ဘုတလင်- ၂၀၂၄ အောက်တိုဘာ ၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၉ ဦးသေဆုံးပြီး ၄၀ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့သော ဘုတလင်တိုက်ပွဲမှ ထွက်ပြေးသွားသော စစ်သားတစ်ဦးကို ထပ်မံဖမ်းဆီးရရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေက မော်ကွန်းကို ပြောသည်။
စက်တင်ဘာလ ၃၀ ရက်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းမှ ဘုတလင်သို့ပြန်လာသော ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင် ခမရ – ၁၀၆၊ ခမရ-၃၀၉၊ ခမရ-၁၆၊ ခလရ -၂၂၉ ပူးပေါင်းအင်အား ၈၅ ဦးပါ စစ်ကြောင်းကို စီပါရွာအနောက် တောင်ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃၉ ဦး သေဆုံးပြီး ဗိုလ်ကြီး နှစ်ဦးပါ စစ်သုံ့ပန်း ၄၀ ဦး ဖမ်းဆီးရရှိခဲ့သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခုနှစ်ဦး ထက်မနည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများထဲမှ တစ်ဦးကို အောက်တို ဘာ၂ရက်တွင် ဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်သည်။
” ဒီကောင်က လူစိမ်းမို့ မသင်္ကာတာနဲ့ ဖမ်းစစ်လိုက်တာ။ ဘုတလင်တိုက်ပွဲက ထွက်ပြေးတဲ့ စစ်သားလို့ သိလိုက်ရတာ။ လူကတော့ ကြောင်သလိုလိုပုံစံနဲ့ တွေ့ခဲ့ရတာ”လို့ ဒေသခံရပ်/ကျေး ပအဖ တစ်ဦးက ပြောသည်။
ယခုဖမ်းမိတဲ့စစ်ကောင်စီတပ်သားဟာ စိတ်မူမမှန်တဲ့အခြေအနေနဲ့တွေ့ ရပြီး ၎င်းမှာ လက်နက်ခဲယမ်းမပါဘဲ ဖမ်းဆီးရမိခဲ့သည်ဟု ပြောသည်။
စက်တင်ဘာလ ၃၀ ရက်က စစ်ကြောင်းတစ်ခုလုံး ရှုံးနိမ့်သွားသည့် စစ်ကောင်စီက ဘုတလင်မြို့နယ်အတွင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသောကြောင့် ကူတော်ရွာအနီး မောင်းထောင်၊ လယ်တီ၊ စီပါ၊ ရွာရှည် စတဲ့ကျေးရွာများက ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတချို့က ပြောသည်။
ပုံစာ- ဘုတလင်တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားများ။
ဓါတ်ပုံ- ပေးပို့
🌐 Telegram
https://t.me/MawkunMM
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews


