သံတွဲ – ၂၀၂၄ စက်တင်ဘာ ၁၄ ( မော်ကွန်း)
ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ်က အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးဟာ တောထဲကိုဟင်းရှာသွားရင်းတွေ့တဲ့ စစ်ကျန်ဗုံးသီးတစ်လုံးကို မတော်တဆထုမိတာကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့ သိရပါတယ်။
” တိုက်ပွဲအတွင်း မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ လက်နက်တွေ ထင်ပါတယ်။ မသိမစမ်းနဲ့ ကောက်ထုကြည့်ရာကနေ ဗုံးသီးထကွဲပြီး ဒဏ်ရာရသွားတာ။ ဒီကာလမှာ တွေ့ရာပစ္စည်းတွေကို လျှောက်မကိုင်ဖို့၊ မထိမိဖို့ အတော်လေးကို သတိထားရမယ်” လို့ ဒီဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကျန်ဗုံးသီးပေါက်ကွဲမှုကြောင့် ခြေလက်အကုန်လုံး ပြတ်ထွက်သွားသလို ခန္ဓာကိုယ်ပေါ်မှာလည်း အစအနစိုက်ကာ ဒဏ်ရာရရှိသွားပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် အသက်စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။
လက်ရှိမှာ သံတွဲမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး AA အနေနဲ့ ၎င်းတို့သိမ်းပိုက်ထိန်းချုပ်ထားတဲ့နေရာတွေက ဒေသခံတွေကို တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့နေရာတွေနဲ့ စစ်ကောင်စီတပ်စွဲနေထိုင်ဖူးတဲ့ နေရာတွေကို မသွားလာကြဖို့ကိုလည်း သတိပေးပြောဆိုထားပါတယ်။
ဒါပေမဲ့ စားဝတ်နေရေးအခက်အခဲတွေကြောင့် ဒေသခံတွေဟာ တောတောင်ထဲသွားကာ မျှစ်ချိုး၊ ဟင်းရှာသွားနေကြရပြီး စစ်ကျန်လက်နက်နဲ့ မြေမြှုပ်မိုင်းတွေ ပေါက်ကွဲကာ ထိခိုက်သေဆုံးမှုတွေလည်း မကြာခဏရှိနေကြပါတယ်။
AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ ဒီနှစ်အစကနေ ဇွန်လအထိ ထပ်ဆင့်ပေါက်ကွဲစေတဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား(၁၅) ဦးသေဆုံးခဲ့ပြီး (၆၇) ဦးဒဏ်ရာရရှိခဲ့တယ်လို့ UNICEF က ထုတ်ပြန်ထားပါတယ်။
ပုံစာ- စစ်ကျန်ဗုံးသီးတစ်လုံးကို တွေ့ရစဉ်။
ဓါတ်ပုံ- APM
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

