ရန်ကုန်-၂၀၂၅ မေ ၁၆ (မော်ကွန်း)
ဗမာပြည်ကွန်မြူနစ်ပါတီ(ယူဂျီ)ဟောင်းနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ဒေါက်တာနေဝင်း(ပို့ပို့)၊ အသက် ၆၅ နှစ်ရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ညနေ ၃း၀၀ နာရီအချိန်၊ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေ တက်ရောက်လာခဲ့ကြပြီး ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။
ဒေါက်တာနေဝင်းရဲ့ ဈာပန အခမ်းအနား ပုံရိပ်တချို့ကို မော်ကွန်းက မှတ်တမ်းတင်ဖော်ပြလိုက်ပါတယ်။

ဓါတ်ပုံ – Mawkun Magazine

