ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၃၁ (မော်ကွန်း)
ယမန်နေ့က မြောက်ဦး-ကျောက်တော်ယာဉ်လိုင်းတစ်စီးပေါ်မှာ လိုက်ပါလာတဲ့သံဃာတစ်ပါးမူးလဲသွားလို့ ယာဉ်မောင်းကပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်ဆိပ်ရွာအနီးမှာ ၎င်းက်ိုသယ်ချပြီးလမ်းဘေးအမိုးအောက်ထားခဲ့တယ်လို့ ကျောက်ဆိပ်ရွာတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဘုန်းကြီးကကားပေါ်မှာမူးလဲသွားလို့ ကားဆရာကပစ်ချပြီးထွက်ပြေးသွားတာ။ ကျွန်တော်တို့လည်းလိုက်ဖမ်းလို့မရဘူး။ ဘုန်းကြီးကိုအချိန်မီဆေးရုံပို့ပေးလိုက်ရတာ။”လို့သူကပြောပါတယ်။
လက်ရှိမှာ ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့ဆေးရုံကိုပို့ဆောင်ထားတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်လူမှုကူညီရေးအသင်းတာဝန်ခံကပြောပါတယ်။
“ခန္ဓာကိုယ်မှာရိုက်နှက်ထားတဲ့ဒဏ်ရာတွေတော့ မတွေ့ရဘူး။ ကျောက်ဆိပ်ရွာအနီးမှာ ဘုန်းဘုန်းကိုပစ်ချခဲ့တာ။ အခုပုဏ္ဏားကျွန်းဆေးရုံမှာတင်ထားပါတယ်။ သတိရတစ်ချက်မရတစ်ချက်ဖြစ်နေတယ်။”လို့ သူကပြောပါတယ်။
လက်ရှိမှာဘုန်းကြီးမိသားစုဝင်တွေ၊ ဆွေမျိုးတွေနဲ့အဆက်အသွယ်မရသေးဘဲ လူမှုကူညီရေးအသင်းက ဘုန်းကြီးကိုဆေးဝါးနဲ့အစားအစာတွေလှူဒါန်းထားတယ်လို့ ဆိုပါတယ်။
ပုံစာ- ကားပေါ်ပစ်ချခံရသည့်ဘုန်းကြီးတစ်ပါးမြင်ကွင်း
ပုံ- PDYO
#Dailynews

