ရန်ကုန်- ၂၀၂၃၊ ဇူလိုင် ၁၂ (မော်ကွန်း)
ဒေါ်အောင်ဆန်းစုကြည်ကျန်းကျန်းမာမာရှိတယ်လို့ နေပြည်တော်အကျဉ်းထောင်မှာသွားရောက်တွေ့ဆုံခွင့်ရခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ရဲ့ပြောစကားကိုကိုးကားပြီးကျိုတိုသတင်းဌာနကရေးသားထားပါတယ်။
စနေနေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အချိန်နှစ်နာရီနီးပါးတွေ့ဆုံခဲ့တယ်လို့ဖော်ပြပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ အခုကျင်းပနေတဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ရှင်းလင်းပြောကြားဖို့ရှိနေပြီးအသေးစိတ်ကိုလည်းထုတ်ပြန်မယ်လို့ ဘီဘီစီမြန်မာပိုင်း ကရေးသားထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်အာဏာသိမ်းကာဖမ်းဆီးထားအပြီး ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တဲ့ ဝန်ကြီးတစ်ဦးဖြစ်ပါတယ်။
ဂျာကာတာမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြုသူမပါဝင်ဘဲ မနေ့နံနက်ပိုင်းကတည်းကစတင်ကျင်းပနေတာပါ။
အဲဒီအစည်းအဝေးမှာ မြန်မာ့အရေးနဲ့တောင်တရုတ်ပင်လယ်အရေးကိုထည့်သွင်းဆွေးနွေးကြမှာပါ။
Photo : နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး (ပုံဟောင်း)
#Dailynews

