ရန်ကုန်-၂၀၂၅ ဇူလိုင် ၁၂ (မော်ကွန်း)
စာရေးဆရာ မောင်သာချို အသက် (၆၈) နှစ်ရဲ့ ဈာပနအခမ်းအနားကို ဒီနေ့မွန်းလွဲ ၃ နာရီမှာ ရန်ကုန်မြို့က ရေဝေးသုဿန်မှာ ကျင်းပပါတယ်။
အငြိမ်းစားမြန်မာစာ ပါမောက္ခလည်း ဖြစ်တဲ့ အမည်ရင်း ဦးညွှန့်သောင်းခေါ်တဲ့ ဆရာမောင်သာချိုဟာ ဂျက်ကွမ်းခြံကုန်းအမည်နဲ့လည်း စာပေလောကမှာ ထင်ရှားပါတယ်။
ဒီလ ၁၀ ရက် နံနက်ပိုင်းမှာ ရန်ကုန်မြို့က ပင်လုံဆေးရုံမှာ ကွယ်လွန်ခဲ့တဲ့သူ့ကို မီးင်္သဂြိုဟ်ပြီး အရိုးပြာကို ဂူသွင်းမယ်လို့ သိရပါတယ်။
ထင်ရှားတဲ့ စာရေးဆရာတွေ၊ အနုပညာရှင်တွေ အပါအဝင် သူ့စာဖတ်ပရိတ်သတ်ထောင်နဲ့ချီပြီး ဈာပနအခမ်းအနားကို တက်ရောက်လာတာတွေ့ရပါတယ်။

ဓါတ်ပုံ- မော်ကွန်း

