ကလေးမြို့ – ၂၀၂၃ ဧပြီ ၁၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်အဖွဲ့ဝင် လေးဦးဟာ ဒီကနေ့မြို့ပေါ်သပိတ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးမှုကို ခံထားရတယ်လို့ သပိတ်ခေါင်းဆောင် ကိုဗိုက်ပူက မော်ကွန်းကိုပြောပါတယ်။
“လောလောဆယ် လေးယောက်ပါသွားတယ်လို့သိရတယ်။ သူတို့က သပိတ်လုပ်တဲ့အခါ စ.က.စ ဘက်က သေနတ်နဲ့ပစ်ဖောက်ပြီးအဖမ်းခံရတာပေါ့။ လောလောဆယ် ဘယ်သူတွေ ဒဏ်ရာရရှိတယ်ဆိုတာကတော့မသိရသေးဘူး၊ လက်ရှိ ဒ.က.စမှာရောက်နေတယ်”လို့ ကိုဗိုက်ပူကပြောပါတယ်။
အဖမ်းခံရတဲ့ သပိတ်အဖွဲ့ဝင်တွေနဲ့ ဆက်စပ်တဲ့ ပြည်သူတွေရှိရင် အမြန်ဆုံးတိမ်းရှောင်ကြဖို့လည်း ကလေးမြို့ပင်မသပိတ်က အသိပေးကြေညာထားပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆို ၇၉၉ ရက်ရှိလာပြီဖြစ်ပါတယ်။
ပုံစာ – ကလေးမြို့ပင်မသပိတ်က ကြေညာထားသည့် အဖမ်းခံရသူများ၏ Facebook စာမျက်နှာများ
#Dailynews

