ဒီပဲယင်း-၂၀၂၄ အောက်တိုဘာ ၈ (မော်ကွန်း)
တိုက်ပွဲမရှိဘဲ ရမ်းပစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်ချက်ကြောင့် စပါးခင်းကို မြေဆီကြဲနေသူ ဒီပဲယင်းမြို့ခံတစ်ဦးဟာ ဦးခေါင်းကျည်ထိကာ သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
” ဒီပဲယင်းမြို့မှာ အထိုင်ချတဲ့ခွေးတွေ(စစ်ကောင်စီ)က မြို့ထဲကို ရမ်းသမ်းပစ်ခတ်တာ။ စပါးခင်းမြေဆီပက်နေတဲ့လူကို ဝင်မှန်တာ။ နေရာတင်ပွဲချင်းပြီးသေသွားတယ်။ ခေါင်းကို ပွင့်သွားတယ် ” လို့ ဒီပဲယင်းမြို့နယ် ပအဖအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့၊ တောင်ယာပြင်ရပ်ကွက်မှာ နေထိုင်တဲ့ ကိုကျော်ဇင်အောင်ဆိုသူ ဖြစ်ပြီ အောက်တိုဘာ ၆ ရက်က ဖြစ်ပွားခဲ့တာပါ။
တော်လှန်ရေးတပ်တွေရဲ့ တစ်ကြိမ်ဝင်သိမ်းတာကို ခံရဖူးတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေက ဒီလို ရမ်းသမ်းပစ်ခတ်နေတာလို့ ဒေသခံတချို့က ပြောပါတယ်။
အဲဒီအောက်တိုဘာ ၆ ရက်မှာပဲ တောင်ယာပြင်ရပ်ကွက်အပါအဝင် မြို့ဝန်းကျင်က ကျေးရွာတွေကို Mi-35 ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေသုံးပြီး စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် အရပ်သားအဆောက်အအုံတွေ ပျက်စီးတာတွေရှိခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကတော့ ဒီပဲယင်းမြို့ကို တော်လှန်ရေးအင်အားစုတွေက ဝင်တိုက်ခဲ့သေးပြီး တစ်ရက်တာထိန်းသိမ်းနိုင်ခဲ့တာ နောက်ပိုင်း ပြန်ဆုတ်ခဲ့ရပါသေးတယ်။ လက်ရှိမှာ ဒီပဲယင်းမြို့ပေါ်ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး ကျေးလက် ဒေသတွေကို တော်လှန်ရေးတပ်တွေက လွှမ်းမိုးထားတာ ဖြစ်ပါတယ်။
ပုံစာ- ဩဂုတ်လ မြို့သိမ်းတိုက်ပွဲဖော်ဆောင်စဉ်က 96 Soldiers တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။
ဓါတ်ပုံ- 96 Soldiers
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


