ပေါက် – ၂၀၂၃ ဇူလိုင် ၁၃ (မော်ကွန်း)
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တပ်ကုန်းရွာသစ်မှာ ပျူစောထီးတွေဖမ်းဆီးထားတဲ့ ပြည်သူ ၇ဦးကို ဒီလ ဇွန် ၁၁ ရက်က PDF တွေရွာကိုဝင်စီးတိုက်ခိုက်ချိန်မှာ ကယ်ထုတ်နိုင်ခဲ့ တယ်လို့ Earthquake
Peoples Defense Force ဆီကသိရပါတယ်။
တပ်ကုန်းရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ဲ့ပြီး စစ်သားတွေနဲ့ ပျူစောထီးတွေထွက်ပြေးချိန်မှာ ကယ်ထုတ်နိုင်ခဲ့တာလို့ Earthquake PDF အဖွဲ့ခေါင်းဆောင်ကပြောပါတယ်။
” သူတို့ကအနီးနားရွာက လူတွေကိုဖမ်းတယ်၊ PDF တွေနဲ့ဆက်စပ်တယ်ဆိုပြီးဖမ်းထားတာ၊ ကျွန်တော်တို့ရွာကိုဝင်စီးတဲ့အချိန် သူတို့ထွက်ပြေးတာနဲ့ ကယ်ထုတ်ခဲ့တာ”လို့ သူကပြောပါတယ်။
တပ်ကုန်းရွာသစ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နှစ်နာရီနီးပါး တိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က စစ်သားငါးဦးနဲ့ ပျူစောထီးခုနစ်ဦးသေဆုံးကာ လက်လုပ်သေနတ် ခုနစ်လက်ရရှိခဲ့တယ်လို့ မြိုင်ပ.က.ဖက သတင်းထုတ်ပြန်ထားပါတယ်။
တပ်ကုန်းရွာသစ်က ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတွေကိုချန်ကာ ပျူစောထီးတွေနေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ Earthquake PDF ဆီကသိရပါတယ်။
တိုက်ပွဲပြီးချိန်မှာ စစ်တပ်ဘက်က Mi – 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့လာပစ်ခဲ့ပြီး ထိခိုက်သူမရှိဘူးလို့ ဆိုပါတယ်။
#Dailynews

