ရန်ကုန်- ၂၀၂၃၊ မတ် ၃၀ (မော်ကွန်း)
လှိုင်သာယာ၊ ရွှေလင်ဗန်းစက်မှုဇုန်၊ တွင်းသင်းတိုက်ဝန်ဦးထွန်းညိုလမ်းနဲ့ မင်းကြီးမဟာမင်းခေါင်လမ်းထောင့်ရှိ Sweety Home ကုန်ကြမ်းစက်ရုံတစ်ခုနဲ့ကုန်ချောစက်ရုံတစ်ခြမ်း မနေ့ကမီးလောင်ပျက်စီးသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
မီးစတင်လောင်ကျွမ်းတဲ့ ကုန်ကြမ်းစက်ရုံကနေ အနီးအနား ပေ ၄၀ မှာရှိတဲ့ Sweety Home ရဲ့နောက်ထပ်ကုန်ချောစက်ရုံကို မီးကူးသွားတာလို့သူကပြောပါတယ်။
“ဆုံးရှုံးမှုတန်ဖိုးကတော့တွက်နေတုန်းပါ။ steel structure အဆောက်အဦးနှစ်ခု၊ အလျား ၃၅၇ ပေ အနံပေ ၈၀ ရှိတဲ့အဆောက်အဦးတစ်လုံးရယ် နောက်ထပ် ပေ ၃၅၀၊ ပေ၈၀ နောက်ထပ်အဆောက်အဦးတစ်ခြမ်းမီးလောင်မှုထဲပါသွားတယ်။ ရေမြှုပ်ဖော့ဖြတ်စတွေ၊ စက်တွေ၊ ဓာတုပစ္စည်းတွေမီးလောင်သွားတယ်။” လို့သူကပြောပါတယ်။
Sweety Home စက်ရုံတွေမီးလောင်ကျွမ်းခဲ့မှုဟာ ရေမြှုပ်ဖော့တွေကိုဖွတဲ့စက်ကနေအပူလွန်ကဲပြီးလောင်ကျွမ်းခဲ့တာလို့ဆိုပါတယ်။
ဒီလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတော့မရှိဘူးလို့သူကအတည်ပြုပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က မနေ့ညနေ ၃:၀၀ နာရီကျော်လောက်မှာ Sweety Home စက်ရုံမီးလောင်မှုသတင်းရတာကြောင့် Level 3 အဆင့်ရှိ မီးသတ်ယာဉ်နဲ့လူကယ်ယာဉ် ၈၈ စီးသွားရောက်ကာ တစ်နာရီကျော်ကြာငြိမ်းသတ်ခဲ့ရတယ်လို့ဆိုပါတယ်။
Photo: Myanmar Fire Service Department
#Dailynews

