ရန်ကုန်-၂၀၂၄ မတ် ၁၂ (မော်ကွန်း)
မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေဟာ ဒီနေ့ စတင်တဲ့ ရမ်သွာန်လမြတ်(ဥပုသ်လ) မှာ ဝတ်ပြု ပူဇော်မှုတွေ၊ ဥပုသ်သီလ ဆောက်တည်တာတွေ လုပ်ဆောင်နေကြပါပြီ။
ရမ်သွာန်လမြတ်ဟာ တစ်လတာ ကြာမြင့်မှာဖြစ်ပြီး စတုဒီသာအလှူပြုတာတွေ၊ ဥပုသ်ဖြေ အလှူအဖြစ် ကျွေးမွေးတာတွေလည်း တချို့ဗလီတွေမှာ လုပ်ဆောင်ကြပါတယ်။
ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်ရှိ နွယ်အေးစွန္နီဂျာမေဗလီကြီးကို ဒီနေ့မှာ ရာပေါင်းများစွာသော ဥပုသ်သီလစောင့်တည်သူတွေ၊ ဝတ်ပြုရှိခိုးသူတွေလာရောက်ကြသလို ဗလီကြီးကနေ ဟာလင်မ် (အာဟာရတစ်မျိုး) အလှူဒါနပြုတာတွေလည်း ရှိပါတယ်။
ဒီနေ့ကျရောက်တဲ့ ရမ်သွာန်လမြတ် အစရက်မှာ နွယ်အေးစွန္နီဂျာမေဗလီကြီးထဲက သက်ဝင်ယုံကြည်သူတွေရဲ့ ပုံရိပ်တချို့ကို မော်ကွန်းက ဖော်ပြလိုက်ပါတယ်။
Photo – Mawkun

