ရေစကြို – ၂၀၂၃ ဧပြီ ၅ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့တပ်ထဲကနေထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ကကို ဒီနေ့မနက် ၇:၃၀ အချိန်၊ မြို့အဝင်သချိုင်းကုန်းအဆင်းမြောက်ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို ပ.က.ဖဆီက သိရပါတယ်။
“မိုင်း ခြောက်လုံးတွဲဆင်ထားတဲ့နေရာပေါ်ကို သူတို့ငါးယောက်အရောက်မှာမိုင်းဆွဲခဲ့တာ၊ လူတွေကောသေနတ်တွေကောလွင့်သွားတယ်၊ ဒဏ်ရာရတဲ့တစ်ယောက်က ဒူးအောက်ပိုင်းတောင်ပြုတ်သွားတယ်၊ တော်တော်ဆိုးဆိုးဒဏ်ရာရသွားတာ”လို့ ရေစကြို ပ.က.ဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ရေစကြိုတပ်ထဲက ထွက်လာတဲ့ စစ်သား ၃၀ ကိုမိုင်းဆွဲတိုက်ခိုက်ရာမှာ ငါးဦးနေရာတင်လွင့်သွားပြီး သေနတ်နဲ့အလောင်းတွေကို စစ်တပ်ဘက်ကလာရောက်သယ်ဆောင်ခြင်းမရှိသေးဘူးလို့ သူကဆိုပါတယ်။
ရေစကြိုမြို့နယ်၊ မအူရဲစခန်းကိုလည်း ဧပြီ ၃ရက်က ရေစကြို ပ.က.ဖနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်က စခန်းမှူးအပါအဝင် ခုနစ်ဦးသေဆုံးခဲ့ပါတယ်။
#Dailynews

