ရန်ကုန်-၂၀၂၃၊ ဇူလိုင် ၁၄ (မော်ကွန်း)
လေးလနဲ့အထက် မီတာအကြွေးကျန်ရှိနေတဲ့အိမ်တွေကို လာမယ့်စက်တာဘာ ၁ ရက်ကစပြီး မီတာပုံးအပြီးဖြုတ်သိမ်းသွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ကညွှန်ကြားထားပါတယ်။
“သုညယူနစ်ခြောက်လရယ်၊ လေးလနဲ့အထက် မီတာမဆောင်တဲ့အိမ်တွေကို စက်တင်ဘာ ၁ ရက်နေ့ကစပြီး ဖြုတ်သိမ်းမယ်လို့ ညွှန်ကြားချက်ထွက်ထားပါတယ်။ အရင်ဆို မီတာဖြုတ်ပေးရင် ပြန်တပ်ပေးတယ်လေ။ အခုက အဲလိုမဟုတ်တော့ဘူး၊ အစားထိုးတပ်ဆင်ခ ပြန်ပေးတော့မှ မီတာကိုပြန်တပ်ပေးမှာ” လို့ သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်ရုံးတာဝန်ကျဝန်ထမ်းတစ်ဦးကပြောပါတယ်။
မီတာသုညယူနစ်အိမ်တွေဆိုတာဟာ လျှပ်စစ်မီးလုံးဝသုံးစွဲမှုမရှိတဲ့အိမ်တွေကို ဆိုလိုတာဖြစ်ပါတယ်။
လျှပ်စစ်မီးသုံးစွဲသူတွေဟာ အကြွေးကျန်တွေကို ဩဂုတ်လနောက်ဆုံးထားပေးဆောင်ရမှာ ဖြစ်ပြီး စက်တင်ဘာ ၁ ရက်ကစတင်ပြီး မီတာဖြုတ်သိမ်းသွားမယ်လို့သိရပါတယ်။
အသေးစိတ်အချက်အလက်တွေကို မြို့နယ်လျှပ်စစ်ရုံးအသီးသီးမှာ မေးမြန်းနိုင်တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးပုံမှန်မရရှိတော့သလို ရန်ကုန်မြို့မှာဆိုလည်း မြို့နယ်အလိုက်အုပ်စုခွဲပြီး လေးနာရီအလှည့်ကျ ဓာတ်အားလွှတ်ပေးနေတာပါ။
YESC ရဲ့စာရင်းတွေအရ ရန်ကုန်မြို့ရဲ့ အိမ်ထောင်စု ၁ ဒသမ ၄ သန်းကျော် မှာ ၈၀ ရာခိုင်နှုန်းဟာ လျှပ်စစ်မီးရရှိပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။
ပုံစာ- ရန်ကုန်မြို့ကအဆောက်အဦးတစ်ခုရှိမီတာပုံးများ
Photo : Mawkun
#Dailynews

