ဆိပ်ဖြူ – ၂၀၂၃ မေ ၁၅ (မော်ကွန်း)
မကွေးတိုင်း ၊ဆိပ်ဖြူမြို့နယ်၊ ကျောက်ကြီးကျေးရွာရဲ့ အနောက်ဘက် ချောင်းကို ဖြတ်ကူးတဲ့ အမျိုးသမီးတစ်ဦး မနေ့ညနေက တောင်ကျချောင်းရေနဲ့မျောပါပြီးပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
တောင်ကျချောင်းရေနဲ့မျောပါသွားသူက အသက် ၄၀အရွယ်အမျိုးသမီးတစ်ဦး ဖြစ်ပြီး အဆိုပါချောင်းရေဟာ တစ်မိုင်ခွဲအကွာမှာ ယောချောင်းထဲကိုစီးဝင်တာလို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
” ခုထိသူ့ကိုမတွေ့ရသေးဘူး၊ ယောချောင်းအဝမှာလည်းမတွေ့ဘူး၊ ဒီမနက်သွားရှာခဲ့သေးတယ်၊ချောင်းတလျှောက်ရွာတွေကိုလည်း သူ့ကိုတွေ့ရင်ပြောပေးကြပါဆိုပြီး လိုက်ပြောထားတယ်”လို့ ဒေသခံအမျိုးသားကပြောပါတယ်။
ချောင်းကို လူခုနှစ်ဦးဖြတ်ကူးကြချိန် တောင်ကျချောင်းရေကျလာတာကြောင့် ဟန်ချက်ပျက်ပြီး လေးယောက် ရေထဲမျောပါခဲ့တာလို့ သူကပြောပါတယ်။
ချောင်းအနီးနားခြုံတွေကို ကျန်သုံးဦးက လှမ်းဆွဲခဲ့တာကြောင့်ကျန်ခဲ့ပြီး တစ်ဦးပျောက်ဆုံးနေတာလို့ သူကပြောပါတယ်။
ယောချောင်းရေဟာ မနေ့ မနက်ပိုင်းကစတင်ကာ ရေအဆမတန်မြင့်တက်လာခဲ့ပြီး ယောချောင်းအနီး
ကျေးရွာတွေကနေအိမ်တွေကိုရေဝင်ရောက်မှုရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။
ပုံစာ – ရေတက်နေသည့်ယောချောင်း
ဓာတ်ပုံ – Supplied
#Dailynews

