ခြောက်လအတွင်း ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ၅၀ကျော်ကသေဆုံး

ခြောက်လအတွင်း ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ၅၀ကျော်ကသေဆုံး

ရန်ကုန် – ၂၀၂၃ ဇူလိုင် ၃ (မော်ကွန်း)

ဒရုန်းသုံးပြီးတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ခြောက်လအတွင်း စစ်ကောင်စီဝင် ၅၀ ခန့် သေဆုံးကာ အများအပြားဒဏ်ရာရရှိအောင် လုပ်နိုင်ခဲ့တယ်လို့ Federal Wings အဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Federal Wings အဖွဲ့အနေနဲ့ ၂၀၂၃ ဇန်နဝါရီကနေဇွန်အထိ ဒရုန်းသုံးတိုက်ခိုက်မှု အကြိမ်ရေ ၂၈၁ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာပါ။

အဲဒီတိုက်ပွဲတွေမှာ အဖွဲ့ဝင်တစ်ဦးကျဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Federal Wings က ထုတ်ပြန်ပါတယ်။ ဒဏ်ရာရခဲ့သူတစ်ချို့ဟာလည်း ပြန်လည်သက်သာလို့ တာဝန်ပြန်လည် ထမ်းဆောင်နေကြပြီလို့
ဆိုပါတယ်။

Federal Wings အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ဒရုန်းတပ်ရင်း ၁၈၀၁ ကိုဖွဲ့စည်းနိုင်ခဲ့ပြီး ပင်မအခြေပြုဒေသဖြစ်တဲ့ ကရင်ပြည်နယ်မှာသာမက ခုခံတော်လှန်ရေးပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာပါ စစ်ဆင်ရေးတွေစတင်နိုင်ခဲ့ပြီးလို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒရုန်းတွေနဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရပါဘူး။

Federal Wings အဖွဲ့အနေနဲ့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေအတွက် ဒရုန်းတပ်ဆင်ရေးနဲ့ ဒရုန်းအင်အားဖြည့်တင်းရေးအတွက် အခုရက်ပိုင်းအတွင်း

– Federal Wings နှင့် Cobra ကမ်ပိန်း
– Federal Wings နှင့် KNDF/B-15 ကမ်ပိန်း
– Federal Wings နှင့် ယောဒေသ ဒရုန်းလက်ရုံးတပ်ဖွဲ့ ကမ်ပိန်း စတဲ့အစီစဉ်သုံးခုကို စတင်သွားမှာဖြစ်လို့

ကူညီပေးကြဖို့ လူထုကို မေတ္တာရပ်ခံထားတာကို တွေ့ရပါတယ်။

ပုံစာ-Federal Wings ဒရုန်းတပ်ဖွဲ့ဝင်များ
Photo – Federal Wings


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."