သလိုပဲ ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာ မူတည်တယ် ပေါ့။ သူတို့ ကောင်းရင်ကောင်းသလိုပေါ့။ တိုင်းရင်းဆေးက တိုး တက်လာမယ်။ ဂျပန်ကတော့ အကူအညီတွေ ပေးနေတာပဲ။ ပေး နေတဲ့အတိုင်းကို ဦးစီးဦးဆောင်လုပ်နေတဲ့သူတွေက အကြင်းမဲ့ အကောင်အထည်ဖော်ပေးမယ်ဆိုရင်တော့ တိုင်းရင်းဆေးက ပိုပြီး တိုးတက်လာမှာပေါ့။  အခုတော့ လောလောဆယ်က ဆေး သေတ္တာတွေ ဝေနေတာပေါ့။ ကျေးလက်တောရွာတွေမှာ။

[:en]

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."