ရန်ကုန်၊၂၀၂၃မတ်(၁၄)(မော်ကွန်း)
ရှမ်း၊ကယားနယ်စပ် စစ်ရှောင်စခန်းကိုစစ်ကြောင်းထိုး၀င်ရောက်လာတဲ့စစ်ကောင်စီတပ်က ဖမ်းဆီးခံစစ်ရှောင်ပြည်သူသုံးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဖယ်ခုံPDF တပ်ရင်း၂က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
အခုလ ၁၂ ရက်က မိုးဗြဲအရှေ့ဘက်ကမ်းတောင်ပေါ်စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီရဲ့ တပ်မ ၆၆ က ကစစ်ကြောင်းထိုး၀င်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ပြည်သူအချို့ကိုလူသားဒိုင်းအဖြစ်ဖမ်ဆီးကာ အဲ့ထဲကအသက် ၈၁ နှစ်နဲ့အသက် ၇၈ နှစ်အရွယ်သက်ကြီးနှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး ခုနှစ်တန်းကျောင်းသားတစ်ဦးကိုတော့ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။
ဖမ်းဆီးခံစစ်ရှောင်တွေကိုကယ်ဆယ်ဖို့ ဖယ်ခုံPDF တပ်ရင်း၂ ၊KNDF B03 ၊URFပူးပေါင်းအဖွဲ့ နဲ့ စစ်ကောင်စီစစ်ကြောင်းတို့ အဲဒီနေ့မှာပဲ လေးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ကူ၊ တိုက်လေယာဥ်နှစ်စီးသုံးကာတိုက်ခိုက်ခဲ့ပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့၀င်တွေရဲ့ကယ်ထုတ်မှုကြောင့် ဖမ်းဆီခံစစ်ဘေးရှောင်အချို့ပြန်လည်လွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။
အခုလဆန်းကစပြီးကယားပြည်နယ်ကို စစ်ကြောင်းသုံးကြောင်းနဲ့ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ စစ်ရှောင်စခန်းတွေကိုပါစစ်ကြောင်းထိုးတာနဲ့လေကြောင်းကတိုက်ခိုက်တာတွေလုပ်ဆောင်နေတာကြောင့် ဒေသခံတွေဟာဘေးလွတ်ရာစခန်းတွေကို အရေးပေါ်ရွှေ့ပြောင်းမှုတွေလုပ်ဆောင်နေရတာပါ။
အခုလ၁၁ရက်ကလည်း စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့၊ နမ်းနှိမ်ကျေးရွာဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့အရပ်သား ၁၉ ဦးနဲ့ကျောင်းရှိသံဃာသုံးပါးကို အစုအလိုက်အပြုံလိုက်ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ NUGရဲ့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Dailynews

